14 October 2009

Applied Metallurgry of Steel

Applied Metallurgry of Steel_1

Steel material တွေရဲ့ အသုံးဝင်မှုဟာ သူ့ရဲ့ matal ဖွဲ့စည်းမှုအပေါ်မှာ အဓိက မူတည်နေပါတယ်။ material များ ကို သူတို့ရဲ့ ခံနိုင်တဲ့ strength နဲ့ သူတို့ရဲ့ weight ကို နှိုင်းယှဉ်လိုက်ရင် steel material များဟာ weight နည်းနည်းနဲ့ stength ကောင်းကောင်းကို ရရှိပါတယ်..။ တစ်နည်းအားဖြင့် stength-to-weight ratio သိပ်ကောင်းတဲ့ material ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်...။ Steel material တွေရဲ့ yield strength ဟာ ပုံမှန်အားဖြင့် minimum 250 N/mm2 ကနေ 2000 N/mm2 ထိကို ရှိတတ်ပါတယ်..။ တစ်နည်းအားဖြင့် 24 ksi ကနေ 100 ksi သို့မဟုတ် 170 MPa ကနေ 690 MPa ထိ ရှိတာပါ...။ ဒါပေမယ့် လက်တွေ့လုပ်ငန်းခွင်မှာ Stength နဲ့ Section Size များကို ချိန်ညှိပေးဖို့တော့ လိုပါလိမ့်မယ်..။ Stength သိပ်ကောင်းတဲ့ material ဖြစ်တော့ section size နဲ့ weight လျော့သွားတာတွေဟာ structural ရှုထောင့်မှာ လိုအပ်မှုတွေ ပိုရှိကောင်းရှိလာမှာ ဖြစ်ပါတယ်..။ အထူးသဖြင့် steel တွေဟာ ductility လို့ခေါ်တဲ့ ပြင်းတွဲ့စွာနဲ့ stress ကို ဆက်လက်ခုခံနိုင်တဲ့အားဟာ သူ့ရဲ့ yield limit ကို ကျော်ပြီး plastic deformation စတင်ခဲ့ရင်လည်း ခံနိုင်ရည် ကောင်းနေဖို့ လိုအပ်ပါတယ်..။

Steel material တွေရဲ့ mechanical properties ဖွဲ့စည်းပုံဟာ chemical composition, heat treatment နဲ့ manufacturing process မှာ မူတည်နေပါတယ်..။ Steel မှာ iron က အဓိက ပါဝင်နေပြီး အခြား အခြားသော element များက steel ရဲ့ properties ကို effect ဖြစ်အောင် တစ်နည်းတစ်ဖုံ ထောက်ပံ့ပေးပါတယ်..။ iron ကို ဓါတ်ပေါင်းလာတဲ့ အခြား element များဟာ steel ကို manufacturing လုပ်တဲ့ (rolling, heat treatment နဲ့ cooling) process တစ်လျှောက်လုံးမှာ steel ရဲ့ strength ကောင်းအောင် အမျိုးမျိုး respond လုပ်ပေးပါတယ်..။

Steel Material များမှာ အထူး သတိထားသင့်တဲ့ အချက်ကတော့ Corrosion ဖြစ်ပေါ်လာနိုင်မှုနဲ့ Fire Resistance ပါ..။ Corrosion ဖြစ်လာမှုကြောင့် Steel ရဲ့ Chemical composition ဟာ ပြောင်းလဲပြီး တစ်ဖက်မှာ Strength ကျလာနိုင်ပါတယ်..။ ထို့အတူပဲ temperature ဟာ 300' C ထက်ကို ကျော်လာခဲ့ရင်လည်း Strength လျော့လာနိုင်ပါတယ်..။ temperature ဟာ 98'C (200'F) ထက်ကို ကျော်လာခဲ့ရင် သူရဲ့ Stress-strain curve ဟာ စတင်ပြီး non-linear ဖြစ်လာပါတယ်..။ တစ်ဖက်မှာလည်း temperature တိုးလာမှုကြောင့် steel ရဲ့ modulus of elasticity (Es= 29000 ksi), Yield Strength နဲ့ Tensile Strength များဟာ ကျလာပါတယ်..။ temperature ဟာ 430'C to 540'C ( 800'F to 1000' F) အထိ ရောက်လာတဲ့အခါမှာ သူရဲ့ strength ဟာ အလွန်အမင်းကိုလျော့ကျလာမှာ ဖြစ်ပြီး steel ဟာ concrete လို ဖြစ်လာကာ creep ဖြစ်သွားမှာ ဖြစ်ပါတယ်..။


Applied Metallurgry of Steel_2

Steel Structure Design ကို စဉ်းစားတဲ့အခါမှာ အဓိကအားဖြင့် သူတို့ရဲ့ strength ကို စဉ်းစားပေးရတဲ့အခါ strength ရဲ့ရင်းမြစ် ဖြစ်တဲ့ materail properties ကို သိရမှာ ဖြစ်ပါတယ်..။ Steel ရဲ့ material properties ဟာ သူ့ရဲ့chemical compositon နဲ့ heat treatment အပေါ်မှာ အဓိက မူတည်နေပါတယ်..။

Steel ဟာ အခြေခံအားဖြင့် iron များနဲ့ ဖွဲ့စည်းထားပြီး ၄င်းအပေါ်မှာ carbon ကို ထပ်ပေါင်းထည့်ပါတယ်...။ carbon ကို ထပ်ပေါင်းထည့်ခြင်းအားဖြင့် steel ရဲ့ strength ဟာ တိုးလာပါတယ်.. တစ်ဖက်မှာတော့ သူရဲ့ ductility ဖြစ်မှုဟာ လျော့ကျသွားပါတယ်..။ ဒီလို ductility လျော့ကျသွားခြင်းအတွက် carbon % များတဲ့ high carbon steel များမှာ heat treatment ဟာ ပိုပြီး အရေးကြီးလာပါတယ်..။ Steel မှာ ပါဝင်တဲ့ carbon ပမာဏများဟာ Carbon steel (<0.15%),>

(ဒီနေရာမှာ တစ်ခု သတိထားသင့်တာကတော့ steel များဟာ weathering အခြေအနေကို လက်ခံနေရချိန်မှာ Stength မကျသွားအောင် ဂရုပြုပေးဖို့ပဲ ဖြစ်ပါတယ်...။ steel ရဲ့ အပေါ်ယံ surface မှာ စက်ရုံက ထုတ်စဉ်မှာကပင် Cromium Oxide ဟာ အလွှာပါး တစ်ခုအနေနဲ့ Steel ကို protect လုပ်ပေးထားပါတယ်...။ လက်တွေ့ လုပ်ငန်းခွင်မှာ steel ကို cutting လုပ်တဲ့အခါမှာ cutting face ကို corrosion resistance အတွက် အထူး ဂရုပြုပေးသင့်ပါတယ်..။ )

Steel ရဲ့ Strength ဟာ သူ့မှာ ပါဝင်နေတတ်တဲ့ chemical တွေမှာသာ မဟုတ်ပါပဲ non-metallice inclusions လို့ခေါ်တဲ့ strength ကို လျော့ကျသွားစေတဲ့ non-metal များ ပါဝင်နေမှုမှာလည်း မူတည်နေတတ်ပါတယ်.... Steel မှာ sulphur နဲ့ phosphorus ကဲ့သို့ impurities များပါဝင်လာတဲ့အခါမှာ သူရဲ့ resistance level ဟာ လျော့ကျသွားပြီး cracking problem များလည်း ဖြစ်လာတတ်ပါတယ်..။


Applied Metallurgry of Steel_3

Steel များ ရဲ့ Strength ဟာ လက်တွေ့မှာ မိမိ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာခြင်း ရှိ မရှိ ဆိုတာဟာ သူရဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ အနာအစင် ကင်းစင်မှု၊ process ပြည့်စုံ မှန်ကန်မှုနဲ့ သန့်စင်မှုများမှာ မူတည်နေတတ်ပါတယ်... လက်တွေ့မှာ မျှော်မှန်းထားသည့်အခြေအနေကို ရရှိခြင်း ရှိမရှိဆိုတာဟာ မသေချာ မရေရာခြင်းအတွက် လက်တွေ့ ဒီဇိုင်း တွက်ယူတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ material ဖက်ကနေ safty factor များ ရယူရတာဖြစ်ပါတယ်...။ ဒီနေရာမှာ steel ရဲ့ manufacturing process တစ်လျှောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို အနည်းငယ် တီးခေါက် သိရှိထားသင့်ပါတယ်...။ ဒါမှသာ ဒီဇိုင်းတစ်ခုကို စဉ်းစားတဲ့အခါမှာ ဆောင်ရန် ရှောင်ရန်တွေကို သိရှိမှာ ဖြစ်ပါတယ်...။

အထူးသဖြင့် temperature & shrinkage ကြောင့် steel ဟာ fine shrinkage crack များ ဖြစ်လာတတ်တာကို အထူး သတိထားရမှာ ဖြစ်ပါတယ်..။ ဒီကနေ တဆင့် Tearing ဖြစ်လာမှုများ မရှိအောင် သတိထားသင့်ပါတယ်..။ ဒါ့အပြင် porosity သို့မဟုတ် gaseous inclusion များ တတ်နိုင်သမျှ လျော့နည်းတာမျိုးပဲ ဖြစ်သင့်ပါတယ်...။ Porosity ဆိုတာကတော့ ထုထည်တစ်ခုရဲ့မှာ ရှိနေတဲ့ void နဲ့ ထုထည်ရဲ့ အချိုးပဲ ဖြစ်ပါတယ်....။ ဒီနေရာမှာ material toughness ဆိုတဲ့ steel ရဲ့ ဂုဏ်သတ္တိ တစ်ခုကိုလည်း ဂရုပြုပေးသင့်ပါတယ်...။ material toughness ဆိုတာကတော့ steel ရဲ့ ပြင်းတွဲ ဆွဲကပ်နိုင်စွမ်းရှိတဲ့ ဂုဏ်သတ္တိတစ်ခု ဖြစ်ပါတယ်....။ ဒါဟာ cracking ဖြစ်ပေါ်မှုကို ထိန်းသိမ်းပေးနိုင်စွမ်းရှိခြင်းပဲ ဖြစ်ပါတယ်...။ steel ဟာ mateiral toughness လျော့နည်းလာတာနဲ့အမျှ သူဟာ ductility လျော့ကျလာတတ်ပါတယ်...။ တစ်နည်းအားဖြင့် သူ့ရဲ့ fracture ကို resist လုပ်နိုင်စွမ်းလည်း လျော့ကျသွားတတ်ပါတယ်...။ Brittle fracture ဆိုသည်မှာ catastrophic faliure လို့ ခေါ်ဆိုနိုင်ပါတယ်...။ Plastic deformation ပင် ကြိုတင်ဖြစ်လာခြင်းမရှိပါဘဲ ရုတ်တရက် faliure ဖြစ်လာခြင်းပါ...။ ဒီလို brittle fracture ဟာ temperature, loading rate, stress level, flaw size (small crack), plate thickness or constraint, joint geometry နဲ့ workmanship တွေဟာ ကြိုတင် စဉ်းစားထားမှုနဲ့ မကိုက်ညီတဲ့အခါမှာ ဖြစ်လာတတ်ပါတယ်...။ Design တွက်တဲ့အခါမှာ Brittle Fracture ကို ကာကွယ်ဖို့အတွက် Steel ရဲ့ Grade တွေမှာ ပြည့်စုံကောင်းမွန်တဲ့ Impact Toughness ပါဝင်တဲ့ Steel အမျိုးအစားကို သုံးပေးရမှာပါ...။ နောက်ဆုံးအနေနဲ့ကတော့ Lamellar Tearing ဆိုတဲ့ အလွှာလိုက် ကွာထွက်ခြင်းမျိုးဟာ Steel structure များမှာ ရှိတတ်တာကို သိထားသင့်ပါတယ်...။ Lamellar Tearing ဆိုတာဟာ Brittle fracture ဖြစ်မှု တစ်မျိုးဖြစ်ပြီး ၄င်းဟာ အထူးသဖြင့် plate thickness ထူတဲ့နေရာမျိုးမှာ အထူး ဖြစ်တတ်ပါတယ်...။ Steel တွေဟာ စက်ရုံကနေ ထုတ်လာတဲ့ roll shape မှာကတည်းကကို မူလကတည်းက အလွှာလိုက် ရှိတတ်တာပါ..။ ဒါပေမယ့် temperature change ဖြစ်လာတဲ့အခါမှာ (welding တွေ နဲ့ ထိတွေ့လာတဲ့အခါမှာ) ၄င်းတို့ဟာ ပိုပြီး deform ပိုပြီး ဖြစ်လာတတ်တာပါ...။ ဒီအတွက် လက်တွေ့ လုပ်ငန်းခွင်မှာ welding ရဲ့ face ဟာ steel ရ့ rolling direction တွေနဲ့ မပြိုင်သင့်ပါဖူး...။ ဒီဇိုင်းတွက်တဲ့အခါမှာ မိမိရဲ့ welding face ကို အထူး ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်...။

လက်ရှိ Singapore Standard မှာတော့ 35 mm ထက် ပိုတဲ့ thickness ရှိလာရင်တော့ Lamellar Tearing ကို test လုပ်ပေးရမယ်လို့ ဆိုထားပါတယ်....

နောက် လေ့လာသင့်တာတွေကတော့ Steel ရဲ့ Fatigue ဖြစ်မှုတွေ, Fire Protection အကြောင်းနဲ့ အခြား သူ့ရဲ့ Specification များပဲ ဖြစ်ပါတယ်....။


Applied Metallurgry of Steel_4

Steel ရဲ့ material ဖွဲ့စည်းပုံမှာ 98 % လောက်ကို iron နဲ့ ဖွဲ့စည်းထားပြီးနောက် carbon, silicon, manganese တွေကို ဓါတ်ပေါင်းထည့်ပါတယ်... copper နဲ့ chromium ကိုတော့ weather resistant အတွက် ထည့်ပေါင်းတတ်ပါတယ်...။

Structural Steel ကို Strength Grade သတ်မှတ်ရာမှာ ( BS code အရပေါ့လေ...:D ) S 275, S 355, S 460 ဆိုပြီး ခွဲခြားသတ်မှတ်ပါတယ်...။ အဓိကကတော့ သူ့ရဲ့ strength, ductility, impact resistance နဲ့ weldabiltity ပေါ် မူတည်တာပြီး သတ်မှတ်တာပါ...။ Steel ရဲ့ Grade တွေကို သူ့ရဲ့ Stress-strain diagram မှာ ကြည့်ရင် strength ပိုကောင်းလာတာနဲ့အမျှ သူရဲ့ strain hardening ဖြစ်မှုဟာ လျော့ကျသွားတာကို တွေ့ရမှာပါ... ဒါကြောင့် strength ကောင်းလွန်းတာတွေ သုံးတဲ့အခါမှာ ဒါကို ဂရုပြုပေးရမှာပါ....။ ဒါ့အပြင် Steel Grade တွေဟာ section ရဲ့ thickness အပေါ်မှာ မူတည်ပြီး အနည်းငယ်ဆီ vary ဖြစ်သွားမှာပါ... thickness ပို ထူလာလေ...strength ပို ကျလာလေပါပဲ... ဒါဟာ temperature effect ကြောင့် ဖြစ်လာတာပါ....Steel ရဲ့ Structrural Properties ကို စဉ်းစားရမှာ

1) Fatigue & Fracture
2) Fire Protection
3) Corrosion Protection တွေကို အထူး ဂရုပြုရတာပါပဲ.....

Fatigue Failure ကတော့ member တွေဟာ long term ကြာလာတဲ့အခါမှာ သူတို့ရဲ့ ထမ်းအားကျလာပြီး ညောင်းလာခြင်းတစ်မျိုးပါ.. အထူးသဖြင့် cyclic loading ကြောင့် ဖြစ်လာတာပါ....။ Fatigue ဟာ cycles of loading ကြောင့်၎င်း၊ အများဆုံး ဖြစ်လာနိုင်တဲ့ stress နဲ့ အနည်းဆုံးဖြစ်သွားနိုင်တဲ့ stess ကြားက range ကွာလွန်းရင်ကြောင့်၎င်း၊ နဂိုကတည်းကရှိနေတဲ့ flaw လို့ခေါ်တဲ့ small crack လေးတွေကြောင့်၎င်း Fatigue ဖြစ်မှုတွေ ကွာခြားသွားတတ်ပါတယ်...။ အထူးသဖြင့် welded connection တွေမှာ ပိုပြီး Fatigue ဖြစ်တဲ့ effect ကို စဉ်းစားပေးရတာပါ....။ Bolted Connection တွေမှာတော့ Fatigue loading ကြောင့် အထူးအထွေ strength ကျတာ သိပ်မဖြစ်တတ်ပါဖူး....။ faitgure failure ကို ရှောင်ဖို့ကတော့ stress တွေ concentrate ဖြစ်နိုင်တဲ့နေရာတွေကို ပိုဂရုစိုက်ပေးရမှာပါ...။ member တွေရဲ့ life ကို မိမိ ခန့်မှန်းထားတဲ့ အဆင့်ထိ မရောက်ခင်မှာ fatigue life အတွင်း fail မဖြစ်အောင် ဂရုစိုက်ပေးရတာ ဖြစ်ပါတယ်....။ Bridge တွေမှာ moving effect ကြောင့် fatigue ဖြစ်လာသလို.. Offshore Structure တွေမှာ Wave effect ကြောင့် Fatigue ဖြစ်လာပါတယ်... ။ ထို့အတူပဲ.. Crane Girder တွေဟာ Lifting, rolling နဲ့ initial load ကြောင့် fatigue ဖြစ်လာသလို.. Slender Tower တွေဟာ Wind gusting ကြောင့် fatigue ဖြစ်လာတာပါ.. ဒါကတော့ fatigue ဖြစ်လာမှုကို လွယ်လွယ်ကူကူ နားလည်နိုင်တဲ့ အချက်ပါပဲ....။

Footnote:
Above the post is just reference for design consideration. not for detail. :)

No comments: