16 November 2009

After 3 months


ဒီ ခြင်္သေ့ကျွန်းလေးကို ရောက်ရှိခဲ့တဲ့ သုံးလတာမှာ အိမ်အလွမ်းတွေနဲ့လည်း အထာကျခဲ့ပြီ ထင်ပါတယ်...
ဒါမှမဟုတ်... လွမ်းချင်တိုင်း မလွမ်းနိုင်အောင် Fix ဖြစ်နေတဲ့ အချိန်တွေကပဲ လူကို မလွမ်းနိုင်အောင် လုပ်ဆောင်ပေးနေခဲ့ပုံပါ...။
သုံးလတာ ကာလအတွင်းမှာ stand alone ရပ်တည်နိုင်အောင် ခွန်အားတွေ ပေးခဲ့တဲ့ ဖေဖေ မေမေ ညီမလေးတွေ, ကိုယ့်ကို သိပ်ချစ်တဲ့ ကြီးကြီးကို သတိရလည်း နေတတ်အောင် နေနိုင်နေခဲ့ပြီလေ...။
ဒီနေရာလေးမှာ နေထိုင်ဖို့ ကိုယ့်ကို အစအဆုံး အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့ MMTW ကိုလည်း မှတ်မှတ်ရရ ကျေးဇူးတင်မိပါရဲ့...။
အထူးသဖြင့် အလုပ်ထဲမှာ ညီမလေး တစ်ယောက်လို အမြဲကူညီပေးနေတဲ့ မ KPZ , Creative Space က အစ်ကို အစ်မများနဲ့ ကို phyomg, အစ်ကိုဇော် , မ chitsuelay နဲ့ ကိုအောင်ကို တို့ကို ကျေးဇူးတင်လည်တင် ခင်လည်းခင်ရပါတယ်...။
နောက်.. အခြား အခြားသော သူငယ်ချင်းများကိုရောပေါ့လေ...

ဒီခြင်္သေ့ကျွန်းလေးကို ရောက်တာလည်း ၁၄ ရက်နေ့က သုံးလ ပြည့်ခဲ့ပြီ...။
၁၇ ရက်နေ့ဆို ကိုယ့် အလုပ်လေးလည်း သုံးလ ပြည့်တော့မယ်...။
ဒီမတိုင်ခင် အားလုံးကို freedom အနေနဲ့ လုပ်ကိုင်နိုင်ခဲ့တဲ့ အရင်အလုပ်လေးကို ခုလို office နဲ့ လုပ်ရတဲ့အခါမှာ စိတ်တွေရှုတ်လာတိုင်း သတိတော့ ရမိပါတယ်...။
ကိုယ် မှန်တယ်ထင်လို့ အပြောင်းအလဲတွေကို လုပ်ပြီးရင် ကိုယ့်ရွေးတဲ့လမ်းကို ကိုယ် တာဝန်ယူနိုင်ရဲရမှာပဲလေ....။

လွန်ခဲ့တဲ့ သုံးလနဲ့ နှိုင်းယှဉ်မိတော့ ခု ကျွန်တော် နေတတ်လာခဲ့ပါပြီ...
Happy Good Luck to you all!

1 comment:

Harry said...

နောက်တော့ ပိုပြီးနေတတ်သွားမှာပေါ့ မိုးအိမ်ရယ် ..
အကိုတို့ကတော့ ရေခြားမြေခြားမှာ နေသားကျနေခဲ့ပါပြီ ...
လွမ်းရင်းနဲ့ပဲ ပျော်အောင်နေတတ်ခဲ့ပြီပေါ့