17 March 2010

GAZEBO (ဂါဇီဘို)



GAZEBO (ဂါဇီဘို) ဆိုတာ ကျွန်တော်တို့နဲ့ စိမ်းနေသေးပေမယ့် အနောက်နိုင်ငံများမှာ နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်လာခဲ့တာပါ…။ ဧကများစွာ ကျယ်တဲ့ ခြံကျယ်ကြီးတွေထဲမှာ ကြီးကျယ်ခမ်းနားတဲ့ အိမ်တော် (Mission) ကြီးတွေဆီသွားရာ လမ်းတစ်ထောက်မှာ Gazebo လေးတွေကို တွေ့မြင်နိုင်ပါတယ်….။ ဒါမှမဟုတ် ခြံဝန်းအတွင်း စမ်း, ကန်, ပန်းခြံလေးတွေ အနားမှာ အနားယူ အပန်းဖြေဖို့ ဆောက်ထားတဲ့ Gazebo လေးတွေကိုလည်း မြင်တွေ့နိုင်ပါတယ်…။ Gazebo ရဲ့ အဓိက ရည်ရွယ်ချက်နဲ့ အသုံးချမှုကတော့ မိမိ ကိုယ်ပိုင် ခြံဝန်းအတွင်းမှာ အနားယူအပန်းဖြေရန် အလှတန်ဆာဆင်မှုတစ်ရပ် ဖြစ်ပါတယ်…။ သို့အတွက် Gazebo များဟာ ကြီးမားတဲ့အဆောက်အဦးများ မဟုတ်ပါပဲ အိမ်ဂေဟာကြီးအနီး ခပ်လှမ်းလှမ်းမှာ ခြံဝန်းအလှ သဘာဝကို ခံစားနိုင်တဲ့ မျက်စိပသာဒဖြစ်စေတဲ့ အဆောက်အဦးများ ဖြစ်ပါတယ်…။



Gazebo များဟာ လေးထောင့်စပ်စပ်ရှိသလို တစ်ခါတစ်ရံ အဌဂံပုံစံလည်း ရှိတတ်ပါတယ်…။ အမိုးပါ လေးဖက်လေးတန် အကာအရံပါတဲ့ အလုံပိတ် အဆောက်အဦးလေးလည်း ဖြစ်နိုင်သလို လေးဖက်လေးတန် လက်ရန်းလေးတွေပဲကာထားတဲ့ ရှင်းရှင်းလင်းလင်း ပုံစံလေးလည်း ဖြစ်နိုင်ပါတယ်…။ ၄င်းမှာ အမိုးများကတော့ မပါမဖြစ် ပါဝင်တတ်ပြီး တစ်ခါတစ်ရံ နံရံများဟာ ဥယျာဉ်အတွင်း ခြံဝန်းအုတ်ရိုးများကိုသော်လည်းကောင်း တွဲဆက်ထားတတ်ပါတယ်..။ ထိုင်စရာနေရာလေးတွေ မပါမဖြစ် ပါဝင်ပြီး အတွင်းတစ်နေရာမှာ နားနားနေနေ ခြံဝန်းအတွင်းရှိ သစ်ပင်ပန်းမန်များကို ကြည့်ရှုခံစားနိုင်ပါတယ်…။ မြစ်ချောင်းကမ်းခြေနားမှာရှိရင်တော့လည်း နေညိုချိန် တိမ်ငိုချိန်, နေထွက်ချိန် တိမ်တက်ချိန်လေးတွေကို Gazebo လေးအတွင်းကနေ ကြည့်ရှုခံစားနိုင်တာပေါ့လေ…။ အချို့ Public Area လေးတွေထဲက Gazebo လေးတွေကတော့ အနားယူအပန်းဖြေသာမက အမိုးအကာရဲ့ အကာအကွယ်ယူနိုင်စေဖို့လည်း ရည်ရွယ်ပါတယ်…။


တကယ်တော့ Gazebo များဟာ မိမိကိုယ်ပိုင် ခြံဝန်းကို အလှဆင်မှုတစ်ခုဖြစ်သလို အပန်းဖြေ နားခိုရာ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်…။ အိမ် ဆိုတဲ့ အနှစ်သာရတစ်ခုကနေ ခွဲထွက်ပြီး သီးခြားရပ်တည်နေတဲ့ Living Area လေးတစ်ခုလည်း ဖြစ်လေရဲ့…။ လွတ်လပ်ခြင်းဆိုတဲ့ အနှစ်သာရများပါဝင်နေသလို ကိုယ်ပိုင် Privacy တစ်ခုကို အကောင်အထည်ဖော်ထားတဲ့ နေရာလေးလို့လည်း ဆိုနိုင်ပါတယ်…။ ခမ်းနားတဲ့ အိမ်အင်္ဂါတစ်ရပ်ဖြစ်သလို Home Gardening & Landscaping ကို အနီးကပ် လေ့လာနိုင်တဲ့ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါတယ်…။

Gazebos များမှာ pagodas, pavilions, kiosks, belvederes, follies, alambras, pergolas, and rotundas လည်း ပါဝင်ပါတယ်…။ ၄င်းတို့ရဲ့ Structure ဖွဲ့စည်းပုံများဟာ နေရာ၊ ဒေသ၊ ဆင်းသက်လာပုံ နဲ့ ရာသီဥတုအပေါ်မူတည်ပြီး ကွာခြားသွားပါတယ်…။ အောက်မှာတော့ သက်ဆိုင်ရာ တစ်မျိုးစီအကြောင်းပေါ့.....။

