19 September 2009

Welcome 2009

Welcome 2009
တစ်နှစ်
သစ်ခဲ့ပြီ။

ကျွန်တော်
ဘာတွေ ပြောင်းလဲ ခဲ့ကြပါသလဲ
ဘာတွေ ပြောင်းလဲကြဦးမှာလဲ
ကျွန်တော့်ကို
ဘာတွေက ပြောင်းလဲ စေခဲ့လဲ
ဘာတွေကို ပြောင်းလဲ ခိုင်းဦးမှာလဲ။

မနှစ်ကနဲ့ ဒီနှစ်
အတွေးတွေ ပြောင်းလဲ ခဲ့သလို
ဘ၀တွေလည်း ပြောင်းလဲခဲ့
ခံယူချက်တွေ ပြောင်းလဲခဲ့ကြသလို
ယုံကြည်ချက်တွေလည်း ပြောင်းလဲခဲ့။

ရှေ့မှာ
ကမ်းလင့်ကြိုနေတဲ့ အနာဂတ်လမ်းများ
ဆန်းစစ်ဖို့လိုနေတဲ့ ဖြတ်သန်းခဲ့ လမ်းများ
အဆုံးမရှိ လျှောက်လှမ်းရဦးမယ့်
မိုင်ထောင်ချီ ခရီးများ။

ကဲ!!!
နှစ်ဟောင်းတစ်ခုကို
ကန့်လန့်ကာ ချ
နှစ်သစ် တံခါးကို ဖွင့်
ရင်ခုန်သံ စကားကို နားစွင့်
ဦးနှောက်နဲ့ အရာရာကို ချင့်
စေညွှန်ရာ ရေရာမှု မရှိတဲ့ လောကကြီးမှာ
ခိုင်မာ သေချာတဲ့ ယုံကြည်ချက်ကို စွဲကိုင်ပြီး
မျှော်လင့်ချက်ကိုယ်စီနဲ့
ပန်းတိုင်ကို မျှောလွင့်ရဦးမယ်။

နောင်တစ်နှစ်
ခု ရပ်နေတဲ့ မှတ်တိုင်ကို
အမှတ်တရကောင်းများနဲ့
ပြတိုက်ဟောင်းတစ်ခုလို
အတူတကွ ပြန်ကြည့်ချင်သေးတယ်။



[စကားချပ်။ ။

ရေးခဲ့တာ ကြာခဲ့ပါပြီ...။ 2009 ခုနှစ်ကို ကြိုဖို့ 2008 ဒီဇင်ဘာမှာ ရေးခဲ့တာ ထင်တယ်...။ ပထမဦးဆုံး new year ဆိုတာကို တစ်ယောက်ထဲ ဖြတ်သန်းဖူးတဲ့ နှစ်ဖြစ်မလားပဲ...။ အဲ့ဒီတုန်းက ပတ်ဝန်းကျင်ကလည်း အမှောင်... စိတ် အတွေးတွေကလည်း အမှောင်...။ ဒီနေ့ ဒီအချိန်မှာ ဒီ ကဗျာ ပြန်ဖတ်မိတော့ ဖြစ်ချင်တာတွေ ဖြစ်မလာသေးပေမယ့် မဖြစ်ချင်တာတစ်ချို့ကနေ ကျော်လွှားနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်ပါတယ်..။

2 Jan 2009 ]

No comments: