20 September 2009

concrete floor and foundation systems အတွက် အားထားရတဲ့ "SAFE"

SAFE ဟာ http://www.csiberkeley.com/ က နေ ထုတ်တဲ့ Structural Software တစ်ခု ဖြစ်ပါတယ်..

SAFE software ကို 1975 ခုနှစ်လောက်ကတည်းက တည်ထောင်ခဲ့တဲ့ Computer & Structural Inc.(CSI) မှ Structural Engineering အတွက် ရေးသားထုတ်ဝေထားတာ ဖြစ်ပါတယ်..။ DESIGN OF SLABS, BEAMS AND FOUNDATIONS REINFORCED AND POST-TENSIONED CONCRETE အတွက် ရည်ရွယ်တဲ့ SAFE ကို CSI က မိတ်ဆက်ပေးခဲ့တာ ယနေ့ Version: 12 ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်..။

SAFE ဟာ concrete floor များနဲ့ foundation systems များအတွက် analysis & design လုပ်ဖို့ အသုံးပြုတဲ့ software တစ်ခု ဖြစ်ပါတယ်...။
Soil & Foundation design များအတွက် Plaxis software ကို အများဆုံး အသုံးပြုကြပေမယ့် SAFE ဟာ ETABS user များအတွက်တော့ အသည်းစွဲ software တစ်ခုပါပဲ..
လိုအပ်တဲ့ input data များကို ETABS နှင့် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်.. ထို့အတွက် modelling သီးသန့် လုပ်စရာမလိုဘဲ သေချာတိကျတဲ့ input data များကို လွယ်လင့်တကူ အသုံးပြုနိုင်ပါတယ်..။ ဒါ့အပြင် CAD, spreadsheet များနှင့် database programs များမှလည်း Input Data များ သွင်းနိုင်ပါတယ်..။ Slabs သို့မဟုတ် foundations type ဟာ မည်သည့် shape ပင်ဖြစ်ပါစေ design လုပ်နိုင်အောင် ရေးသားထားတဲ့ SAFE ဟာ beam နဲ့ slab များရဲ့ self-weight ကို ချိန်ညှိဖို့ လိုအပ်တဲ့ post-tensioning လည်း စဉ်းစားပေးထားပါတယ်..။ Flat, two-way, waffle နဲ့ ribbed framing systems များ ပါဝင်တဲ့ Suspended slabs design ကိုလည်း SAFE မှ လုပ်ဆောင်ပေးနိုင်ပါတယ်..
Input data ကို user မှ manual သွင်းလိုလျှင် လိုအပ်တဲ့ columns, braces, walls နဲ့ ramp များကို ထည့်သွင်းရေးဆွဲပေးရမှာ ဖြစ်ပါတယ်..။

soil spring ကြောင့် Mats နဲ့ foundations များမှာ nonlinear uplift များ ခံစားရမှာ ဖြစ်တဲ့အတွက် SAFE ဟာ nonlinear cracked analysis ကို အသုံးပြုနိုင်အောင် ရေးဆွဲပေးထားပါတယ်..။ လိုအပ်တဲ့ pattern load များကို auto လု့ပ်ဆောင်ပေးနိုင်တဲ့အတွက် user များအနေနဲ့ လျှင်မြန်စွာ design လုပ်ဆောင်နိုင်ပါတယ်..။ တစ်ခါ တစ်ရံ designer များဟာ hand calculation ကို အားထားပြီး spread sheet များ ရေးသားကာ Slab design များ တွက်ယူလေ့ ရှိပါတယ်.. သို့သော် designer များအနေနဲ့ stiffness အပိုင်းကိုတော့ manual တွက်ယူဖို့ရာ ခက်ခဲလွန်းပါတယ်... ဒီနေရာမှာ SAFE ဟာ Finite element method ကို အသုံးပြုထားတဲ့အတွက် hand calculation များနဲ့ တွက်ချက်တဲ့ design paper များနဲ့ နှိုင်းယှဉ်လိုက်လျှင် ပိုပြီး တိကျ သေချာတဲ့ design result များကို ပေးဆောင်နိုင်တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်..။

No comments: