11 October 2009

Steel Structure များ၏ Drawing များ

Steel Structure များအတွက် အဓိက လိုအပ်တဲ့ drawing အပိုင်းကတော့ fabricators များနဲ့ erectors များကို architects များနဲ့ engineer တို့နဲ့ ဆက်သွယ်ပေးနိုင်ဖို့ပါ...
Drawings များရဲ့ အဓိက လိုအပ်ချက်မှာ ပြည့်စုံတဲ့ layout တစ်ခု အပေါ်တွင် Structure တစ်ခုရဲ့ လိုအပ်တဲ့အပိုင်းများ (member များရဲ့ location များ၊ ထို member များရဲ့ general arrangement များနဲ့ details များ) ကို စနစ်တကျ ဖော်ပြပေးဖို့ပဲ ဖြစ်ပါတယ်.... ဒါမှသာလျှင် ထို drawing ကို အသုံးပြုတဲ့သူများအနေနဲ့ quantity estimate များ တွက်နိုင်မှာ ဖြစ်သလို cost နဲ့ material list များလည်း ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်.. တစ်ဖက်မှာလည်း construction များအနေနဲ့ လုပ်ဆောင်ရမယ့် procedure များကို စနစ်တကျ အစီအစဉ် တကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်...
Steel Structure Drawing များကို ရေးဆွဲရာမှာ အဓိက ပါဝင်သင့်တဲ့ အစိတ်အပိုင်းလေးတွေကတော့
1) Site or Location Plans လို့ ဆိုတဲ့ structure တစ်ခုလုံးရဲ့ တည်နေရာနဲ့ အဆိုပါ structure နဲ့ ဆက်စပ်နေတဲ့ အခြား structure တိုရဲ့ ဆက်စပ်မှု boundaries များ
2) General Arrangement လို့ဆိုတဲ့ အဆိုပါ structure ကို plans, elevations, sections များနဲ့ စနစ်တကျ ဖော်ပြမှုများ
3) Marking Plans လို့ဆိုတဲ့ steel frame building တစ်ခုလုံးရဲ့ framing plan နဲ့ ၄င်း frame အတွင်းတွင် ပါဝင်နေတဲ့ member တို့ရဲ့ specification ဖော်ပြချက်များ
4) Foundation Plans လို့ဆိုတဲ့ steel column base ကနေ RC column ကို ဆက်စပ်သွားတဲ့ joint details များ
5) Sheeting Plans လို့ဆိုတဲ့ structure ကို cladding နဲ့ sheeting လုပ်မည့် arrangement ဖော်ပြချက်များ
6) Key Plans လို့ဆိုတဲ့ သက်ဆိုင်ရာ drawing အသီးသီးအတွက် ပြန်လည် ညွန်းဆိုပြရမည့် မူရင်း source plan များ
7) Details Drawing လို့ဆိုတဲ့ material information & specification များ၊ section size များ၊ connection details များ အတွက် အသေးစိတ် ဖော်ပြချက်များ (အထူးသဖြင့် details information များ ပေးတဲ့အခါမှာ member မည်မျှ ပါဝင်တယ်၊ ဘယ် member များဟာ ဘယ်လို လုပ်ဆောင်ချက်များ လုပ်ဆောင်တယ်၊ ဘယ် meterial ကို သုံးထားတယ်..၊ အရေအတွက် ဘယ်လောက်ရှိတယ်... စသည်ဖြင့်....) ဖြစ်ပါတယ်....

No comments: