11 October 2009

Structural Drafter တစ်ဦး၏ တာဝန်များ.

Software တွေကို သုံးတဲ့အခါ... နောက်ဆုံးတော့ ဒီ drawing လေးတွေကနေ အဆုံးသတ်လိုက်ပါတယ်.. နောက်ဆုံး ကျွန်တော်တို့ ရလာတဲ့ analysis data တွေကို စနစ်တကျ တွက်ချက်ပြီးရင် လက်တွေ့ အကောင်အထည် ဖော်ဖို့ ကြိုးစားရတော့တာပဲလေ.. ဒီတော့ နောက်ဆုံး ကိုယ့် ရဲ့ ကြိုးစားမှုတွေဟာ ဘယ်လို result အဖြစ် မြင်ရတယ်ဆိုတာ အရေးကြီးပါတယ်..

structural software တွေ သုံးတဲ့အခါမှာ software တော်တော်များများ အနေဖြင့် အသင့်သုံး drawing များပါ လုပ်ဆောင်ပေးထားတာကို တွေ့မြင်ရမှာပါ.. တစ်ခါ တစ်ရံ လိုအပ်တာလေးတွေကိုပဲ modify လုပ်လိုက်ပြီး အသုံးပြုနိုင်လောက်အောင် တစ်ချို့ structural software တွေက performance ပေးထားပါတယ်.. ဒီနေရာမှာ အခရာ ကျတဲ့ Structural Drafter တစ်ဥိးရဲ့ တာဝန်များကို လေ့လာမိသလောက် ရေးသားတင်ပြလိုက်ပါတယ်...

Structural Drafter တစ်ဦး၏ တာဝန်များ.

Professional Structural Drafter တစ်ဦးအနေဖြင့် မိမိ၏ responsibility ကို အပြည့်အ၀ လုပ်ဆောင်နိုင်ရန် မသိ မဖြစ် အချက်များကို သိရှိထားရန် လိုပါသည်။

- Structural Drafter သည် structural engineering team တစ်ခု၏ functions နှင့် ၄င်းက ပေးစွမ်းပေးရမည့် responsibility ကို သိရှိရပါမည်။

- Structural Drafter တစ်ဦးသည် မိမိ ၏ သီးခြား တာဝန်ယူထားရသော Structural Drafting အပိုင်းကို အပြည့်အ၀ တာဝန်ယူနိုင်ရမည် ဖြစ်ပြီး architectural from တွေကိုလည်း မပျောက်ပျက်အောင် လုပ်ပေးနိုင်စွမ်းရှိရမည်။

- Structural Drafter တစ်ဦးသည် structural engineeing office တစ်ခု၏ details design drawing များ၊ shop drawing များ၊ erection plans များကို မှန်ကန် တိကျစွာ ရေးဆွဲနိုင်ရမည်။

_ The structural drafter must be reliable. Structural Drafter တစ်ဦးသည် tolerance နည်းအောင်. အတတ်နိုင်ဆုံး ဂရုစိုက်နိုင်ရမည်။ မိမိရေးဆွဲသော drawing များသည် လုပ်ငန်းခွင် ပြင်ပတွင် လွယ်ကူရှင်းလင်းစွာဖြင့် အသင့်သုံးနိုင်အောင် ရေးဆွဲပေးနိုင်ရမည်။

- The structural drafter must be able to concentrate. Structural Drafter တစ်ဦးသည် design တစ်ခု၏ လိုအပ်ချက်များကို မှန်ကန် တိကျစွာနှင့် on paper ပေါ်တွင် တည်ဆောက်နိုင်စွမ်းရှိရမည်။ Design တစ်ခု၏ လိုအပ်ချက်များကို ပြီးပြည့်စုံအောင် စနစ်တကျ စုစည်း တင်ပြနိုင်စွမ်း ရှိရမည်။

- The structural drafter must be patient and neat. Structural Drafting အပိုင်းသည် လျင်မြန် တိကျစွာ အကြမ်းထည် တစ်ခု အနေဖြင့် sketch ရေးဆွဲခြင်းမျိုး မဖြစ်စေရပါပဲ မှန်ကန်စွာ၊ သေသပ်စွာ၊ ရှင်းလင်းစွာဖြင့် အသုံးပြုသူကို အထောက်အကူ ဖြစ်စေရပါမည်။

- The structural drafter must have imagination and the ability to visualize. Structural Drafter တစ်ဦးသည် နောက်ဆုံး တွေ့မြင်ရမည် ဖြစ်သော structural တစ်ခု ကို ရေးဆွဲခြင်း မဟုတ်ပါပဲ structural တစ်ခု၏ procedure အလိုက် အဆင့်ဆင့်ကို on paper ပေါ်တွင် တည်ဆောက်ရသည် ဖြစ်သောကြောင့် structural တစ်ခုကို ရှုထောင့် အမျိုးမျိုးမှ visualize လုပ်နိုင်စွမ်းရှိရမည်။ သို့အတွက် structural drafter တစ်ဦးအနေဖြင့် framing system တစ်ခုလုံးကို သေချာတိကျစွာဖြင့် ဂဃဂဏ နားလည်ထားရမည်။ framing system တစ်ခုတွင် မည်သည့် component များသည် မည်သို့ မည်ပုံ ဖွဲ့စည်း တည်ဆောက်ထားသည်ကို သိရှိထားရမည်။

_ The structural drafter must be organized and orderly. structural drafter တစ်ဦးသည် လိုအပ်သော reference books များကို သေချာတိကျစွာဖြင့် မှီငြမ်းကိုးကားနိုင်ရမည်။ reference books, reference tables and calculation များမှ လိုအပ်သော specification များကို သေချာတိကျစွာဖြင့် ဖော်ပြနိုင်စွမ်းရှိရမည်။ မည်သည့် မည်သည့်နေရာတွင် မည်သည့် references သည် လိုအပ်သည်ကို သိရှိရမည်။ structural specification များကို လိုအပ်သည့် နေရာတိုင်းတွင် drawing နှင့်တကွ နှိုင်းယှဉ် ဖော်ပြနိုင်စွမ်းရှိရမည်။

- The structural drafter must have a reasonable amount of mathematical ability. maths နှင့် မကင်းနိုင်သော engineering နယ်ပယ်တွင် အထူးသဖြင့် structural drafter များသည် algebra and trigonometry အပိုင်းကို ကောင်းမွန်စွာ နားလည်ထားသူ ဖြစ်ရမည်။

- The structural drafter must have a fundamental understanding of building technology and construction. structural drafter တစ်ဦး၏ အဓိက တာဝန်သည် working drawing များကို ထုတ်ပေးရမည် ဖြစ်ရာ structural ၏ construction process နှင့် material properties များကို သေချာစွာ နားလည်ထားရမည်။ material သည် မည်သည့် grade, မည်သည့် quality တွင် တည်ရှိသည်ကို နားလည်ရမည် ဖြစ်သကဲ့သို့ မည်သည့် material သည် မည်သည့် figure နှင့် legend ကို ကိုယ်စားပြုသည်ကို နားလည်ထားရမည်။

_ The structural drafter must be able to find needed information in civil, architectural, electrical and mechanical drawing. ပြီးပြည့်စုံသော design project တစ်ခုဖြစ်ရန်အတွက် ကဏ္ဍအသီးသီးအလိုက် လိုအပ်သော specification ပိုင်းကို structural drafter တစ်ဦးအနေဖြင့် ကောက်နှုတ်နိုင်စွမ်း၊ ဖော်ပြနိုင်စွမ်းရှိရန် လိုအပ်ပါသည်။

- The structural drafter must understand basic structural analysis and structural mechanics. အစီအစဉ်အလိုက်၊ သေချာ တိကျစွာဖြင့် ဖော်ပြပေးနိုင်သော drawing တစ်ခု ဖြစ်ပေါ်စေရန်အတွက် structural drafter တစ်ဦးအနေဖြင့် structural basic theory များနှင့် အဆင့်ဆင့် ဖြစ်ပေါ်လာသော analysis များကို နားလည်ထားရန် လိုအပ်ပါသည်။

Ref: Structural Drafting by DAVID MACLAUGHLIN

No comments: