18 March 2010

PATIO 2

BALCONY

Balcony များကတော့ အဆောက်အဦးနံရံများမှ တံခါးများဖွင့်ပြီး ဆန့်ထုတ်ထားတဲ့ platform များဖြစ်ပါတယ်…။ တစ်ချို့ Balcony များဟာ Cantilever ပုံစံမဟုတ်ပဲ Column များနဲ့ ထောက်မထားတာလည်းရှိတတ်ပါတယ်…။


Balcony များဟာ Patio ငယ်လေးတွေပါပဲ… ကိုယ့်အခန်းလေးကနေ အပြင်ကို ဧရိယာအနည်းငယ်ထုတ်ပြီး နားနားနေနေ ပြင်ပလေကိုထွက်ရှုလို့ရသလို စာလေးဘာလေးလည်း ထွက်ဖတ်နိုင်တာပေါ့…။

ဧရိယာ ခပ်ကျယ်ကျယ်လေးရရင်တော့ တစ်မျိုး ဘ၀င်ခိုက်စရာပေါ့နော်..။


PORCH


Porch များကတော့ အဆောက်အဥိးများနဲ့ တွဲဆက်ထားလေ့ရှိပါတယ်….။ အိမ်ရဲ့ အ၀င်အထွက် တံခါးလေးတွေနားမှာ တည်ရှိတတ်ပါတယ်..။ ၄င်းနေရာလေးမှာ ကိုယ့်အိမ်ကို ၀င်ထွက်မယ့် ဧည့်သည်တွေရော၊ ကိုယ်ကိုယ်တိုင်ပါ အိမ်အတွင်း မ၀င်ရောက်ခင် တစ်ထောက်နား လုပ်ဆောင်ရမယ့် အလုပ်လေးများရှိရင် ခဏတာ ရပ်နားဖို့ Porch နေရာလေးဟာ လုံလောက်တဲ့ အကျယ်အ၀န်း၊ လုံလောက်တဲ့ အလင်းရောင် ရှိဖို့လည်း လိုအပ်ပါတယ်…။ Verandahs ကဲ့သို့ သဘောဆောင်ပေမယ့် Verandahs ထက်တော့ ပိုကျယ်ဝန်းတဲ့ ဧရိယာ ရှိတတ်ပါတယ်…။ သူက ခြံကျယ်ကျယ် ၀န်းကျယ်ကျယ် မလိုပဲ အိမ်အတွင်း အနှောင်အဖွဲ့တစ်ချို့ကထွက် အနားယူအပန်းဖြေဖို့လည်း အဆင်ပြေပါတယ်…။ မြေနေရာရှားတဲ့ မြို့ပြက ခြံဝန်းတွေအတွက်ကတော့ အထူးသင့်လျော်တာပေါ့…။

VERANDAH



Verandah လေးတွေကတော့ ကျွန်တော်တို့နဲ့ အထူးရင်းနှီးပြီးသားဆိုတော့ :D… Verandah ဆိုရင်တော့ ကျွန်တော်က အိမ်လေးတစ်အိမ်အတွင်းမှာ ရှေ့နောက် Varandah လေးတွေ ပါနေမှ ကြိုက်တယ်…. (မဆီမဆိုင် ကြွားလိုက်ဦးမယ်.. ကျွန်တော့်အိမ်ဆို Varandah သုံးခုနဲ့ :P) ကိုယ်ဖန်တီးချင်တဲ့ အိမ်ဒီဇိုင်းလေးတွေမှာဆိုရင်လည်း Varandah လေးတွေကို အထူးဦးစားပေးထည့်ချင်မိတယ်…။

COURT or COURTYARD


Court or Courtyard ကတော့ ကျွန်တော်တို့အိမ်လေးတွေဘေးမှာရှိတဲ့ နေရာလွတ်လေးတွေကို အနားယူအပန်းဖြေဖို့အတွက် အသုံးပြုလေ့ရှိသလို အလုပ်လုပ်ကိုင်ရာ နေရာလွတ်တစ်ခု၊ ကလေးသူငယ်များ ကစားပျော်ပါးရာ နေရာတစ်ခုအဖြစ် အသုံးပြုတဲ့ နေရာလေးပါ။ အိမ်လေးတစ်အိမ်အတွက် Private Open Space လေးလို့လည်း ခေါ်ဆိုနိုင်ပါတယ်…။ ကျေးလက်ဒေသတွေမှာတော့ မီးဖိုချောင်လေးတွေကို အိမ်အပြင်ထုတ်ပြီး အိမ်ဘေးနံရံလေးကနေ အဖီလေးချထားတတ်ပါတယ်…။ ဒါမျိုး Kitchen ကိုလည်း Court လို့ တစ်မျိုး ခေါ်ဆိုနိုင်ပြန်ရော..။ Open Area မျိုးဖြစ်တတ်တဲ့အတွက် အဆိုပါနေရာလေးအတွက် ရာသီဥတု နဲ့ လုံခြုံရေးကို အထူးဂရုစိုက်ပေးဖို့ လိုပါတယ်…။ အထက်ကပုံမှာဆိုရင် အိမ်တော်ကြီးအတွင်းမှာထားရှိထားတဲ့ Court လေးကိုမြင်ရမှာပါ…။ လူမျိုးတစ်မျိုး၊ အိမ်တစ်အိမ်ရဲ့ အခြေအနေပေါ်မူတည်ပြီး ကွဲပြားသွားတတ်တာကိုး…။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်ကတော့ ကျေးလက်ကအိမ်လေးတွေမှာ ဒီလို court ဆိုရင် ကလေးတွေ ခုန်စားပျော်ပါးဖို့နဲ့ လူကြီးတွေ အိမ်တွင်းမှုလေးတွေ ပြုလုပ်တဲ့ နေရာလေးဖြစ်နေမှာလေ…. သစ်ပင်ရိပ်တစ်ခုအောက်မှာ အဖန်ရေ၀ိုင်း ထန်းလျက်ဝိုင်း လက်ဖက်ဝိုင်းနဲ့ ၀ိုင်းဖွဲ့ဆွေးနွေးရာနေရာလေးလည်း ဖြစ်ကောင်းဖြစ်နေမှာပါပဲ….။


ဟော… တရုတ်တွေရဲ့ Courtyard ကျတော့လည်း တစ်မျိုးပေါ့… ကျွန်တော်တို့ တရုတ်သိုင်းကားတွေမှာ မြင်ဖူးသလိုပေါ့….။ သိုင်းသမားတွေ သိုင်းကျင့်တဲ့နေရာလည်း ဖြစ်ချင်ဖြစ်နေမှာ…:D ။ သူတို့တွေက ၀န်းခြံကြီးတစ်ခုအတွင်းမှာ အဆောင်ဆောင် အခန်းခန်းနဲ့ နေတတ်တော့ တစ်ဆောင်ကနေ တစ်ဆောင်ကူးတဲ့နေရာမှာ ဒီလို နေရာလွတ်လေးတွေ ရှိမှာပဲလေ….။ ၀န်းခြံလေးအတွင်းမှာ တစ်နေရာကနေ တစ်နေရာကို Courtyard လေးတွေကြား ဒီလို ခုံးနဲ့ နံရံလေးတွေလည်း ခြားထားတတ်ပါတယ်…။ နယ်နမိတ် သတ်မှတ်လိုက်တာဖြစ်မယ်…။

-ဂျွန်မိုးအိမ်-

-X-X-X-X-X-X-X-X-

2 comments:

Zephyr said...

Nice Post!

အသက်ကြီးလာတဲ့အခါ ကိုယ့်ဘာသာကိုယ် အိမ်တစ်လုံးဆောက်ဖို့ (ကျောင်းသင်္ခမ်းလည်းဖြစ်သွားနိုင်တယ်။) ... လာလေ့လာသွားပါတယ်။

With Peace,
Zephyr

မိုးခါး said...

နေရာလေးတွေ လုပ်ထားတဲ့ပုံစံလေးတွေက နေချင်စရာလေးနော်
အသက်ရှုချောင်ချောင်နဲ့ လေ၀င်လေထွက်ကောင်းကောင်း ငြိမ်းငြိမ်းချမ်းချမ်း အိမ်လေးတလုံးလောက်မှာ နေချင်စိတ် ပေါက်သွားတယ် ..း)