13 January 2010

ဧရာဝတီ


"ဧရာဝတီ"

သူ့ အနားသတ်မှာ
တစ်ခါက ကျွန်တော်တို့
သမိုင်းကြောင်းတွေလည်း ရေးထားတယ်
ပျောက်ပျက်သွားတဲ့ သဘာဝတွေ ရှိတယ်
ဖျောက်ဖျက် ခံရတော့မယ် သဘာဝတွေရှိတယ်...။

သူ့ ရင်ခွင်ကို စုန် ဆန်

ကူးချီသန်းချီ ၀မ်းစာရှာသူတွေ ရှိတယ်
သူ့ ရင်ခွင်ကို ကန့်လန့်တိုက်
ဟို ဒီ ကမ်းနှစ်ဖက် လူးလွန့် ၀မ်းစာရှာသူတွေ ရှိတယ်
သူ့ သဘာဝကို ဖျက်ဆီး
လက်တစ်လုံးခြား စီးပွားရှာသူတွေလည်း ရှိတယ်....။


သူ ပြတာက စုန် ဆန် ရ တရားလား
မတည်မမြဲ သဘာဝ တရားလား
ရိုးသားကြိုးစား လူ့ အားမာန်တွေလား
အမှန်တရားတစ်ချို့ ခေါက်သိမ်း
ကြည့်ကောင်းရှုပျော် ပုံရိပ်တွေလား....။

ဧရာဝတီကတော့

အမှတ်တရတွေကို ခင်းကျင်း
ဆက်လက် စီးဆင်းနေဆဲ....။

-ဂျွန်မိုးအိမ်-

5 comments:

ဗညားရှိန် said...

သူ ပြတာက စုန် ဆန် ရ တရားလား
မတည်မမြဲ သဘာဝ တရားလား
ရိုးသားကြိုးစား လူ့ အားမာန်တွေလား
အမှန်တရားတစ်ချို့ ခေါက်သိမ်း
ကြည့်ကောင်းရှုပျော် ပုံရိပ်တွေလား....။

ကောင်းလိုက်တဲ့ကဗျာ

johnmoeeain said...

ဧရာဝတီ ဟာ ...
မြန်မာပြည်ထဲမှာ သန္ဓေစတည်ခဲ့တယ် ...
မွေးဖွားခဲ့တယ်
ရှင်သန်ကြီးပြင်းရင်း
ခရီးဆုံးကို ရောက်အောင် သူသွားခဲ့တယ် ...
ဧရာဝတီ က သူ့အလုပ်သူလုပ်နေတာပါ ... စီးဆင်းမြဲပါပဲ
ဒါပေမယ့် တဖြည်းဖြည်း "ကော" လာနေပါပြီရောလား ....
ဒါမှမဟုတ် မြစ်ဧရာဟာ ...
ဒီအတိုင်း စီးဆင်းနေမြဲပေမယ့် ဧရာဝတီကနေပြီး တခြားနာမည်တခုများ ဖြစ်သွားခဲ့ရင် ...

ဒီမိုးဒီလေ၊ ဒီလူတွေကြောင့် ဒီလိုနေရင်းမိုးကြီးချုပ်ရင် ကျုပ်တို့ အိမ်ပြန်ခက်လိမ့်မယ် ... တဲ့
ဒီတော့ ...
ကျနော်တို့တွေ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ကျေကြမယ်ဆိုရင် ...
နှမ်းတလုံးနဲ့ ဆီမဖြစ်ပေမဲ့ အဲဒီလို နှမ်းစေ့ပေါင်းများလာတဲ့ တနေ့ ...
ကျနော်တို့ လိုလားတဲ့အိပ်မက်တွေ ...
တောင့်တတဲ့ ပန်းတိုင်တွေ ...
ဧရာဝတီကို အခုအတိုင်း ဆက်လက် စီးဆင်းမြဲ စီးဆင်းစေချင်ပါတယ် ...

(ကို Harry _ MEF မှာ comment ပေးတာလေးကို ယူခဲ့တာပါ :) )

Harry said...

အဲဗျ ... အမှတ်တရ မိုင်တိုင်က သူအရင်စိုက်သွားပါရော .. :D

ဂျွန်မိုးအိမ် said...

အဟိ.. စိတ်စောသွားတယ် အစ်ကိုရယ်....
တတ်နိုင်ဝူး... မှတ်တမ်းတင်ချင်တာကိုး :D

ဝိုင်း said...

ဧရာဝတီ ကဗျာလေးကို share သွားပါတယ် ခင်ဗျာ ။
ကျေးဇူးတင်ပါတယ် ။