19 September 2009

ကံစမ်းမဲ


ကံစမ်းမဲ

***တံခါးလေး တစ်ချပ် ဖွင့်လိုက်ရုံ
ရွေးချယ်စရာတွေက တောင်ပုံရာပုံ.........။
*
**အာမခံ သက်တမ်း ဘယ် နှစ်, နှစ် ပေးပါသလဲ

ဘယ်အရာတွေကို ပိုင်ဆိုင်ခွင့်ရပြီး

ဘယ်အရာတွေကို စတေးရမှာပါလဲ..........။

***ခံစားချက် လောင်စာတွေ ပြာချလိုက်ပါ

model ခပ်မြင့်မြင့်ဘ၀မှာတော့

အရာရာကို update လုပ်ဖို့ လွယ်ကူမှာပါ

နောက်ဆုံးပေါ် virus တစ်ချို့တော့

ရောကောသောကော ပါဝင်မယ်

ဒါဟာ.... speed ခပ်များများ
သိပ်သည်းမှုတွေကောင်းတဲ့

တန်ဖိုးမြင့် နေထိုင်မှု အတတ်ပညာ.............။

*** အစဉ်အလာ အနံ့အသက့်တစ်ချို့

ဝေ့သီနေတဲ့ လမ်းအိုဟောင်းလေးတစ်ခု

ခေါက်ရိုးကျိုး ဒီခရီးဟာ

''တစ်" နဲ့ "နှစ်" ပေါင်းတိုင်း
"သုံး" ရကြောင်း သက်သေ ပြစရာ မလိုဖူး

ကုထုံးသစ်တွေလည်း ဂရုစိုက်စရာ မလိုဖူး
ရိုးအီရေ တစ်ခွက်သောက်ရုံနဲ့
ရှင်သန်နိုင်တဲ့ ဘ၀ကမ္ဘာ..............။

*** တံခါးလေးတစ်ချပ်ရဲ့

ဟို ဒီ တစ်ဘက်စီမှာ

ဘယ်ဟာက လောက နိဗ္ဗာန်လဲ?

ဘယ်ဟာက စစ်မှန်တဲ့ သုခဘုံလဲ?

*** ကဲ!!!!!

တံခါးလေးတစ်ချပ် ဖွင့်လိုက်ရုံ

ရွေးချယ်စရာတွေက တောင်ပုံရာပုံ.................။

(August'2008)


(တစ်ခါ.. တစ်ခါ. ပြန်.. ပြန်တွေးမိတယ်...
ဘာလို့.. ဒီ တံခါးကို ဖွင့်ပြီး ဒီလမ်းကိုလျှောက်ခဲ့မိပါသလဲလို့...)

No comments: