08 January 2010

အတွေးစ ၁ - ၅

အတွေးစ -၁

I'm from the golden land, not from the tiny island.

I got the degree from the university of the big country state, not from the university of the small city state.

Our history is start from the thousand years ago, not start from the last decade.

I'm working for 60 million people, not for 6 million.

Yes, I'm real Myanmar, not Singaporean. Just only for a moment, I'm working here.

It is sure that I'll go back to my homeland very soon. :P

Don't worry Friend!!!. I'm not fighting you.

I just want some good people to happy and some stupid people to angry. :D

ကိုလူလူတင်ဦးရဲ့ Experience ဆိုတဲ့အိမ်ကို သွားလည်တော့ ဒီစာကို တွေ့မိတယ်…။ မှန်တော့မှန်နေတာပဲ.. ။ ဒါပေမယ့် … ဒါပေမယ့်ပေါ့နော်.. ဟူး…။

အတွေးစ -၂

Kitchen အကြောင်း စဉ်းစားလိုက်ရင် ပုံကို မစဉ်းစားနိုင်ပဲ မနက်မနက် အမေ ကြော်ပေးတဲ့ ထမင်းကြော် ပူပူနွေးနွေးလေးရယ် နေ့လည် နေ့လည် ဟင်းမကျက်ခင် ရှိတာနဲ့ ဟိုခပ် ဒီခပ် ဟို ထည့် ဒီထည့် ရောရာစုံတဲ့ နေ့လည်စာရယ်ကိုပဲ သတိရတယ် .... စိတ်ညစ်ပါ့ :(

ဒီ Kitchen အကြောင်းကို ဖတ်မယ်ဆိုပြီး လုပ်နေတာ…. တခြားဟာတွေဆီ ကွေ့ဝိုက်နေတာနဲ့ပဲ ကြာပါပီ..
ဒါပေမယ့်…..စာလည်း မဖတ်.. ပုံလည်း မဆွဲ.. :e

ဒီကြားထဲ ရောက်တတ်ရာရာ အတွေးမှာက ဒီလိုပဲ ၀င်ဝင်လာတယ်…. ခုတော့…. စိတ်ကို အလိုမလိုက်ပဲ… လုပ်သင့်တာတွေ လုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေရပြန်တယ်….

ဘယ်အချိန် စိတ်ဓါတ်က မြေကြီးထဲ ခုန်ဆင်းပြန်ဦးမယ်မသိ… သူ ခုန်ချလည်း ကိုယ်က ပြန်ကောက်တာပေါ့နော့.. :P

အတွေးစ -၃

"အိမ်မပြန်"

တစ်ချိန်မှာ ရေကိုဆန်ကြမယ်တဲ့

ပင်လယ်ကို ထွက်ခဲ့ကြ

ပျော်ပါး မက်မပြေ ရေငန်မှာ

ဆယ်လ်မွန်တွေ အိမ်ပြန်ခက်ခဲ့ပြီ။

တင်မင်းထက် (ဝ၅.ဝ၁.၂ဝ၁ဝ)

တိုက်ဆိုင်မှုတွေများတာများ… အာရုံတွေ နောက်နေရတဲ့ ရက်သတ္တပတ်တွေများထဲမှာ ကိုယ့်ကို လာရိုက်ခတ်တဲ့ ကဗျာ…။
ဆယ်လ်မွန်တွေက အချိန်တန် အိမ်ပြန်သတဲ့….။ ကိုယ်လည်း အချိန်တန် အိမ်ပြန်မှာပါ…။ ဒါပေမယ့်.. လုပ်စရာတွေက အများသားလား..။
အားမလျော့နဲ့… ဆက်လျှောက်ရမယ်ဆိုတာက ဘယ်သူချတဲ့ အမိန့်လဲ???...။ အသေအချာတော့ ကိုယ် နာခံမှာပါလေ…။
တစ်ခါ တစ်ခါတော့ နည်းနည်း ပင်ပန်းတယ် ထင်ရင် ခဏနားပေါ့.. ဟား ဟား.. ဒါပဲ တတ်နိုင်လို့.. :D

အတွေးစ -၎

ကိုယ့်ပင်လယ်နဲ့ကိုယ်
ကိုယ့်မီနဲ့ကိုယ်
မရပ်မနား လောင်ကျွမ်းနေမှုများနဲ့

"ငယ်ဘဝ"ဆိုတာ
လောင်းကြေးထပ်ပြီး
ဘယ်တော့မှ အလျော်ပြန်မရတဲ့

ကစားနည်း တစ်ခု။

ညီမင်းညို (အမှတ် ၉၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆)

စကားမပီသေးတဲ့ ငယ်ဘ၀... ပြန်ဝယ်လို့ ရရင် အလိုက်ပေးပြီး ပြန်ဝယ်မယ် :) တကယ်!!!

အတွေးစ -၅

ချောင်းတရိုး မြစ်တသွယ်


ဘယ်လှေကို စီးရပ

ချည်ကြိုးတို့ ပြေပါစ

သီကြိုးတို့ ညီပါစ။

(ညိမ်းညို)

အတွေးလေးတွေမှာ အသိတရားလေး ကပ်နေဖို့ ဘယ်လောက်ကြိုးစားကြိုးစား… တစ်ခါတစ်ခါတော့ (တစ်ခါ တစ်ခါတွေ ခဏခဏနဲ့ :P) အတွေးတွေက ယောင်ခြောက်ဆယ်နဲ့ ဟိုရွှေ့ ဒီရွှေ့….။

ဘာပဲဖြစ်ဖြစ်.. အမြဲ သတိပေး…. အသိတွေ ပေးနေတဲ့… မိတ်ဆွေတွေနဲ့… အတူ သွားနေရတဲ့ ခရီးက နရီမှန်နေဆဲပါပဲ…။

1 comment:

သူရဲကောင်းကြယ် said...

ညီမလိုပဲ အစ်ကိုလည်း တွေးဖူးပါတယ်...
သမိုင်းအစဉ်အလာကောင်းသော ချမ်းသာကြွယ်ဝသော လို့ ဝီကီမှာ ဖတ်ရတိုင်း ရင်နာမိတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ ခေတ်တုန်းက မြန်မာဟာ
အရှေ့တောင်အာရှမှာ နာမည်တစ်လုံးနဲ့ စီးပွားရေးကောင်းခဲ့တယ်ဆိုပဲ။
အင်းခုတော့ ခက်ပါတယ်။