23 September 2009

အိမ် အလွမ်း


အိမ် အလွမ်း

နာရီသံ တစ်ချက်ချက်နဲ့
သန်းခေါင်လည်း နက်ခဲ့ပြီ
ဒီလိုပဲ..........
တစ်မိုးသောက်ပြန်ဦးမယ်။

မနေ့ကလိုပဲ မိုးမလင်းခင်ထ
မနေ့ကလိုပဲ readymade တွေစား
မနေ့ကလိုပဲ စက်ရုပ် တစ်ရုပ်လိုသွား
ဘ၀က robotic ဆန်တယ်။

တစ်နေ့ တစ်နေ့
သင်ယူစရာ၊ လေ့လာစရာ၊ လုပ်ဆောင်စရာ
what and why and how to solve?
ကိုယ်ရွေးချယ်ထားတဲ့ ဘ၀ဆိုပေမယ့်
ဘ၀က ကိုယ့်ကို ပြန်ရွေးချယ်တယ်။

..................................
........................................
အရိုးကို စွဲထားတဲ့ စကားများ
ရင်ထဲမှာ စိုက်ထားတဲ့ ဓါးများ
ကိုယ့်ကိုယ်ကို အားတင်းပြီး ကြိုးစားလိုက်ရတာ
ဘ၀မှာ လူလိမ္မာ လုပ်ရတာ ပိုခက်တယ်
အဖေ........
ကမ္ဘာကြီးက ကျယ်တယ်
ကျွန်တော်က ကျဉ်းတယ်....။

နေကောင်းပါတယ်
အစာမှန်မှန် စားပါတယ်
အိပ်ရေးဝအောင် အိပ်ပါတယ်
အသွားအလာ ဂရုပြုပါ့မယ်
ဘာမှ စိတ်မပူပါနဲ့.....
...............
အမေ့အတွက်
repeat တွေ က ထပ်နေခဲ့ပြီလား
နေ့သစ်တွေက ဆက်ရဦးမယ်။

နာရီသံ တစ်ချက်ချက်နဲ့
သန်းခေါင်လည်း နက်ခဲ့ပြီ
အိမ်အလွမ်းများကတော့
အဆုံးမရှိ infinity..........။


ဂျွန်မိုးအိမ်

No comments: