16 December 2009

ဖြေတွေး

“ဖြေတွေး”

လင်းကြက်တွန်သံ
ငါမကြား
မိုးလင်းပြီလို့ ဆိုနိုင်လား။ :D :)

“လွမ်း”
တောင်တန်းပြာမှာ
နှင်းတွေဆိုင်း
အလွမ်းတွေနဲ့ ရင်မှာမှိုင်း....

ကို ဟယ်ရီကို အားကျလို့ပါ

အရင်က အိမ်ခေါင်းရင်းမှာ လာလာတွန်တဲ့ လင်းကြက်သံကြားရင်….
အိမ်ဘေး ဘုန်းကြီးကျောင်းက တုံးခေါက်သံကြားရင်…
နောက်ဖက် တာပိန်မြစ်ပေါ် ပြေးလွှားနေတဲ့ မော်တော်သံတွေကြားရင်…
သြော်.. မိုး တစ်ခါ သောက်ပြန်ပြီဆိုပြီး တွေး… ပြန်ပြန်အိပ်ပေါ့… ခိခိ…။

မေမေက “ သမီး… ထ” လို့ မဆိုမချင်း….၊
မှန်ပြတင်းကို သစ်ခေါက်နဲ့ မှားမှားပြီး လာလာခေါက်တတ်တဲ့ အူကြောင်ကြောင် သစ်တောက်ငှက် တစ်ကောင်ရဲ့ တတောက်တောက်သံ မကြားမချင်း…..၊
အိမ်အောက်ကနေ အလုပ်သမားခေါင်းဆောင် အစ်ကိုကြီးက တစ်နေ့တာ အလုပ်ကို မနေ့ညကတည်းက စီစဉ်ပေးလိုက်တာ အကြောင်း ကိစ္စ တစ်ခုခုထူးလို့ အရေးတကြီး လာမနိုးမချင်း…. မထချင်ဖူး…။ ဟီဟိ
၈ နာရီလောက်ထိတော့ အိပ်ပါရစေလေ…။ ဟုတ်တယ် ဟုတ်…
အိပ်မိတာကိုကမှ သန်းခေါင်ကျော်လို့ မိုးသောက်မှကိုး…။
ရောင်နီပျို့တာနဲ့ နိုးတယ်ဆိုတာက ဆယ်တန်းဖြေတုန်းကပဲ ရှိတာကိုး… :D….။

ခုတော့ မနက်မနက် နိုးစက်သံကြားရင် ငိုချင်တယ်….။ ဒါပေမယ့်လည်း မနက်မနက် နိုးစက်သံကြားတာနဲ့ ဖြေတွေးလေး တွေးရင်း နိုးရပြန်တယ်….။ ပြီးတော့ ဘယ်သူ့အမိန့်မှ မပါပဲ နေ့သစ်တံခါးကို ဖွင့်ရပြန်သတဲ့….။

သြော်… လောကကြီးက တစ်ခါတစ်ခါ ဟာသသိပ်ဆန်ပါလားကွယ်….။

1 comment:

JohnMoeEain said...

ကျေးဇူး မိုးအိမ်ရေ ... အကိုကတော့ မနက် နှိုးစက်သံကြားရင် snooze လုပ်ပြီး ဆက်အိပ်တယ် ... Cheesy
ပြီးမှ အသည်းအသန် လူးလဲထ ပြီး ရုံးကို ကားမောင်းပြီး ပြေးရတယ်။ Speed limit တွေ အကုန် ချိုးဖောက်ပြီး မောင်းတာပဲ။ ကင်မရာ ရှိတဲ့ နေရာမှာတော့ အရှိန်လျှော့ရတာပေါ့နော် ... Wink (ရုံးနဲ့ အိမ်နဲ့က ကီလိုမီတာ ၈၀ ဝေးတယ်။ တနာရီလောက် မောင်းရတယ် Sad Cry ရန်ကုန်နဲ့ ပဲခူး အကွာအဝေးနီးပါးပဲ ...)

အင်း ... လင်းကြက်တွန်သံ မကြားရင် မိုးလင်းပြီလို့ ဆိုနိုင်လား ... တကယ် မိုးလင်းရဲ့လား ... လင်းကြက်မတွန်ဘဲ မိုးလင်းခဲ့တဲ့ နေ့တွေ ရှိသလား ... လင်းကြက်တွန်ပါလျက်ကယ်နဲ့ မိုးမလင်းသေးတဲ့ မနက်ခင်းတွေရော ရှိခဲ့ဖူးကြသလား .... လင်းကြက်တွန်ပါလျက်နဲ့ မကြားခဲ့ဘဲ မိုးလင်းသွားများလား ...
ဘာပဲဖြစ်ဖြစ်လေ ... လင်းကြက်တွန်သံ မကြားရင် မိုးလင်းပြီလို့ ဆိုနိုင်လား ... ဆိုနိုင်လား ... ဆိုနိုင်လား ...

ကိုယ့် ဇာတိမြေက လင်းကြက်တွန်သံလေးတွေ ... တုန်းမောင်းခေါက်သံလေးတွေ ... ဥပုသ်နေ့ မနက်တိုင်း ၀တ်အဖွဲ့ရဲ့ ဘုရားဝတ်တက်သံလေးတွေ ကိုတော့ တမ်းတမိပါသေးရဲ့ မိုးအိမ်ရယ် ...

(ကို ဟယ်ရီ ရဲ့ comment လေးကို MEF ကနေ အမှတ်တရ link လေး သယ်လာခဲ့တာပါ...)