17 January 2010

The Heart of the Home

The Heart of the Home or "KITCHEN"

မနက်စောစော ကော်ဖီတစ်ခွက်ဖျော်ဖို့ ပြင်ဆင်ရတဲ့အချိန်ကနေ ညသန်းခေါင်ယံမှာ ရေအေးအေးလေး တစ်ခွက်လောက် သောက်ဖို့ ကျွန်တော်တို့ သွားတတ်တဲ့နေရာ...။ မိသားစုတစ်ခု နွေးထွေးချစ်ကြည်မှုတွေနဲ့ ဖွဲ့တည်ဖို့ သူ့ရင်ခွင်ကို ဖွင့်ထားတဲ့နေရာ...။ ကိုယ့်အပေါင်းအသင်းမိတ်ဆွေနဲ့ သီးသီးသန့်သန့်နေထိုင်ရင်း ခင်မင်ရင်းနှီးမှုတွေ လွင့်ပျံ့နိုင်တဲ့နေရာ...။ ဒီနေရာလေးဟာ အိမ်လေးတစ်အိမ်ရဲ့ အသည်းနှလုံးလို့ ခေါ်ဆိုနိုင်သလို... သူ့ကို ဖန်တီးပေးမယ့် ဒီဇိုင်နာတစ်ဦးအတွက် အိမ်လေးအတွင်းမှ လူတိုင်းအတွက် လုံခြုံနွေးထွေးမှုတွေ၊ နရီမှန် အဆင်ပြေမှုတွေ၊ သာယာနာပျော်မှုတွေအားလုံးကို ဖန်တီးပေးရမည့်နေရာ...။ ဒီနေရာလေးကို လေ့လာမိတော့......။

Kitchen တစ်ခုဟာ သူ့ကို အသုံးပြုတဲ့သူတွေ Safety ဖြစ်ဖို့၊ သူ့ကို အသုံးပြုတဲ့အခါ Function ကျပြီး Comfortable ဖြစ်ဖို့၊ Aesthetic လို့ ခေါ်ဆိုနိုင်တဲ့ အနုသုခမဟန်ကို ခံစားနိုင်စွမ်းလည်း ပေးဆောင်နိုင်ဖို့ အဓိက အခြေခံရပါတယ်…။

အထူးသဖြင့် whole-house-scheme တစ်ခုလုံးနဲ့ Integrate ဖြစ်ဖို့ ဖန်တီးပေးရသလို Design Harmony ဖြစ်ဖို့.. သူ့ကိုပြုလုပ်မယ့် Material များ၊ အသုံးပြုမယ့် Accessories များ၊ Structural Component များနဲ့ နောက်ဆုံး Finishing ပိုင်းမှာ မြင်တွေ့ရမယ့် Color နဲ့ Texture များကို အထူးဂရုပြုပေးရတတ်ပါတယ်…။သို့ပေမယ့်.. သူ့ကို အသုံးပြုမယ့် သူတွေရဲ့ Culture နဲ့ Life style ပေါ်မူတည်ပြီး သူ့ကို ထားရှိမယ့် နေရာ၊ သူ့ရဲ့ အကျယ်အ၀န်း အနေအထား အရွယ်အစား နဲ့ Designer ရဲ့ Design Idea နဲ့ Concept တွေပေါ် မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်...။

Working Triangle လေးရဲ့ ပတ်ပတ်လည် အလျား (Perimeter) လေးဟာ Minimum 12’ ကနေ Maximum 22’ အတွင်း မှာ ရှိအောင်လည်း ဂရုပြုပေးရမှာပါ…။

Working Triangle ပေါ်မူတည်ပြီး Layout Plan လေးတွေကို စဉ်းစားပေးရသလို တစ်ဖက်မှာလည်း Kitchen တစ်ခုကို Eating Zone, Baking Zone, Cleaning Zone, Cooking Zone ဆိုပြီး သက်ဆိုင်ရာ အပိုင်း ကဏ္ဍအလိုက် Zone လေးတွေ ခွဲခြားပြီး Function နရီ မှန်အောင် စဉ်းစားပေးရပါတယ်..။

အဓိက အနေနဲ့ကတော့ Working Triangle အတွင်း Cooker, Sink, Fridge ဆိုတဲ့ Cooking, Cleaning, Storage Function ကို အထူးဦးစားပေး စဉ်းစားသလို Zone အပိုင်းလိုက် Appliances လေးတွေ Equipment လေးတွေကို နေရာချမှန်ကန်ဖို့လည်း စဉ်းစားဖို့ပါ…။

Kitchen လေးကို Layout အလိုက် Zone အလိုက် ပိုင်းခြားပြီး Plan ချဖို့ စဉ်းစားသလို ဒီ Plan လေးအတွင်းမှာ Kitchen ကို Fitted အနေနဲ့ ထားရှိမှာလား၊ Unfitted အနေနဲ့ ထားရှိမှာလား ဆိုတာကိုလည်း စဉ်းစားပေးရမှာပါ…။ Fitted Kitchen လေးတွေက Standard ပိုဖြစ်တဲ့အလျောက် ဈေးကွက်အတွင်းမှာ လွယ်လွယ်ကူကူ ၀ယ်ယူလို့ရနိုင်သလို Install လုပ်ဖို့လည်း လွယ်ကူပါတယ်..။Neat & Tidy ဖြစ်တဲ့ Fitted Kitchen လေးတွေဟာ Small Space လေးပဲ ရရှိတဲ့ Kitchen လေးတွေအတွက် အဆင်ပြေစေပါတယ်..။ Material တွေကလည်း Uniform ဖြစ်နိုင်သလို Harmony ဖြစ်တဲ့ Design လေးကို ခံစားနိုင်ပါတယ်….။ တစ်ဖက်မှာ Unfitted Kitchen လေးတွေကတော့ ဒီဇိုင်းလေးတွေကို စနစ်တကျ စဉ်းစားပြီး သီးခြား ခွဲထွက် လုပ်ကိုင်နိုင်တဲ့အတွက် Personal ပိုဆန်တယ်လို့ ဆိုနိုင်ပါတယ်…။ Kitchen တစ်ခုဟာ Layout Plan လေးတွေ Confirm ဖြစ်ရင်တော့ ဒီ Kitchen လေး အတွင်းမှာ အသုံးပြုဖို့ Gas, Electricity, Water, Heating တွေကို ဘယ်လို ယူမှာလဲဆိုတဲ့ Power service တွေကို ဘယ်လိုပေးမလဲဆိုတာ ဆက်လက်စဉ်းစားပေးရပါတယ်…။ Safety ဖြစ်ဖို့ အထူး စဉ်းစားရသလို Function မှန်ဖို့လည်း စဉ်းစားပေးရပါတယ်..။ တစ်ဖက်မှာ Lighting Effect တွေကို ထည့်သွင်းစဉ်းစားဖို့ လိုသလို Noise ကို ထိန်းဖို့ Walling နဲ့ Ceiling တွေရဲ့ Material တွေကိုလည်း ဂရုပြုပေးရပါတယ်…။ အသေးစိတ် စဉ်းစားရင်တော့လည်း အများကြီးပေါ့....။

Working Triangle လို့ခေါ်တဲ့ Cooker, Sink, Fridge အပိုင်းသုံးခုပေါ်မူတည်ပြီး အခြေခံစဉ်းစားပေးရတဲ့ Layout ပုံစံတွေကလည်း Kitchen Design မှာ အလွန်ကို အရေးကြီးပါတယ်…။ Kitchen Layout ပုံစံတွေဟာ ယေဘူယျအားဖြင့်
1. One Wall Kitchen

2. Corridor Kitchen

3. L Shape Kitchen

4. U Shape Kitchen

5. Double L Shape Kitchen

6. Peninsular Kitchen

7. G Shape Kitchen

8. Island Kitchen ဆိုပြီး ရှိပါတယ်…။

အောက် မှာ Kitchen Layout လေးတွေတစ်ခုချင်းစီကို ရိုးရိုးရှင်းရှင်းလေး မြင်နိုင်ပါတယ်…း)


ONE WALL KITCHEN LAYOUT PLAN



CORRIDOR KITCHEN LAYOUT PLAN






L-SHAPED KITCHEN LAYOUT PLAN




U-SHAPED KITCHEN LAYOUT PLAN

G-SHAPED KITCHEN LAYOUT PLAN


ISLAND KITCHEN LAYOUT PLAN

PENINSULA KITCHEN LAYOUT PLAN


အိမ်လေးအတွင်းမှာ Kitchen လေးတွေကို ထားတတ်သလို တစ်ခါ တစ်ခါ မှာ Outdoor အနေနဲ့လည်း Kitchen လေးတွေကို ထားတတ်ပါသေးတယ်… ။


ပုံမှာ Outdoor Kitchen လေးကို မြင်နိုင်ပါတယ်…။

ကျွန်တော်တို့ နိုင်ငံမှာတော့ အချို့အိမ်တွေက အိမ်မကြီးကနေ အဖီလေးတွေ တွဲပြီး Kitchen လေးတွေကို ထားတတ်ကြပါသေးတယ်…။ ဒီလို အဖီလေးတွေ တွဲပြီးထားတဲ့အခါဆိုရင်တော့ Design စဉ်းစားတဲ့အခါမှာ ပုံမှန်ထက် Right Height, Sufficient Light, Access Equipment နဲ့ Suitable Ventilation ရရှိအောင် ပိုပြီး ဂရုစိုက်ပေးရမှာပါ..။


ဒီဇိုင်နာ တစ်ဦးအတွက်ကတော့ မိမိကို ယုံကြည်ကိုးစားပြီး လာခဲ့တဲ့ Client တွေအတွက် သူတို့လိုအပ်ချက်တွေကို သိနားလည်ဖို့ ကနဦး ကြိုးစားသင့်သလို Client တွေရဲ့ Nature ကိုလည်း ဖမ်းဆုပ်မိဖို့က အရေးအကြီးဆုံးဖြစ်မှာပါ…။ တစ်ဖက်မှာလည်း မိမိအနေနဲ့ သူတို့အတွက် စဉ်းစားပေးပုံနဲ့ မိမိ ဒီဇိုင်းရဲ့ Effect ဖြစ်ပုံကို Client တွေကို နားလည်အောင် ရှင်းပြပေးဖို့ လိုမှာပါ…။ မသိ နားမလည်ထားတဲ့သူတွေဆိုရင်လည်း Educated လုပ်ပေးဖို့ လိုမှာပါ…။

1 comment:

သက်ပိုင်သူ said...

ကျွန်တော်တောင် အဲဒီလို kitchen configration တွေ ခွဲထားတာ သေချာမသိခဲ့ဘူး။ Function ကို ခွဲပြီး Dry Wet ခွဲတာပဲ သိခဲ့တယ်။ ကျေးဇူး