07 October 2009

Modelling Process of ETABS

Modelling Process of ETABS ကို လေ့လာထားတာပါ......

Design တစ်ခု လုပ်ဖို့ ဆိုတာ ကိုယ် လုပ်မယ့် structure ရဲ့ system ကို သိရပါမယ်..။ ကိုယ့် ရဲ့ system အပေါ်မှာမှ သက်ဆိုင်ရာ Design Process ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Structure System များကို computer က သိအောင် လုပ်ဆောင်တာကို Modeling လုပ်တယ်ဟု ခေါ်ဆိုနိုင်ပါတယ်။
ETABS ရဲ့ Design Process တွေကတော့
1) Open a file (Etabs ကို .edb type နဲ့ file ဖွဲ့စည်းပါတယ်။ design စလုပ်တဲ့အခါ ရှိပြီးသား Reference file များမှ ၄င်း၊ Default file များမှ ၄င်း၊ ကိုယ့်ရဲ့ သီးသန့် file အဖြစ်၎င်း လုပ်ဆောင်နိုင်ပါတယ်။
2) Set the Units (ကျွန်တော်တို့ အသုံးပြုမယ့် Unit System ကို အရင်သတ်မှတ်သင့်ပါတယ်။ ETABS ကတော့ Unit ကို load & Distance - lbft or Kft.. စသည်ဖြင့် ပြောပါတယ်။)
3) Set up a grid line (Building Plan Grids System ကို ပေးရတာပါ။ သူရဲ့ Default က 21'x24' သုံးခန်းပတ်လည်၊ 4 ထပ် 12ပေ အမြင့်ပါ။ ကိုယ့်ရဲ့ Design Plan အလိုက် ပြုပြင်နိုင်ပါတယ်။)
4) Define Story Level နဲ့ကိုယ့်ရဲ့ Story ကို သတ်မှတ်ပေးရပါမယ်
5) Draw Structural Objects ကတော့ model ဆွဲတာပါ
6) Draw Frame Properties ကတော့ ကိုယ် သုံးမယ့် material property ကို သတ်မှတ်တာပါ
7) Define Loads ကတော့ Analysis အတွက် မရှိမဖြစ် loading ထည့်တာပေါ့..
8) Edit the model gerometry ကတော့ လိုအပ်တဲ့ model geometry လေးတွေကို ပြန်ပြုပြင်တာပါ
9) Assign Porperties နဲ့က ကိုယ် model ဆွဲထားတဲ့ structural ကို analysis လုပ်ဖို့ သတ်မှတ်ပေးတာပါ.. ဘယ် ဟာက ဘယ် member size. ဆိုပြီးမှပေါ့...
10) View the model ကတော့ ကိုယ့် ပုံလေးကို ပြန်ပြီး သုံးသပ်ကြည့်ဖို့ပါ
11) Analyze the model ကတော့ Analysis လုပ်ပြီလို့ ဆိုရပါမယ်
12) Display result for checking ကတော့ လိုအပ်တာလေးတွေ ပြန်စစ်ရမယ်လေ..
13) Design the model ကတော့ Analysis မှန်ကန်ပြီးတဲ့နောက်ပိုင်း Design လုပ်ရမယ့် process ပါ
14) Generate Out put ကတော့ နောက်ဆုံးကိုယ့်ရဲ့ အဖြေကို ထုတ်ကြည့်ဖို့ပါ..
15) Save the model ကတော့ နောက်ဆုံး model လေးကို save ဖို့ပါ.. ဒါကတော့ ETABS ရဲ့ process ပဲ ဖြစ်ပါတယ်။
အရှင်းလင်းဆုံး ဆိုရလျှင် ကိုယ့်ရဲ့ Structural system အလိုက် သက်ဆိုင်ရာ loading များပေးကာ combination loading type အမျိုးမျိုးဖြင့် Specify လုပ်ပြီးကာမှ Analysis ကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ နောက် Display မှာ ရလာတဲ့ Bending, Shear, Axial, Torsion အစရှိတဲ့ Result များကို ကောက်နှုတ်ယူပေးကာ Design လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် software များကပေးတဲ့ Output တွေဟာ ကျွန်တော်တို့ input ထည့်ခဲ့မှုအပေါ် ရာနှုန်းပြည့် မူတည်နေတဲ့အတွက် သူက ပြန်ပေးတဲ့ result တွေ reasonable ဖြစ် မဖြစ်ဆိုတာ ကျွန်တော်တို့ ချိန်ဆနိုင်ရပါမယ်။ software တွေဟာ ကျွန်တော်တို့ကို calculation time ချုံ့ပေးတာကလွဲရင် ဘာမှ အာမခံချက် မပေးနိုင်ပါဖူး.။ ဒီအတွက် လိုအပ်တဲ့ Output Result တွေကို ပြန်လည် revolution လုပ်ပေးပြီးမှ Complete Design တစ်ခု ရရှိမှာ ဖြစ်ပါတယ်။

No comments: