11 October 2009

Structural Modelling

Structural Modelling ဆိုတာကတော့ analysis လုပ်မယ့် structure တစ်ခုကို loading တွေ apply လုပ်ဖို့အတွက် တည်ဆောက်ပေးရတဲ့ ကဏ္ဍတစ်ခုလို့ အကြမ်းဖျဉ်း ဆိုနိုင်ပါတယ်...။

ထိုနေရာတွင် structure များ ကို nodes များနှင့် represent လုပ်လေ့ရှိပါတယ်..။ nodes တစ်ခုချင်းစီဟာ joint တစ်ခု အဖြစ် corresponds ဖြစ်ပြီး member တစ်ခု ဆိုတာကတော့ nodes များကို အချင်းချင်း စပ်ဆက်ထားတာ လို့ နားလည်နိုင်ပါတယ်..။ beam, column များကို line element များအဖြစ်..သတ်မှတ်လေ့ ရှိပြီး.. floor, slab, deck များကို area element များအဖြစ် သတ်မှတ်လေ့ ရှိပါတယ်..။ structural analysis process တစ်ခု လုပ်တဲ့အခါမှာ structure တစ်ခုရဲ့ stiffness properties များကို သက်ဆိုင်ရာ load case များအပေါ်မှာ node တစ်ခုချင်းဆီဟာ elastic displacement မည်မျှ ဖြစ်တယ်ဆိုတာကို တွက်ယူပါတယ်..။ ဒါကြောင့် member တစ်ခုရဲ့ distortions ဖြစ်မှုဟာ node တစ်ခုချင်းစီရဲ့ displacement ဖြစ်မှုမှာ မူတည်နေပါတယ်...။ Modelling ဆွဲတဲ့အခါမှာ မည်သည့် coordinate system ကို ကိုယ်စားပြုတယ်ဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်..။

အများစုသော software များကတော့ Right Hand Rule ကို လက်ကိုင်ပြုပါတယ်.. ဆိုလိုတာကတော့ clockwise sense ဖြစ်တဲ့အခါ positive action ကို ကိုယ်စားပြုတတ်ပါတယ်.. ။ အဓိက အားဖြင့် coordinate system ဟာ ၂ မျိုးရှိတတ်ပါတယ်..။ Global Axes (X,Y,Z) နဲ့ set of member axes လိုခေါ်တတ်တဲ့ local axes (x,y,z) ဆိုပြီး Axes ကို နှစ်မျိုးခွဲ နားလည်နိုင်ပါတယ်.. အများအားဖြင့် Global Axes မှာ Y နဲ့ Z axis ဟာ upward ဖက်ကို ယူဆတတ်ပါတယ်... local axes မှာတော့ အများအားဖြင့် x axis ဟာ member ရဲ့ length တစ်လျှောက်ကို ကိုယ်စားပြုတတ်ပါတယ်.... ၄င်းကို principal axis အဖြစ် သတ်မှတ်လေ့ရှိပါတယ်. ၄င်း တစ်လျှောက်ကို ယေဘူယျ အားဖြင့် bending effect များကို စဉ်းစားလေ့ ရှိပါတယ်...။ ထို့အခါ member ရဲ့ y & z axis ဟာ cross section ဖက်ကို ဖြစ်နေပါမယ်...။ တစ်နည်းအားဖြင့် y & z တည်ရှိတဲ့ ဖက်ဟာ rectangular axes ဖက် ဖြစ်ပါတယ်..။ rectangular axes အပေါ်ကို transverse member loads က ကျရောက်လေ့ ရှိပါတယ်.. တစ်နည်းအားဖြင့် shear effect များကို စဉ်းစားလေ့ ရှိပါတယ်..။

အများအားဖြင့် space frame များမှာ node တစ်ခုချင်းစီမှာ DOF လို့ခေါ်တဲံ degree of freedom (၆)ခု ရှိပါတယ်..။ X,Y,Z global axis 3 ခု အပေါ်မှာ translation (အရွှေ့) ဖြစ်နိုင်မှု (3) ခုနဲ့ rotation (အလည်) ဖြစ်နိုင်မှု (3) ခုရှိပါတယ်..။ node တစ်ခုကို restraint မလုပ်ထားဖူးဆိုရင် ၄င်း Node ဟာ global direction 6 ခုလုံးမှာ displacement ရှိနိုင်ပါတယ်..။ node restraint များနဲ့ member release လုပ်ဆောင်မှု များဟာ ရောထွေးနိုင်ပါတယ်.. .။ member release များဟာ internal hinges များကို create လုပ်ရာမှာ စဉ်းစားတတ်ပါတယ်..။

primary loads cases များဟာ သီးခြား အခြေအနေများကို ကိုယ်စားပြုပြီး. တည်ရှိတဲ့ loading type များဖြစ်ပါတယ်... dead load, live load, wind load တစ်ခုခြင်းဆီ အမျိုးအစားအလိုက် သီးခြား တည်ရှိနေတာ ဖြစ်ပါတယ်.. မိမိ analysis လုပ်ချင်တဲ့ case နဲ့ reference ယူတဲ့ code များရဲ့ သတ်မှတ်ချက် တွေကနေ.. load combination များ ပြုလုပ်ပေးရပါတယ်...။

စကားချပ်။ ။
ထွေထွေထူးထူး မဟုတ်တဲ့ အခြေခံ အချက်လေးတွေပါ...။

No comments: