19 September 2009

အယောင်ဆောင် ကဗျာ


အယောင်ဆောင် ကဗျာ

မွန်းကြပ်မှုကို ဖြေလျော့ချင်တိုင်း
ဒိကဗျာတွေကို ငါရေးခဲ့တယ်
ပျော်ရွှင်မှုကို ဝေမျှချင်တိုင်း
ဒီကဗျာတွေ ငါရေးခဲ့တယ်
ဝမ်းနည်းစရာတွေ ကွယ်ဝှက်ချင်တိုင်း
ဒီကဗျာတွေ ငါရေးခဲ့တယ်
ဆန္ဒတွေကို ပေါက်ကွဲချင်တိုင်း
ဒိကဗျာတွေ ငါရေးခဲ့တယ်
ကဗျာအကြောင်း နကန်းတစ်လုံးမှ နားမလည်ဘဲ
ဒီကဗျာတွေ ငါရေးခဲ့တယ်
ဒါကြောင့်
ဘာရယ်မှ မဟုတ်ဘဲ
အခုကဗျာကိုလည်း ငါရေးတယ်
ခေါင်းစဉ်ကိုက
အယောင်ဆောင် ကဗျာ ဖြစ်တယ်....

No comments: