19 September 2009

ခရမ်းပြာ ရက်စွဲ


ခရမ်းပြာ ရက်စွဲ


ဂျူလိုင် ကောင်းကင်ရဲ့
တောက်ပတဲ့ အလင်းတန်းအောက်

သက်တန့် အရိပ်နဲ့ ထီးမိုးခံထားတဲံ လမ်းကလေး

မနေ့က သာတဲ့ နေ

မနေ့က ရွာတဲ့ မိုး

(အရာရာဟာ)

ပြက္ခဒိန် အဟောင်းကို

တခမ်းတနား ထုဆစ်နေတယ်

အတိတ်နေ့ကို
ညီမျှခြင်း ထိုးလိုက်ရင်
ပင်လယ်ရဲ့ မာယာကို
မသိတဲ့ လမ်းကလေးရယ်...........
မင်း.......
အိနြေ္ဒ ရလွန်းတယ်။
(တစ်ချိန်က နေ့ရက်များ ဆီသို့)

No comments: