07 October 2009

PLAXIS, PLAXIS, PLAXIS.... တဲ့

Plaxis company ကတော့ သူတို့ကို သူတို့ essential for geotechnical professional လို့ ကြေငြာ ထားပါတယ်..
အမှန်တကယ်လည်း Plaxis ဟာ ယနေ့ခေတ်မှာ Foundation Design နဲ့ Soil Mechanic အတွက် အများဆုံးအသုံးပြုနေကြတဲ့ Software တစ်ခု ဖြစ်ပါတယ်..

သူရဲ့ မူရင်း website ကတော့ http://www.plaxis.nl/ ဖြစ်ပါတယ်...
နောင် အလျဉ်းသင့်ရင်တော့ plaxis ဖြစ်လာတဲ့ သမိုင်းလေး ရေးပါဥိးမယ်... ခုတော့ plaxis ကို နည်းနည်း မိတ်ဆက်လိုက်ပါ့မယ်.....

Plaxis 2D မှာတော့
Plaxis 2D V9
Dyanmic Module
PlaxFlow
Plaxis VIP ဆိုတာလေးတွေ ပါဝင်ပါတယ်....

PLAXIS 2D V9 ဟာ Software တွေရဲ့ ထုံးစံအတိုင်း finite element အပေါ် အခြေခံပြီးတွက်ထားတဲ့ two dimensional analysis software တစ်ခု ဖြစ်ပြီး geotechnical engineering အတွက် deformation and stability တွေကို တွက်ချက်ပေးပါတယ်...

Dynamics module ကတော့ PLAXIS 2D V9 မှာ ထပ်ပေါင်းထည့်ထားတဲ့ ADD In တစ်ခု ဖြစ်ပြီး construction ကြောင့် ground surface မှာ ဖြစ်လာမယ့် static loads နဲ့ dynamic loads ကို တွက်တာပါ.. ဒီ loads ဟာ earthqueakes အတွက် အလွန် အသုံးဝင်ပါတယ်.. ဒါ့အပြင် Dynamics analyses module မှာ effects of vibrations in the soil ကိုလည်း တွက်ယူနိုင်ပါတယ်.. vibrations တွေဟာ 3D-characteristics ရှိနေလည်း PLAXIS 2D V9 မှာ dynamic model ကို plain strain and axisymmetric conditions များအဖြစ် စဉ်းစားထားတယ်လို့ ဆိုပါတယ်...

PlaxFlow ဟာလည်း finite element ကို အခြေခံထားပြီး saturated and unsaturated groundwater flow problems များအတွက် two-dimensional and staeady-state analyses ကို တွက်ချက်ပေးပါတယ်... အထူးသဖြင့် Geotechnical engineering and Hydrology များမှာ သုံးပါတယ်...

Plaxis 3D မှာ 3D Tunnel, 3D Foundation, Plaxis VIP တို့ ပါဝင်ပါတယ်....

PLAXIS 3D Tunnel ဟာ geotechnical finite element ကို အခြေခံထားပြီး tunnel projects တွေအတွက် three-dimensional analysis of deformation and stability ကို တွက်ယူပေးပါတယ်... Soil နဲ့ Rock တွေအတွက် non-linear, time-dependent and anisotropic behaviour ကို တွက်ယူဖို့ advanced constitutive models တစ်ခု လိုအပ်ပါတယ်..

PLAXIS 3D Foundation ဟာလည်း finite element ကို အခြေခံတဲ့ software တစ်ခု ဖြစ်ပြီး foundation structures တွေအတွက် three-dimensional deformation analysis ကို တွက်ယူပေးပါတယ်...

ကျွန်တော် လေ့လာမိသလောက် တင်ပြပေးတာပါ
လေးစားလျက်
ဂျွန်မိုးအိမ်

အောက်ကတော့ ကို MyMetro တင်ပြထားတဲ့ Plaxis အကြောင်းလေးပါ...

PLAXIS ဆိုတာ Geotechnical engineering ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ Structural design ဆော့ဖ်ဝဲတစ်ခုပါ။ 2D soil models တွေ၊ 2D Tunnel Design၊ 2D Dynamics module၊ 3D Tunnel Design၊ 3D Foundation စတဲ့ Geotechnical ပုစ္ဆာတွေကို အလွယ်တကူ ဖြေရှင်းနိုင်စေဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ Finite element program လို့လည်း ဆိုနိုင်ပါတယ်။
Tunnel engineers တွေအတွက် 2D, 3D Tunnel program တွေကို အသုံးပြုပြီး Cut and cover, Mountain tunneling, shield tunneling, NATM အစရှိတဲ့ ဥမင်များကို မြေလွှာအမျိုးမျိုး၊ မြေအောက်ရေ အခြေအနေ အမျိုးမျိုးပေါ်မှာ ဒီဇိုင်းပြုလုပ် တွက်ချက်နိုင်ပါတယ်။
အသုံးပြုတဲ့အခါမှာလည်း ရိုးရှင်းလွယ်ကူတာကို တွေ့ရပါတယ်။ မိမိဒီဇိုင်းလုပ်လိုတဲ့ Graphic model အတွက် ဒေတာများကို CAD drawing procedures ပေါ်မှာ အလွယ်တကူ ရေးဆွဲနိုင်ပါတယ်။ PLAXIS မှာ Automatic mesh generation ကိုထည့်ထားတဲ့အတွက် မိမိတို့ ဆွဲထားတဲ့ Models တွေကို တခြားသော ဆော့ဖ်ဝဲတွေမှာလို့ Mesh လိုက်လုပ်ပေးရတာမျိုး မလိုအပ်ပါဘူး။ မိမိတို့ အသုံးပြုတဲ့ Soil data တွေ၊ material data တွေ၊ water data တွေကို အလွယ်တကူ ထည့်သွင်းပြီး Calculation အဆင့်ကို သွားရုံပါပဲ။ Manuals တွေနဲ့ Tutorials တွေကို ကြည့်ပြီး လုပ်ကြည့်ရုံနဲ့ သဘောပေါက်နိုင်ပါတယ်။

Displacements, stresses, strains, deformation, forces အစရှိတဲ့ Results တွေကို 2D, 3D graphic display တွေနဲ့အပြင် Plots၊ Tables တွေနဲ့ပါ ကြည့်ရှုနိုင်ပါတယ်။ Plots တွေ၊ Tables တွေကို တခြား window software တွေနဲ့ပါ export လုပ်သုံးစွဲနိုင်ပါတယ်။ Video presentation အတွက်လည်း 1024x786 pixels resolution နဲ့ ထုတ်ယူနိုင်တာကို တွေ့ရပါတယ်။

Geotechnical models တွေကို simulation လုပ်တဲ့အခါမှာ PLAXIS ဟာအတော်ကို ကောင်းမွန်တဲ့ ဆော့ဖ်ဝဲဖြစ်ပေမဲ့ တွက်ချက်မှုအပိုင်းမှာ အမှားအယွင်းမရှိဘူးလို့ အာမမခံထားပါဘူး။ ဒီဇိုင်းရဲ့ တိကျမှန်ကန်မှုကိုတော့ အသုံးပြုသူရဲ့ ကျွမ်းကျင်မှု၊ Soil models တွေနဲ့ ၎င်းတို့ရဲ့ သဘောသဘာဝတွေကို နားလည်မှု၊ Design parameters တွေ ရွေးချယ်ရာနဲ့ တွက်ချက်လို့ရတဲ့ အဖြေတွေကို မှန်မမှန် ဆန်းစစ်နိုင်တဲ့ အတွေ့အကြံ၊ အရည်အချင်းရှိဖို့ လိုအပ်ပါတယ်။ မိမိတို့ ရေးဆွဲလိုက်တဲ့ ဒီဇိုင်းကို မိမိတို့သာ တာဝန်ယူရမှာ ဖြစ်တယ်လို့ PLAXIS organisation က ဆိုပါတယ်။ PLAXIS program ဟာ နယ်သာလန်နိုင်ငံ အခြေစိုက် PLAXIS b.v ရဲ့ မူပိုင်ဖြစ်ပါတယ်။ နောက်ဆုံးထုတ် PLAXIS professional version 8x ရဲ့ဈေးက ယူရို ၆၀၀၀ နဲ့ 3D Tunnel software က ယူရို ၁၀၀၀၀ အထိဈေးရှိပါတယ်။ လုပ်ငန်းများနဲ့ ပညာရေးအတွက်ဆိုရင်တော့ သက်သာပါတယ်။ အသေးစိတ် အချက်အလက်တွေကို PLAXIS website (http://www.plaxis.nl/) မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

No comments: