20 September 2009

Analysis အတွက် အားထားရတဲ့ "SAP"

SAP ဟာ http://www.csiberkeley.com/ က နေ ထုတ်တဲ့ Structural Software တစ်ခု ဖြစ်ပါတယ်..

SAP software ကို 1975 ခုနှစ်လောက်ကတည်းက တည်ထောင်ခဲ့တဲ့ Computer & Structural Inc.(CSI) မှ Structural Engineering အတွက် ရေးသားထုတ်ဝေထားတာ ဖြစ်ပါတယ်..။INTEGRATED ANALYSIS, DESIGN AND DRAFTING OF BUILDING SYSTEMS အတွက် ရည်ရွယ်တဲ့ SAP ကို CSI က မိတ်ဆက်ပေးခဲ့တာ ယနေ့ နှစ်ပေါင်း သုံးဆယ်ကျော် အကြာမှာ Version: 14 ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်..။
SAP2000 မှာ တခြားသော structural software များနှင့် မတူညီသော အချက်ဟာ... ၄င်းဟာ analysis သီးသန့်အတွက်ကို ပိုရည်ရွယ်ထားပါတယ်.. အခြားsoftware များကဲ့သို့ design result ကိုပါ ပေးဖို့ထက်..
သူ့ရဲ့ analysis result accuracy ကို ပို ကောင်းအောင်.. ပို ပြည့်စုံအောင်ကြိုးစားထားတာကို တွေ့နိုင်ပါတယ်..။
အခြားသော structural software များထက် analysis အမျိုးမျိုးကို data အမျိုးမျိုး concept အမျိုးမျိုးနဲ့ ပိုမို ပြည့်စုံအောင် လုပ်ဆောင်နိုင်တဲ့အတွက်... နိုင်ငံ တော်တော်များများရဲ့ main project များမှာ SAP ဟာ မပါမဖြစ် ပါဘဲ...။ အခြား software များနဲ့ ယှဉ်လျှင် SAP ရဲ့ design approach ဟာ ပိုပြီး အသေးစိတ် ကျတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်...။ ထို့အတွက် အသုံးပြုတဲ့ user ရဲ့ structural analysis sense ဟာ အလွန်အရေးကြီးပါတယ်...။

SAP ရဲ့ analysis များကို တစေ့တစောင်း လေ့လာကြည့်ရင်-
1) Step-by-Step Large Deformation Analysis,
2) Multiple P-Delta
3) Eigen and Ritz Analyses
4) Cable Analysis
5) Tension or Compression Only Analysis
6) Buckling Analysis, Blast Analysis
7) Fast Nonlinear Analysis for Dampers
8) Base Isolators and Support Plasticity
9) Energy Methods for Drift Control
10) Segmental Construction Analysis တို့ ပါဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်...

No comments: