08 October 2009

လွမ်းမောရသည့် တက္ကသိုလ် နွေညများ

လွမ်းမောရသည့် တက္ကသိုလ် နွေညများ - 1

တစ်ခါက ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီး…........။

အခုတော့ အားလုံးရဲ့ ရင်မှာ အမှတ်တရများစွာ……… အလွမ်းများစွာ ပေးပြီး… ငြိမ်သက်နေပြီလားဟု အကြိမ်ကြိမ် အခါခါ တွေးနေမိပါသည်။

ကျွန်တော်တို့ ခေတ်မှာ တိုးတက်တာတွေ ပေါသလို တက္ကသိုလ်တွေလည်း ပေါလှည်။
တစ်ချိန်က ၀တ္ထု၊ ရုပ်ရှင်များတွင် ရင်းနှီးခဲ့ရသော ဂျီဟောဆောင်နှင့် စွယ်တော် ရှိုက်သံတွေရယ်...၊ နွေအေး လက်ဘက်ရည်ဆိုင်နှင့် သြဘာလမ်းကြီး ဆိုတာတွေဟာ ကျွန်တော်တို့အတွက် စိတ်ကူးယဉ်ရန်ပင် သက်ဆိုင်ခြင်း မရှိခဲ့တော့...။ ထို့ကြောင့်လည်း ကျွန်တော်တို့လို တစ်သီး တစ်ခြား ကျောင်းတော်သားများအတွက် နောင်တစ်ချိန် လွမ်းမောစရာပင် မရှိနိုင်ဟု ကျောင်းကို ခြေချခါစက တွေးမိခဲ့ပါသည်။ ထိုအတွေးများသည် သက္ကရာဇ် ၊ ရက်စွဲများ ပြောင်းလဲလာသလို အတွေးများလည်း ပြောင်းလဲလာမည်လား။

ထိုကျောင်းကြီးမှာ မဖြစ်လာတော့တဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ဖူးသည်။
မဖြစ်လာသေးတဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ဖူးသည်။
ဖြစ်လာလိမ့်မယ် မထင်ခဲ့တဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ဖူးသည်။
အခုတော့ ကျွန်တော်… မွေးရပ်မြေ တစ်နေရာမှ ကျောင်းတော်ကြီးကို အလွန် သတိရမိပါသည်။

[ စကားချပ် - ၁

တကယ်တမ်းတော့ ဒိခေါင်းစဉ်ကို ဆရာ မြသန်းတင့်ရဲ့ The Class ကို အားကျလို့ ပေးလိုက်တာပါ....
တကယ်တော့ ကျွန်တော်တို့ကျောင်းကြီးဟာ တက္ကသိုလ်လို့ အစကနဦးမှာ ခေါင်းစဉ် တပ်ခွင့် မရခဲ့ပါဖူး။ ]

[ စကားချပ် - ၂

ဒီခေါင်းစဉ်အောက်မှာ အရင်က ပို့စ် 12 ခု ရှိပါတယ်..။ ခုတော့ စိတ်မပါလို့ ဖြုတ်ထားလိုက်ပါပြီ။ ]

[ စကားချပ် - ၃

တစ်ခါတစ်ခါ ကျွန်တော်တို့က ကျွန်တော်တို့ အသွင်တူချင်တဲ့ ငှက်တွေရှိရာကို ပြန်သန်းချင်ခဲ့တယ်...။
တောမှောက် တောပျောက်ခဲ့ကြရင်းနဲ့ပဲ နောက်တစ်မေး နောက်တစ်ခေါ်စာ ပြန်ဝေးခဲ့ကြပါတယ်...။
ရင်ထဲမှာရှိတာ ပြောကြေးဆိုရင် ကမ္ဘာမဆန်တဲ့ ဦးနှောက်တွေကို ဖွင့်ကြည့်ချင်မိတယ်။]

No comments: