23 September 2009

အိမ်ကို သတိရတဲ့ အခါ........

အိမ်ကို သတိရတဲ့ အခါ........
ပထမဦးဆုံး အဆင်ပြေကြရဲ့လားလို့...
အင်း....
အားလုံး... နေကောင်းကြရဲ့လား....Huh
ဒီ ချိန်ဆို ...
အမေကတော့ ဘုရား ရှိခိုးနေမလား???
မြို့ ကလေး ကျဉ်းကျဉ်းလေးကနေ...
ကိုယ့်အတွက် အတွေးတွေ ကျယ်ကျယ်ပြန့်ပြန့်တွေးရင်း
ကိုယ့်အတွက် ဆုတောင်းနေမှာ သေချာတယ်....
အဖေကရော ဘာလုပ်နေမလဲ???
ညီမလေးတွေကရော.......Huh
နောက်....
ဒီနေ့ ဘာအစီအစဉ် ရှိကြပါလိမ့်???
အင်း... ဘာ ဟင်းများ ချက်စားကြမလဲ မသိဖူး....
သြော်.... ကိုယ့် ကြိုက်တဲ့ ဟင်းကို ချက်ရင်း ကိုယ့်ကို သတိရနေပြန်ရော့မယ်...
ည.. ည.... တံခါးတွေ သေချာ ပိတ်ရဲ့လား???
ရာသီဥတု အပြောင်းအလဲများ ဖြစ်နေလား???
ကျန်းမာရေး ဂရုစိုက်ကြမှာပါ...
အင်း.. ကိုယ်လည်း ဂရုစိုက်ရမှာပဲ.....
မဟုတ်ရင်... အမေ... စိတ်ပူနေရော့မယ်....
အင်း.........
တစ်မိုးသစ်ပြီ။
အိမ် ပြန်ရမယ့်နေ့
ဘယ်နေ့ ရောက်လာမလဲ???
ကိုယ် ပိုင်ဆိုင်တဲ့ နေ့သစ်များ
ကိုယ် မပိုင်ဆိုင်တဲ့ နေ့သစ်များ....ရယ်
တစ်နေ့နေ့
အိမ် ပြန်ရမှာပါ......။

No comments: