29 March 2010

"အမြဲတမ်း အထီးကျန်"

"အမြဲတမ်း အထီးကျန်"

သွားတော့သွားနေတာပဲ
ဒါပေမယ့် ဆုံလည်နွားလိုပဲ
ဒီတစ်နေရာထဲ ပြန်ပြန်လည်လာမိသလို...။
ရပ်တော့ ရပ်နေခဲ့တာပဲ
နစ်ဝင်သွားခဲ့တာလည်း မသိလိုက်ဖူး
သတိထားမိတော့ မနက်ခင်းချိန်တိုင်းဟာ
နေ၀င်ဖို့ နီးလာသလိုလို....။
ဝန်းကျင်က လင်းကျင်းနေပေမယ့်
စိတ်ထဲမှာက ပကတိ အမှောင်....။
(ဂျွန်မိုးအိမ်)

အထီးကျန်

ရပ်နေတာ ဘယ်လောက်ကြာပြီလဲ
အပြင်မှာ မိုးရွာတော့မှာလား
ပြတင်းတံခါးဟာ ဖွင့်လိုက်ပိတ်လိုက်
ညနေခင်းကသူ့အလိုလို ပြိုကျသွားပြီ
ဖွင့်စရာသီချင်းလည်း ကုန်သွားပြီ
သတိရစိတ်က ညတွေလိုနက်ရှိုင်းပြီး
အစဆွဲထုတ်ဖို့ အဆုံးကိုပြန်သွားလို့မရတဲ့အခါ
မလှုပ်သာမလှည့်သာ အခန်းလေးထဲ
အရောင်တွေ မှိုင်းလွန်းလှတယ်။

(ညိမ်းညို)

(စကားချပ်... ဘာရယ်မဟုတ်... မကြာခဏ ဖတ်မိလေ့ရှိတဲ့ ဒီကဗျာလေးကို ခံစားမိသလို ဆင့် တွေး နေမိတာပါ)

4 comments:

နွေဦးလွင် said...

အထီးကျန်မှုကို အပြည့်အ၀ကျနော်နဲ့ထပ်တူကျထားတယ် နော် ။ ခံစားနှစ်သိမ့်ရမှု အတွက်ကျေးဇူးတင်ပါတယ် ။

ဖိုးမောင်(happycloud) said...

ညီမလေးရေ... အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ဟာ အဖော်ကင်းတဲ့ အချိန်တွေမှာ ဖြစ်တတ်တာပဲ... ၀ါသနာဆိုတဲ့အဖော်မွန်ကလည်း တခါတလေမှာ ညီးငွေ့ စေတတ်ပြန်တယ်... ဒါပေမယ့် ဆန္ဒတွေ အတွက် အထီးကျန်ခြင်းတွေ ကိုသိမ်းပိုက်ထားရအုန်းမှာပေါ့....

noblemoe said...

အမှောင်ဆိုတာလည်းအမြဲတမ်းတွက်ဟုတ်ဖူးလေနော်
အလင်းလေးလာတာကိုလည်း သတိထားစေချင်ပါတယ်
သာယာချမ်မြေ့ပါစေနော်
မိုး

မိုးခါး said...

အမြဲတမ်း အထီးကျန်နဲ့ ခု စိတ်ရဲ့ အခြေအနေက တူသယောင်ယောင် ..း)