Pavilion ဆိုတာကလည်း Gazebo အုပ်စုဝင်ပါပဲ…..။ ပင်မ အိမ်မကြီးမှ အနီးဆုံး အကွာအဝေးမှာ သီးခြားရပ်တည်နေတတ်ပါတယ်….။ Pavilion များဟာ Gazebo များနည်းတူ အနားယူအပန်းပြေစေဖို့အတွက် အထူးရည်ရွယ်လေ့ ရှိပါတယ်…။

ဒီနေရာမှာ Pagoda များကတော့ Gazebo နွယ်ဝင်ဆိုပေမယ့် ၄င်းတို့ဟာ Tower ကဲ့သို့ အသွင်ဆောင်ပါတယ်..။ အထူးသဖြင့် China, Japan, Korea, Vietnam အစရှိတဲ့ အာရှနိုင်ငံတွေမှာ တွေ့ရလေ့ရှိပါတယ်…။ ဒီနေရာမှာ Pagoda ဟာ ကျွန်တော်တို့နားလည်ထားတဲ့ စေတီ နဲ့တော့ အနည်းငယ်ကွာခြားတာပေါ့နော်… ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ထိုင်းမှာတော့ Pagoda နဲ့ Stupa (ထူပါ) ဆိုပြီး အမျိုးမျိုးရှိပါတယ်….

Kiosk တွေတော့ Garden Pavilion တစ်မျိုးပါပဲ....။ ဒါပေမယ့် သူ့ရဲ့ ဘေးဖက်အားလုံးဟာ opening ဖြစ်ကောင်း ဖြစ်နေတတ်ပါတယ်...။ ဘာလို့လဲဆိုတော့ ဒီ Kiosk လေးတွေက ဈေးရောင်းဖို့ နေရာလေးတွေအဖြစ် ရည်ရွယ်လို့ပါပဲ......

Pergola ဆိုတာကတော့ Gazebo အနွယ်ထဲ ပါဝင်ပေမယ့် ၄င်းက ဥယျာဉ်တစ်ခုအတွက် ပိုပြီး ရည်ရွယ်ပါတယ်….။ ဥယျာဉ်တစ်ခုအတွင်း အရိပ်ရတဲ့ လျှောက်လမ်းလေးတစ်ခုထည့်သွင်းလိုတဲ့အခါမှာ Pergola ကို အသုံးပြုလေ့ရှိပါတယ်…။

Gazebo များရဲ့ ဆောက်လုပ်ကြလေ့ရှိတဲ့ ပုံစံများကတော့ ကာလဒေသ ယဉ်ကျေးမှုအလိုက် အမျိုးမျိုးကွဲပြားမှာပါ…။ မည်သို့ဆိုစေ…Gazebo အဆောက်အဦးလေးများဟာ မိမိ ခြံဝန်း ပန်းခြံလေးတွေထဲမှာ အရိပ်အာဝါ၀ ပေးတဲ့ နေရာလေးဖြစ်ရုံသာမကပဲ ခြံဝန်းအလှ သဘာဝရဲ့ သာယာလှပမမှုကို အားဖြည့်ပေးထားတဲ့ နေရာလေးတစ်ခု ဖြစ်နေမှာပါ..။

ရောင်းရင်းတို့ရော... ကိုယ့်ရဲ့ ခြံဝန်းအတွင်းမှာ Gazebo လေးရှိရင် ဘာလုပ်ဖြစ်မယ်လို့ တွေးမိပါသလဲ......။ ကျွန်တော်သာဆိုရင်တော့ ဘေးမှာ စပယ်နဲ့ ဇွန်ပန်းရုံလေးတော့ စိုက်ထားဖြစ်မယ်ထင်တယ်....။ နောက် ကြယ်စုံတဲ့ညတွေဆို တစ်ခါလောက်တော့ ဒီ Gazebo လေးဆီ အရောက်သွားဖြစ်မှာ အသေအချာပါပဲ....။ ညအခါ လသာသာနဲ့ Gazebo လေးအတွင်းနေရတဲ့ ခံစားမှုရယ်... ကြယ်စုံ နက္ခတ်စုံတဲ့ ၀ိုးတ၀ါးညတွေမှာ Gazebo လေးအတွင်း နေရတဲ့ခံစားမှုရယ် ဘယ်ဟာက ကျွန်တော်တို့ကို ပိုပြီး ညို့ယူသွားစေနိုင်မှာလဲလို့ တွေးနေမိပါတယ်....။

-ဂျွန်မိုးအိမ်-

Ref & Photo:
ဗိသုကာမြင်ကွင်း (ပါစီမျိုးမြင့်) နှင့် wikipedia

5 comments:

ပါကြီး said...

အင်းဂါဇီဘို..ဂါဇီဘို...း-) ...ဟုတ်တယ်နော်...
ဦးလေးပါစီနဲ့ မိတ်ဆက်ပေးတာ ကျေးဇူးတင်တယ်..း-)

ဂျွန်မိုးအိမ် said...
This comment has been removed by the author.
MTZO said...

တနေ.လောက်တော့ Gazebo ထဲမှာ နှစ်ယောက်တူတူ အနားယူအပန်းဖြေ နိုင်အောင်ကြိုးစားဦးမှပါ။ :D

ဂျွန်မိုးအိမ် said...

oom.... ကို ပါကြီးက
သူများပြောမယ့်စကားကို သူပြောသွားတယ်.....:)
စာအုပ်လက်ဆောင်ပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ် ခိခိ

ဒီလိုသာဆို မ AMN ကတော့ အရမ်းကျေနပ်မှာတော့ ကို MTZO ကြီးရဲ့ :P

မိုးမောင် said...

ဂါဇီဘိုက.. စလုံးရောက်မြန်မာတွေအတွက် အရက်ထိုင်သောက်ရာမှာလည်း အထူးအသုံးဝင်ပါတယ်။