07 October 2009

STADD.foundation, STADD ၏ RAM နှင့် ဆက်စပ်လျက်

ဒီ ပို့စ်လေးကို မတင်မှီ ပထမဦးဆုံး ကျေးဇူးတင်ရမှာကတော့ ဆရာ ဦးသက်နိုင်ဦး ကိုပါပဲ....။ ဆရာကြောင့်လည်း Bentley က ဆော့ဝဲ တော်တော်များများနဲ့ ရင်းနှီးခဲ့ရတာပါပဲ...။

ဒီတော့လည်း... Bentley ဆိုတာ ဘယ်လိုတွေ ထုတ်တယ်ဆိုတာ လေ့လာဖြစ်ခဲ့တာပေါ့.... :D


RAM ဟာ STAAD.pro ရဲ့ မြောက်များစွာသော ကဏ္ဍများထဲက အပိုင်းလေး တစ်ခု ဖြစ်ပါတယ်... RAM Structural System မှာ ကျွန်တော် သိသလောက်... RAM Steel, RAM Element, RAM Connection, RAM Frame ဆိုပြီး Steel Structural နှင့် ပက်သက်တဲ့ အပိုင်းတွေ ထပ်ခွဲထားပါတယ်....


RAM Steel ဟာ Steel Building တွေ ရဲ့ member တွေကို gravity load-resisting members တွေရအောင် တွေ အဖြစ် ရရှိအောင် analyze နဲ့ design တွက်ပေးပြီးနောက် structural drawings တွေပါ ထုတ်နိုင်အောင် စွမ်းဆောင်ထားပေးတယ်လို့ သိရပါတယ်.. RAM Steel ဟာ structural engineers တွေကို Steel Structural မှာ gravity beams, columns နဲ့ base plates တွေကို လျင်လျင်မြန်မြန် design လုပ်ပေးနိုင်အောင် စွမ်းဆောင်ပေးထားပါတယ်...၄င်းဟာ Structural Engineerတွေကို - - entire structure အား လွယ်လွယ်ကူကူ model ဆွဲပြီး design လုပ်နိုင်အောင် ၄င်း... - Design Option အမျိုးမျိုး ပေးနိုင်အောင် ၄င်း - ရရှိလာတဲ့ Analysis ပေါ်မူတည်ပြီ decision အမျိုးမျိုး ချမှတ်နိုင်အောင် ၄င်း - နောက်ဆုံး ရလာတဲ့ result ပေါ်မူတည်ပြီး economic solution တွေပါ ရရှိအောင် predict costs များ တွက်နိုင်အောင်၎င်း software ကို ရေးသားထားပြီး user တွေကို ဆွဲဆောင်ထားပါတယ်... RAM Steel ဟာ loading တွက်ရာမှာ tributary area ကို အခြေခံ တွက်ချက်ပြီး reduces live loads ကိုတော့ applicable building codes များပေါ်မူတည်ပြီး စဉ်းစားပေးပါတယ်... (ကျွန်တော့် အမြင်ကတော့ hand calculation နဲ့ ရင်းနှီးတဲ့ သူတွေ အတွက်ကတော့ သူ့ရဲ့ result ကို ဖတ်ရာမှာ လွယ်ကူမယ် ထင်တယ်. တစ်ခု ရှိတာက ကျွန်တော့် အမြင်အရ. tributary area နဲ့ တွက်တယ်ဆိုတာ..calculation မရှင်းနိုင်တဲ့ အခြေအနေမှာပဲ အဆင်ပြေမယ် ထင်တယ်... FEM ကို သိပ် နားမလည်ပေမယ့်.. tributary area နဲ့ တွက်တာနဲ့ FEM နဲ့ တွက်တာဟာ အများကြီး တာသွားအောင် ကွာခြားသွားမယ် ထင်တယ်.. project ကြီးရင် ပို ပြီး သိသာမယ် ထင်ပါတယ်... ကိုယ့် concept ကို ကိုယ်လည်း မသေချာပါဖူး ) RAM STEEL ဟာ every level in a structureမှာ steel composite နဲ့ non-composite beams တွေ steel joists နဲ့ joist girdersတွေ castellated နဲ့ cellular beamsတွေ steel columnsနဲ့ base plates တွေကို တွက်ယူနိုင်တယ် လို့ ဆိုထားပါတယ်.. နောက် steel structures တွေရဲ့ floor framing program အတွက်လည်း လုပ်ဆောင်နိုင်ပါတယ်လို့ ဆိုထားပါတယ်..

RAM Frame ဟာ RAM Structural System ရဲ့ the finite element analysis component တစ်ခု ဖြစ်ပြီး building systems တွေကို lateral, dynamic, and gravity loads များဖြင့်.. static နဲ့ dynamic analysis တွေ လုပ်ဆောင်နိုင်စေပါတယ်... RAM Frame ဟာ အထူးသဖြင့် wind and seismic loads များပေါင်းစပ်ပြီး structure ကို analysis and design လုပ်နိုင်စေပါတယ်..RAM Frame ဟာmoment frames, braced frames, shear walls အစရှိတာတွေ ပေါင်းစပ်ထားတဲ့ lateral system ဖက်ကို ပိုပြီး favour ပေးထားပါတယ်.. ဒါ့အပြင် building material တွေကို steel, concrete, masonry, a user-defined material type အစရှိတာတွေကို (တော်တော် များများသော software များလို) apply လုပ်နိုင်ပါတယ်... RAM Frame မှာ detailed reports တွေ ပါဝင်ပြီး ၄င်းတို့ကို screen မှ ၄င်း any text format တစ်ခုခု ဖြင့် ၄င်း spreadsheet program များဖြင့် ၄င်း output ထုတ်ယူနိုင်ပါတယ်...CAD DXF format အဖြစ် Automatic generation of frame and wall elevations များကိုလည်း ထုတ်ယူနိုင်ပါတယ် လို့ ဆိုထားပါတယ်.............

RAM Connection ဟာ tedious seismic code provision တွေ လိုအပ်တဲ့ any connection type တွေကို analysis and design လုပ်နိုင်ပါတယ်လို့ ဆိုထားပါတယ်... ၄င်းရဲ့ . Workflows ဟာ 3D design နဲ့ detailing models တွေလုပ်ဆောင်နိုင်တဲ့အတွက် user တွေ ကို မိမိ apply လုပ်တာကို လွယ်ကူ ရှင်းလင်းစွာ သိစေနိုင်ပါတယ်.. - ၄င်း ဟာ any connection type အတွက် AISC specifications အရ ( ASD and LRFD. နှစ်ခုလုံး အပါအ၀င် ) Designလုပ်နိုင်ပါတယ်.. - ၄င်းဟာ shear and moment connections များ braced frame connections များ column and beam splices ဒီဇိုင်းများ လုပ်နိုင်ပါတယ် Moment and braced frames တွေအတွက် Seismic provisions ကိုလည်း ထည့်စဉ်းစားနိုင်ပါတယ်တဲ့.. - ၄င်းဟာ single connection တစ်ခုတည်း သီးသန့် design လုပ်နိုင်တဲ့ အတွက် 3D frame တစ်ခုလုံး overall design လုပ်တာထက် error တွေ နည်းစေနိုင်သလို.. လိုအပ်သလို setting ပေးနိုင်တဲ့ အတွက် safe လည်း ဖြစ်စေပါတယ်... - ၄င်း ဟာ RAM Structural System, RAM Elements, and STAAD.Pro design models များနဲ့ ဆက်စပ် ခေါ်ယူ သုံးနိုင်ပါတဲ့အတွက် user တွေကို one stop design တွေ လုပ်နိုင်အောင် ဆွဲဆောင်ပေးထားပါတယ်...

Bentley က ထုတ်တာမို့လို့ ProSteel V8i ဟာ MicroStation မှာ အခြေခံပြီး လုပ်ဆောင်လို့ ရတယ်လို့ ဆိုထားပါတယ်.. Universal ဖြစ်တဲ့ AutoCAD နဲ့တော့ မဖြစ်မနေကို link ချိတ်ပေးထားပါတယ်တဲ့... ၄င်းဟာ structural engineers, detailers, and fabricators တွေ အနေနဲ့ concrete and steel structure တွေအတွက် 3D model တွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်အောင် ရေးဆွဲပေးထားတယ်လို့ ဆိုထားပါတယ်...Prosteel ဟာ documentation and details တွေကို automatic လုပ်ဆောင်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်... programming interface တွေနဲ့ open working ဆက်စပ်ပေးထားပါတယ်... (ဒါကတော့ Bentley က ထုတ်တဲ့ software တော်တော် များများ က open source တွေ ဖြစ်တတ်တယ် ထင်ပါတယ်...) stairs, handrails, ladders, and circular stairs တွေ အတွက်ပါ detailing တွေ လုပ်နိုင်အောင် ၊ documentation တွေဟာ 3D model တွေကနေ 2D drawings တွေ အဖြစ် output display မြင်ရအောင် project ကို bills of materials, NC data and PPS data ပါ ထုတ်နိုင်အောင် ရေးဆွဲထားတဲ့ ProSteel ဟာ Bentley ရဲ့ လူသိများတဲ့ Software တစ်ခု ဖြစ်ပါတယ်တဲ့...


STAAD.foundation အပိုင်းကဏ္ဍဟာ STAAD မှာ

Version 3.5 အထိ တွဲလျက် ပါခဲ့ပေမယ့် Version 4 မှာတော့ Stand Alone ဖြစ်လာပါတယ်... Version 3.5 မှာ

1) Isolated Footing

2) Mat Foundation

3) Pile Cap Design အပိုင်းတွေကို တွက်နိုင်ပြီး

Version 4 မှာတော့

1) Isolated Footing

2) Mat Foundation

3) Pile Cap Design

4) Combined (Strip) Footing

5) Pile Raft Foundation

6) Industrial Structural Foundation အပိုင်းများကိုပါ တွက်လာနိုင်ပါတယ်...

No comments: