15 October 2009

After 2 months in Lion City

သြော်...
ဇာတိမြေနဲ့ ရေခြား မြေခြားမှာ နေထိုင်ခဲ့တာ ၂ လ ပြည့်တဲ့နေ့ ကို ရောက်ခဲ့ပြီလား....။
အစဉ်အမြဲ တွေးလေ့ရှိတော့လည်း ကြာတော့ လူက အကျင့်ပါလာတယ်လို့ ပြောရမလား....
ကိုယ့် ကိုယ်ကို ပြန် သုံးသပ်ကြည့်တော့ လုပ်ရမှာတွေ တော်တော်လိုသေးတာကို တွေ့တွေ့လာရတယ်....

အိပ်မက် ဆိပ်ကမ်း တဲ့...
ဆိပ်ကမ်းကို ရောက်ဖို့ထက် ဘယ် ခရီးကို ဘယ် တက်နဲ့ လှော်မယ်... ဘယ် ဆိပ်ကမ်းဆီကို သွားမယ် ဆိုတာ ဝေခွဲနေဆဲပါပဲ...

ဟိုးတုန်းက...
အဆုံးအစမဲ့ အမြင့်ကြီးကို မှန်းဆခဲ့ဖူးတယ်...
အဆုံးအစမဲ့ အောက်ဆုံးကို မှန်းကြောက်ခဲ့ဖူးတယ်..
အဆုံးအစမဲ့ အဝေးကြီးကို တမ်းတခဲ့ဖူးတယ်...
အဆုံးအစမဲ့ အရာရာကို လုပ်နိုင်မယ် ထင်ခဲ့တယ်...
အဆုံးအစမဲ့ တစ်နေရာဟာ ကိုယ် ရပ်နားမယ့် နေရာလို့ ထင်ခဲ့တယ်...


ခုတော့.....
ကိုယ် မပိုင်သေးတဲ့ ကိုယ့် တစ်နေရာစာအတွက် မှတ်တမ်းတစ်ခုပဲ ရေးဖြစ်သေးတယ်....

No comments: