11 October 2009

Structural Steel Shop Drawing

Structural Steel Shop Drawing Drafter တစ်ဦးအနေနှင့် သိထားသင့်တဲ့ အချက်လေးတွေကို လေ့လာမိသလောက်ကို ဝေမျှလိုက်ပါတယ်

1) အဆိုပါ Drafter တစ်ဦးသည် Structural Designer နှင့် Steel Fabricator တို့ကြားက relationship ကို နားလည်ရပါမယ်.. ဆိုလိုသည်မှာ Structural Designer ၏ Drawing ကို လက်တွေ့မှာ fabrication လုပ်သည့်အခါ လွယ်ကူရှင်းလင်းပြီး အသုံးပြုသူ နားလည်နိုင်အောင် ရေးဆွဲနိုင်ရမည် ဖြစ်ပြီး ထိုသို့ ရေးဆွဲစဉ်မှာလည်း steel detailer ၏ principle များကိုလည်း လိုက်နာပေးရပါမယ်..။ အဆိုပါ drafter သည် on paper ပေါ်မှ design ကို လက်တွေ့ လုပ်ငန်းခွင်ထံသို့ စနစ်တကျ နည်းလမ်းမှန်မှန် ပြောင်းလဲနိုင်စွမ်း ရှိရပါမယ်..။

2) ထို့အတွက် Structural Steel Shop Drawing Drafter တစ်ဦးသည် structural steel design drawings နှင့် Structural steel shop/details drawing တို့၏ ခြားနားချက်ကို နားလည်နိုင်ရပါမယ်...။

3) မိမိ ရေးဆွဲလိုက်တဲ့ structural steel shop drawing သည် structural steel များကို detailing လုပ်သည့်အခါ လိုအပ်သော general concept များကို ရှင်းပြနိုင်စွမ်းရှိသော drawing ဖြစ်ရပါမယ်...။

Steel Structure များဟာ RC structure များနှင့် ကွဲပြားသောအချက်မှာ ၄င်းဟာ RC ပိုင်းလို.. linear construction ကဲ့သို့ မသွားပါဘဲ.. fast- track construction ကဲ့သို့ သွားတဲ့အတွက်ကြောင့် ပိုပြီး effective ဖြစ်စေပါတယ်..။ steel structure များရဲ့ construction procedure များဟာ fast-track scheduling နှင့် သွားသည့်အားလျော်စွာ ၄င်းတို့ရဲ့ activity များဟာ အချိန်ကာလ တစ်ခု အတွင်းမှာ လုပ်ငန်းစဉ်ပေါင်း များစွားကို အခြေအနေ အမျိုးမျိုးပေါ်မူတည်ပြီး ကြိုတင် ပြင်ဆင်ထားနီုင်ပါတယ်.. ထို့အတွက် shop drawing များကို သေချာ ပြင်ဆင်ပြီး အချိန်၊ ငွေကြေးနှင့် လုပ်သားဦးရေကို management လုပ်သည့်အပေါ်မူတည်လျှော့ချကာ Economic ဖြစ်နိုင်စေပါတယ်..။ ထိုနေရာမှာ steel structural shop drawing အပိုင်းကဏ္ဍဟာ အလွန်ကို အရေးကြီးပါတယ်..။ ထိုနေရာမှာ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်....။

1) design drawing တစ်ခု၏ ဦးတည်ချက်ဟာ ဘယ်လဲ...
2) design drawing တစ်ခုကို ပြုလုပ်ပြီးရင် မည်သည့်အကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါသလဲ...

drawing တစ်ခု၏ ဦးတည်ချက်ဟာ မှန်ကန်သော နည်းစနစ် များ၊ analysis များ နှင့် structural specification များအပေါ်မူတည်ပြီး မည်သည့် steel frame work ကို မည်သို့ တည်ဆောက်မည်ကို ပြသပေးဖို့ပဲ ဖြစ်ပါတယ်..။ ၄င်း design drawing ဟာ လက်တွေ့မှာ အကောင်အထည်ဖော် တည်ဆောက်မည့် contractor နှင့် structural fabricator ထံသို့ ရောက်ရှိသွားရမှာ ဖြစ်ပါတယ်... ၄င်း drawing နှင့် structural steel design ဟာ steel details အတွက် မှန်ကန်တယ် fabrication approach ကို လိုက်နိုင်အောင် ပြင်ဆင်ပေးထားရမှာ ဖြစ်ပါတယ်...။ Design drawing တစ်ခု ဟာ လက်တွေ့ လုပ်ဆောင်နိုင်မှုနှင့် နီးစပ် မှန်ကန်မှသာလျှင် fabrication လုပ်ရန်အတွက် structural detailer မှ ပြင်ဆင်ပေးနိုင်မှာ ဖြစ်ပါတယ်..။

Structural Steel Shop Drafting အပိုင်းမှာ အဓိက စဉ်းစားသင့်တာလေးတွေ

အဓိက စဉ်းစားရမည့် အချက်တွေကတော့
1) accuracy
2) legibility
3) clearity
4) neatness
5) speed ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်..

Architectural drawing များဟာ clients များ၊ building commmittees များ, consultants များ, contractors များနှင့် သက်ဆိုင်သကဲ့သို့.. Shop Drawing များဟာ iron workers များ၊ fabricators များနှင့် သက်ဆိုင်ပါတယ်...။

Structural steel shop drawing တစ်ခုဟာ လက်တွေ့လုပ်ငန်းခွင်မှာ မြန်မြန်ဆန်ဆန် နှင့် မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်အောင် လိုအပ်တဲ့ information တွေ ပြည့်စုံရပါမယ်..။ shop drawing ကို အသုံးပြုတဲ့ user ဟာ လုပ်ငန်းခွင်မှာ fabrication လုပ်စဉ်မှာ အခြား မည်သည့် ကိုးကားချက်များကိုမှ ယူရန်မလိုအပ်ပါပဲနှင့် အဆိုပါ shop drawing မှ မှန်ကန်သော လမ်းညွှန်ချက်တွေကို ရရှိရပါမယ်..။ ထို့အတွက် shop drawing တစ်ခု ဟာ ရိုးရှင်းရမယ်၊ နားလည်လွယ်ရမယ်..။ အသုံးပြုရန် မြန်ဆန် မှန်ကန်ရမယ်..။ လုပ်ဆောင်ရမည့် procedure အလိုက် ပြီးပြည့်စုံရပါမယ်...။ သေချာ သပ်ရပ်တဲ့ shop drawing တစ်ခုဟာ paper တစ်ခုအပေါ် construction လုပ်ထားခြင်း ဖြစ်သည့်အားလျှော်စွာ ၄င်းဟာ drafter တစ်ဦးရဲ့ skill ကိုလည်း ပြသရာကျပါတယ်..။ ထို့အတွက် drafter တစ်ဦးဟာ construction procedure များ၊ design concept များနှင့် ရင်းနှီး ကျွမ်းဝင်ရပါမယ်..။


Ref: Structural Steel Drafting by DAVID MACLAUGHLIN

No comments: