18 September 2009

နားလည်မှုနဲ့ တည်ဆောက်တဲ့ ကမ္ဘာ

Civil Engineering ပညာရပ်ကို အနည်းငယ် လေ့လာနေတဲ့သူတစ်ဦးပါ..။ သိတတ်စအရွယ်ကတည်းက မိဘများ ကျေးဇူးကြောင့် ဒီ field ထဲမှာ ရှင်သန်ခွင့်ရခဲ့တာ နောက်ဆုံးအချိန်ထိလည်း ဒီ field ထဲမှာ နေခွင့်ရသွားဖို့ မျှော်လင့်နေမိတယ်...။ ဦးနှောက်ထဲက မှတ်သားထားမိတဲ့ အသိဥာဏ်တစ်ချို့နဲ့ နှလုံးသားထဲက ပညာရပ်တစ်ခုကို ချစ်မြတ်နိုးတဲ့စိတ်ကလွဲရင် ဘာမှလည်း မရှိပါဖူး။ ထူးထူးထွေထွေ ဘာမှလည်း ပိုမသိပါဖူး..။ သိနားလည်မိတဲ့ အတွေးလေးတွေကိုတော့ Positive altitude နဲ့ အားလုံးအတွက် တန်ဖိုးရှိတဲ့ စာတွေသာ မျှဝေလိုပါတယ်။ ကျွန်တော် မပိုင်ဆိုင်တဲ့ ကျွန်တော့် ဆိပ်ကမ်းတစ်နေရာကို လာလည်တဲ့သူတွေအတွက် အတွေး တစ်နေရာမှာ တစ်စုံတစ်ရာ ကျန်ရစ်ခဲ့စေရင်ဖြင့် ဒီ blog လေး ဖန်ဆင်းရကျိုးနပ်ပါပြီ။ ဒီဆိပ်ကမ်း တစ်နေရာမှာ နိုင်ငံရေး နဲ့ ဆိုင်သော အကြောင်းအရာများ၊တစ်စုံတစ်ဦးကို ထိခိုက်စေသော အကြောင်းအရာများ၊ ပုဂ္ဂိုလ်ရေးကို ထိခိုက်စေသော အကြောင်းအရာများမှ ကင်းလွတ်သော နေရာလေး ဖြစ်ဖို့တော့ မျှော်လင့်မိပါတယ်...။

By sharing the knowledge of others, we improve it.
By sharing the joy of others, we increase it.
By sharing the woe of others, we diminish it.".....

တစ်နည်းအားဖြင့်...

"It is me!"

အတွေးတွေကို
စကားလုံး မှားမိရုံ။
ဆိပ်ကမ်း တစ်ထောက် နားမိရုံ။
မှတ်တမ်း မပျောက်အောင် ထားမိရုံ။
ဒါကိုက
JohnMoeEain.com
သို့မဟုတ်
ကျွန်တာ် ပိုင်ဆိုင်တဲ့
အတွေး ကဖေး တေးရီးယားလေး
ဖြစ်မယ်...။

ချစ်ခင်စွာ
-ဂျွန်မိုးအိမ်-

No comments: