17 January 2010

The Heart of the Home -2 (or) Various Design


Rustic kitchens များဟာ American ဆန်တဲ့ ဒီဇိုင်းလို့ ခေါ်ဆိုရမည်လားမသိ…။ အမေရိကတိုက်ဖက်မှာ တွေ့လေ့ရှိတဲ့ ဒီဇိုင်းပါ…။ သူ့ရဲ့ ဒီဇိုင်းဟာ structural ကိုယ်ထည်အတိုင်းပဲ ထားရှိပြီး အကြမ်းထည်ဆန်ဆန်ပါ…။ ဥပမာ Ceiling တွေမှာဆိုရင်လည်း ceiling beam တွေကို ဖုံးအုပ်ထားခြင်းမျိုး မရှိပဲ အရှိအတိုင်းထားပြီး ၎င်းကိုမှ ဒီဇိုင်းအတွင်း ထည့်သွင်းထားတာမျိုးပေါ့…။ အရိုင်းဆန်တယ်လို့တော့ တင်စားရမှာပေါ့လေ. Tongueဒီ Kitchen တွေဟာ အညိုရောင်၊ အနီရောင် အစိမ်းရောင်နဲ့ အ၀ါရောင်တွေကို အထူး အသုံးပြုလေ့ ရှိကြပါတယ်…။ Mediterranean/ Tuscan Style Kitchen များကလည်း Rustic Kitchen များလိုပါပဲ…။ သူတို့ရဲ့ furniture များဟာ အများအားဖြင့် Heavy ဖြစ်အောင် လုပ်ကြသလို Dark Color တွေကို အသုံးများကြပါတယ်…။ Countertops နဲ့ Cabinets များဟာ အများအားဖြင့် door တွေထက် drawer (အံဆွဲ)တွေ များတတ်ကြပါတယ်…။


Outdoor kitchens ပုံစံလေးကလည်း ရိုးရိုးရှင်းရှင်း လေးပါပဲ…. အဲ့.. တစ်ခြား Indoor Kitchen လေးတွေနဲ့တော့မတူဘဲ တစ်မျိုး တစ်ဘာသာ ထူးခြားတာပေါ့လေ…။ ဒီ Kitchen လေးအတွင်းမှာ အထူးသဖြင့် Barbecue လိုမျိုး လုပ်စားဖို့အတွက် Area လေး တစ်ခုကတော့ မပါမဖြစ်ပေါ့…။ Food Prep လုပ်ဖို့နဲ့ အစားစားဖို့အတွက် dining counter သို့မဟုတ် table လေးက သီးခြားစီ ရှိတတ်ပါတယ်..။ Island Kitchen မျိုးပေါ့.. အခြား Indoor Kitchen များလိုပါပဲ.. Power Service ပေးတာတွေကလည်း အတူတူပါပဲ…။ တစ်ခု ထူးခြားတာက ဒီလို Outdoor ဖြစ်အောင် ဖန်တီးထားတာကိုက Entertainment ဖက်ကို နွယ်တဲ့အတွက် အပန်းဖြေဖို့ topic တစ်မျိုးမျိုးနဲ့ ဒီဇိုင်းကို စဉ်းစားပေးရတာပါပဲ…။



Country kitchens လေးတွေကတော့ သဘာဝပိုဆန်ပြီး active ဖြစ်တယ်လို့ ခံစားစေပါတယ်..။ အရောင်လွင်လွင်၊ အရောင်စိုစိုလေးတွေကို အသုံးပြုလေ့ရှိကြပြီး ဒီ Kitchen အတွင် အသုံးပြုတဲ့ ပစ္စည်းလေးအများစုက အများအားဖြင့် လက်ဖြစ် Handcraft လေးတွေပါ..။ ရိုးရိုးစင်းစင်းနဲ့ ဆွဲဆောင်မှု ရှိသလို ထင်ရပါတယ်..။ အဲ့… Handcraft လို့ဆိုတဲ့နေရာမှာ Sink တွေဘာတွေကတော့ ဘယ်ပါမလဲနော် .... ပန်းအိုးလေးတွေ သစ်သီးခြင်းလေးတွေ… နဲ့ အလှဆင်ဖို့ နေရာလေးတွေကို ဖန်တီးပေးထားရသလို ဒီ Kitchen လေးတွေကိုက ခြံဝန်းလေးနဲ့ အနီးဆုံးနေရာမှာ ရှိနေတတ်ပါတယ်..။ တစ်ခါတစ်ရံ ဒီ Kitchen လေးတွေက အိမ်မကြီးကနေ ခွဲထွက်ပြီး သီးခြား အိမ်လေးနဲ့လည်း ရှိတတ်ပါတယ်..။ French Country, English Country, Tuscan Country Kitchen လေးတွေက နာမည်ကြီး ထင်ရှားလေရဲ့…။


Contemporary kitchens များဟာ Contemporary လို့ဆိုတဲ့အတိုင်း ခေတ်နဲ့ အပြိုင်ပေါ့လေ.. “ခေတ်ပြိုင်” ပေါ့ .. ရိုးရှင်းနဲ့ ပုံပန်း သဏ္ဌာန်၊ အရောင်အသွေးများနဲ့ အနု အရွ အလှ အပတို့ကို ကျွမ်းကျင်လှပစွာ ခံစားဖန်တီးထားတဲ့ ဒီဇိုင်းလို့ ခေါ်ဆိုရမှာပေါ့နော်…။ အများအားဖြင့် horizontal line တွေ နဲ့ ရိုးရှင်းစွာ ဖွဲ့တည်တတ်ပါတယ်…။ Space တစ်ခုအတွင်းမှာ ထားရှိမယ့် ပစ္စည်းလေးတွေရဲ့ အရွယ်အစားတွေ၊ နေရာအထားအသိုတွေ Balance ဖြစ်ဖို့ထက် အမြင်အာရုံမှာ အရောင်ကာလာများနဲ့ ဟန်ချက်ညီညီ ဖမ်းစားဖို့ကို ဒီ ဒီဇိုင်းလေးက ရည်ရွယ်လေရဲ့..။ ဒီ Contemporary မှာ အများအားဖြင့် အသုံးပြုတတ်တဲ့ material တွေကလည်း natural ဖြစ်တဲ့ ပစ္စည်းတွေ (ဥပမာ - သစ်သား) ထက် man made ဖြစ်တဲ့ stainless steel, laminate, frosted glass inserts, concrete, linoleum (ဖယောင်းပုဆိုး), chrome and lacquer (သစ်စေး ကဲ့သို့), slate, recycled plastic တွေကို အသုံးပြုလေ့ရှိတတ်ပါတယ်…။ အခန်းလေးတစ်ခန်းကို Contemporary Design လေးလုပ်ထားရင် အများအားဖြင့် Door တွေဟာ Swing Door တွေထက် Sliding Door လေးတွေ ဖြစ်နေတတ်သလို Wall တွေဟာလည်း plain လေးတွေ ဖြစ်နေတတ်ပါတယ်…။ (တကယ်လို့ Pattern လေးတွေကို wall မှာထည့်ချင်ရင်လည်း texture plaster တွေ Wall paper တွေကို လိုက်ဖက်ညီအောင် သုံးတာပေါ့နော်း) ) နောက်.. Nature ဖြစ်တဲ့ Wood တွေကို သုံးမယ်ဆိုရင်လည်း သစ်ကွက်တွေ အဆင်ဆန်းတွေကို သုံးတာထက် Dark Color Wood တွေကိုပဲ သုံးလေ့ရှိပါတယ်..။ Floor တွေကလည်း ချောမွတ် တောင်ပြောင်တဲ့ ပုံစံရှိတဲ့ material တွေကို သုံးလေ့ရှိပါတယ်…။ အလင်းအမှောင် Lighting အတွက်ဆိုရင်လည်း Neon Tubes တွေကို အသုံးပြုတာများပါလေရဲ့..။ Kitchen အတွင်းမှာ မပါမဖြစ်တဲ့ Appliance လေးတွေကိုလည်း တတ်နိုင်သမျှ Cabinet လို နေရာတွေထဲမှာပဲ ထားရှိလေ့ရှိတဲ့အတွက် Contemporary Design Kitchen လေးတွေဟာ ဟိုဟိုဒီဒီ ချိတ်ဆွဲအလှဆင်တာတွေထက် ရိုးရှင်းတဲ့ ဟန်ပန်နဲ့ ခေတ်ဆန်ကြော့မော့နေဟန် ဖန်တီးပြီး ကျွန်တော့်တို့ရဲ့ ခံစားချက်တွေကို ဖမ်းစားညို့ယူနေတာပါ…။

Traditional kitchens များဟာ ပုံစံကျ၊ ခမ်းနားတဲ့ သွင်ပြင် လက္ခဏာတွေနဲ့ ဖွဲ့စည်းထားပါတယ်…။ အထူးသဖြင့် American နဲ့ European Homes တွေမှာ 18 ရာစုလောက်ကတည်းကနေ စတင်ခဲ့တဲ့ ဒီဇိုင်းပါ…။ အစဉ်အလာကြီးသလို ခမ်းနားမှုလည်း ရှိပါတယ်…။ အသုံးပြုတဲ့ material တွေကလည်း cheery, walnut, mahogany လို သစ်သားတွေ များပါတယ်…။ (ကျွန်တော်တို့ နိုင်ငံမှာဆိုရင်တော့ ကမ္ဘာကျော်တဲ့ မြန်မာ့ကျွန်းသစ်ပေါ့ Cheesy။ Contemporary နဲ့ ဆန့်ကျင်ဖက်လိုပါပဲ…။ Stainless Steel တွေလို Glass တွေလို material တွေကို အသုံးပြုလေ့ မရှိပါဖူး…။ ဒါ့အပြင် ဒီ Kitchen လေးတွေမှာ ပန်းအိုးလေးတွေထားရှိပြီး သဘာဝဆန်အောင်လည်း အလှဆင်တတ်ကြပါသေးတယ်.…။ ယနေ့ ခေတ်မှာတော့ Traditional Kitchen လေးတွေမှာ Modern Light တွေကို အမြင်အာရုံကို သိမ်မွေ့စွာ လှည့်စားပြီး ထားရှိလာကြလေရဲ့…။Space တစ်ခုကို နေရာအနှံ့ ဟိုဟိုဒီဒီ အလှဆင်တတ်သတဲ့ Traditional Kitchen ပုံစံဟာ အမြင်အာရုံမှာ ရှင်းရှင်းလင်းလင်း ခံစားလို့ မရပေမယ့် material အားလုံးကို လိုက်ဖက်ညီအောင် နေရာတကျ၊ စနစ်တကျ၊ အချိုးညီညီ ထားရှိပြီး အလှဆင်ထားတဲ့ Traditional Kitchen တွေဟာ ခမ်းနားမှုတွေကို ခုံမင်တဲ့သူတွေအတွက်ကတော့ ဘယ်ခါမှ မရိုးသွားနိုင်ပါဖူး…။


Transitional kitchens တွေကတော့ Traditional နဲ့ Contemporary Design တွေကို အချိုးညီညီ ပေါင်းစပ်ထားတာပါ…။ သဘာဝ ပစ္စည်းတွေရော man-made material တွေကိုရော အသုံးပြုလေ့ရှိပါတယ်….။ တကယ်လို့များ ကျွန်တော်တို့အနေနဲ့ bamboo flooring လေးတွေနဲ့ modern lighting effect လေးတွေကို ခံစားချင်တဲ့အခါမျိုးတွေမှာပေါ့လေ .....

လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ထုံးထလေ့အစဉ်အလာတွေသာ ဘယ်လိုပဲ ကွဲပြားကွဲပြား....Kitchen ဆိုတာလေးကတော့ အိမ်လေးတစ်အိမ်ရဲ့ အဓိကလိုအပ်ချက်အဖြစ် တည်ရှိနေမှာပါ....။ ကျွန်တော်တို့ရဲ့ ရှင်သန်နေထိုင်မှုဟာ အနုပညာရပ်တစ်ခုဆိုရင် ဒီ Kitchen လေးတွေကနေ ဖော်ပြနေတဲ့ အနုပညာတစ်ခုက ဘ၀ရဲ့ ပြဇာတ်ထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေမှာပါ....

3 comments:

The Queen said...

Like it!

သက်ပိုင်သူ said...

မီးဖိုချောင်လေးတွေ အကြောင်း ရေးထားထာ စိတ်ဝင်စားစရာပဲနော်။ မြန်မာပြည်မှာတော့ မီးဖိုချောင် အမျိုးအစား တစ်မျိုးပဲ၇ှိတယ်။ နိုင်ငံခြားမှာတော့ wet kitchen Dry kitchen Show kitchen ဆိုပြီး ရှိကြတယ်။
ကျွန်တော်က ချက်တာပြုတ်တာဝါသနာပါတော့ ကိုယ့်အိမ်ကိုယ့်ယာလေးနဲ့ ဖြစ်ရင် မီးဖိုချောင်လေးကို အကောင်းဆုံး ဖြစ်အောင်လုပ်မယ်။ မီးဖိုချောင်ထဲမှာလည်း ချက်ရင်း ပြုတ်ရင်း ဧည့်ခံလို့ရအောင် Island counter top လေးတွေ လုပ်ထားမယ်ဗျာ... တကယ်လုပ်ဖြစ်ရင်တော့ ဖိတ်လိုက်မယ်

ဂျွန်မိုးအိမ် said...

အင်း.. ဒါဆိုရင်တော့ အားမနာတမ်း အလည်လာမှပဲဖြစ်မယ် :P