27 September 2009

ဆိပ်ကမ်းတွေ မှားမကပ်မိဖို့ လမ်းတွေကို ရွေးရဥိးမယ်.....

တကယ်တော့.....
ဘ၀ လမ်းတွေက စ ကတည်းက အလွဲလွဲ အမှားမှားလို့ပဲ ဆိုရမလား..........
အမေ့ ၀မ်းက ထွက်ကတည်းက ခုချိန်ထိ.. ကိုယ့်ကိုကိုယ် ဘာလဲ ဘယ်လဲ ဆန်းစစ်ခဲ့မိတာ....
ခုချိန်အထိ အဖြေက ၀ိုးတ၀ါး......ပါပဲ........
နောက်ဆုံးတော့လည်း ကံအကြောင်းတည့်တော့ ဘွဲ့လေး တစ်ဘွဲ့ ရလိုက်တယ်..
ရတဲ့ ဘွဲ့လေးကလည်း ကိုယ် စိတ်ဝင်စားလို့ ရွေးခဲ့ရတဲ့ လမ်းလေးဆိုတော့
ဒီလမ်းလေးကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ခဲ့တယ်...
ဟိုကွေ့မှာ ဟိုတက်နဲ့လှော်... ဒီကွေ့မှာ ဒီ တပ်နဲ့လှော်....
ရေစုန်တွေကို.. အထောက်အပံ့တွေနဲ့ အဆင်ပြေသလို စီးလိုက်...
ရေဆန်တွေကို.... အားမတန်လည်း မာန်မလျော့ပဲ... အားတင်းပြီးကူးလိုက်...
ဘ၀က နေတတ်ရင် နေပျော်ပါတယ်....
ကိုယ် ဖြစ်ချင်တဲ့ အိပ်မက်တွေ.. လက်တွေ့အကောင်အထည် ဖော်ချင်တဲ့စိတ်ကလေးကတော့
ကိုယ့်ကိုကိုယ် မနေတတ်အောင် အမြဲ ချည်နှောင်ထားလေရဲ့.............။

မျှော်လင့်ချက်တွေအပေါ်မှာမှ မျှော်လင့်ချက် ထားခိုင်းထားတဲ့ ဘ၀ကြီးမှာ...
ကိုယ် ဘာကို မျှော်လင့်ထားသလဲဆိုတာက ပို အရေးကြီးပါတယ်....
မှန်ကန်တဲ့အမြင် မှန်ကန်တဲ့အတွေးအပေါ် အခြေခံပြီး လက်တွေ့ အကောင်အထည် ဖေါ်နိုင်တဲ့ အရာကို
မျှော်မှန်းရင် အရာရာကို တစ်နေ့နေ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့ဖူးတယ်...
တကယ်တမ်းမှာတော့ ကိုယ်က အမှန်တကယ် ဘာကို မျှော်မှန်းထားပါသလဲလို့
သေသေချာချာ ဆန်းစစ်ကြည့်တော့ မျှော်လင့်ချက်တွေက ၀ိုးတ၀ါး နိုင်လာတယ်...
တစ်ဖက်မှာ လက်တွေ့မကျမှုတွေ... မရေရာတဲ့ အိပ်မက်တွေနဲ့
ဆိပ်ကမ်းကို မှားကပ်မိမှာလည်း သိပ်ကြောက်မိပါတယ်......။

ဘ၀ဆိုတာက လမ်းလေး ခဏမှားလို့ မြေပုံအညွန်း မှန်အောင် ပြန်ကြည့်ရုံနဲ့
ချက်ချင်း လမ်းမှန် ပြန်ရောက်သွားတာမှ မဟုတ်ဘဲလေနော်....
တစ်ခါတုန်းက ဘောဂဗေဒမှာ ဆရာမက သင်ခဲ့ဖူးတာကို အမြဲ ပြန်အမှတ်ရမိတယ်...
ကုန်စည်တစ်ခုအတွက် ၀ယ်လိုအားဆိုတာက လူတွေရဲ့ အကြိုက်နဲ့ အချိန်အခါအလိုက် အမြဲ ပြောင်းလဲတယ်တဲ့.....
ကလေး အတွေး တစ်ခုမှာတော့ ကိုယ့် နှစ်သက်မှု တစ်ခုဟာ ဘယ်ခါမှ မပြောင်းဖူးပေါ့လေ...
မေ့လျော့နေတဲ့ အချိန်အခါကပဲ ဘ၀ကို သင်ကြားခဲ့တာပဲလား ........
ငယ်ငယ်တုန်းက စိတ်ကူးတွေက ကြီးလာရင် အသွင်ပြောင်းလဲလာတတ်လာတယ်ဆိုတာ
လက်တွေ့မှာ ငယ်ငယ်တုန်းက တွေးသလို မထူးဆန်းပါဖူး....။

မျှော်လင့်ချက်တွေကို တဖြည်းဖြည်း အကောင်အထည်ဖော် တည်ဆောက်လာခဲ့တဲ့ လမ်းခရိး တစ်ခုမှာ..
မကြာခဏ တွေးတတ်တာက ကိုယ့် မျှော်လင့်ချက်တွေက ကိုယ့်အတွက် စစ်မှန်ပါရဲ့လားဆိုတာပါ....
လက်မခံဖူးလို့ တွေးထားတဲ့အတွေးအခေါ်တွေဟာ အချိန်ကာလ တစ်ခုမှာ
ကိုယ်တိုင် ကိုယ်နှိုက်ကပင် လက်ခံပါတယ်လို့
ပြောင်းလဲတတ်လာတာဟာ ဘောဂဗေဒ သဘောတရားနဲ့ ဆိုင်ပါသလား...
အချိန်ကာလ တစ်ခုအပေါ်မှာ တိုက်ဆိုင်တဲ့ အကြောင်းအရာတွေက
လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ မျှော်လင့်ချက်တွေကို အသွင်ပြောင်းစေတတ်တာလား....။

မကြာခဏတွေးပါတယ်......
ကိုယ် လျှောက်ခဲ့တဲ့ ဘ၀လမ်း......... ရှေ့မှာ လမ်းခွဲတွေ အများကြီးပါ.....
ဘယ်လမ်းက ထွက်ထွက် တစ်နေ့ ပန်းတိုင်တော့ ရောက်မှာပါ...
ဒါပေမယ့်လည်း ကိုယ်ထွက်တဲ့လမ်းကို လမ်းမှန်စေချင်တာက လူပီပီသသနဲ့ကို လောဘကြိးမိတာပါ....
ဘ၀ဆိုတဲ့လမ်းခရီးမှာ ပန်းတိုင်ကို ရောက်ဖို့ဆိုတာက ညွန်းဆိုတဲ့ မြေပုံညွန်းတွေ မှန်ဖို့ လိုသလို...
သွားလိုတဲ့ခရီးကို ရောက်ဖို့ အခြေအနေ အချိန်အခါ စွမ်းရည်တွေနဲ့.. စိတ်ဓါတ်တွေက မဖြစ်မနေကို လိုအပ်နေတယ်လေ.....
ဘ၀မှာ အရေးအကြီးဆုံးကတော့ စိတ်ဓါတ် တစ်ခုလို့ပဲ ယုံကြည်ထားခဲ့ပေမယ့်
ကိုယ့် စိတ်ကို ကိုယ် ဝေခွဲမရတဲ့အခါမှာ ဘ၀ကို စိုးရွံ့လာတယ်......။

ဒါပေမယ့်.....
ကိုယ့် စိတ် နှလုံးသားရဲ့ ကွန်းခိုရာ..
ကိုယ့်ဥိးနှောက်ရဲ့ လုပ်ဆောင်နိုင်မှုတွေအပေါ်မှာ ချင့်ချိန်ပြီး..
မရေရာ မသေချာတဲ့ လောကကြီးအပေါ်မှာ
ရေရာသေချာတဲ့ လမ်းကြောင်း တစ်ခုနဲ့ လျှောက်လှမ်းရဥိးမယ်....
ဝိုးတ၀ါးအိပ်မက် မဟုတ်ပေမယ့် မျှော်လင့်ချက်တွေ ခိုင်ခိုင်ထားလို့..
ဆိပ်ကမ်းတွေ မှားမကပ်မိဖို့ လမ်းတွေကို ရွေးရဥိးမယ်.....

ဆိပ်ကမ်းတွေ မှားမကပ်မိဖို့ လမ်းတွေကို ရွေးရဥိးမယ်.....
ဆိပ်ကမ်းတွေ မှားမကပ်မိဖို့ လမ်းတွေကို ရွေးရဥိးမယ်.....
ဆိပ်ကမ်းတွေ မှားမကပ်မိဖို့ လမ်းတွေကို ရွေးရဥိးမယ်.....

(ဒီနေ့ ဘုန်းကြီးကျောင်း တစ်ခုကို အသွားမှာ လမ်းမှားပြီး လမ်းပျောက်တဲ့အကြောင်း ကို MMO ကို ပြောပြဖြစ်တော့ အစ်ကိုပေးတဲ့ အတွေးတစ်ခုအပေါ်မှာ လက်တွေ့ စဉ်းစားနေတဲ့အတွေးနဲ့ ယှဉ်တွေးရင်း..
ဒီစာလေး ရေးဖြစ်ခဲ့တာပါ.....)


No comments: