18 March 2010

PATIO - ပါတီယို

Patio နဲ့ Gazebo ဟာ ခွဲလို့မရတဲ့ မိတ်ဆွေနှစ်ဦးတဲ့…။ တူညီတဲ့အချက်ကတော့ သူတို့ ၂ခုလုံးဟာ ကျွန်တော်တို့ကို အိမ်ရဲ့ ပြင်ပကိုထွက်ပြီးနေစေတဲ့အချက်ပါပဲ…။ ကျွန်တော်တို့ရဲ့ အိမ်အတွင်းမှာ ဆူညံသံများရှိခဲ့ရင် Patio နဲ့ Gazebo နေရာလေးမှာထွက်ပြီး တိတ်ဆိတ်လွတ်လပ်စွာ နားနေအပန်းဖြေ စကားပြောဆိုနိုင်တာပေါ့…။ တစ်နည်းအားဖြင့် ကိုယ့်အိမ်ရဲ့ Living Space လေးကို အပြင်ဖက် ဆန့်ထုတ်ပြီး အသုံးကျအောင် အသုံးချတာပါ…။ Patio များဟာ ကိုယ့်အိမ်ရဲ့ ဧည့်ခန်း၊ ထမင်းစားခန်းလေးတွေကနေ အပြင်ဖက်ကို နေရာလေး ဆန့်ထုတ်ထားတဲ့အတွက် Gazebo များကဲ့သို့ ခြံဝန်း ကျယ်ကျယ်တွေ မလိုအပ်ပါဖူး။




အရေးကြီးတဲ့ အချက်တစ်ခုကတော့ Patio များဟာ ရာသီသဘာဝကို ဂရုပြုပြီး အသွင်ပုံစံ သတ်မှတ်ဖို့ပါ….။ မိုးနည်းတဲ့ဒေသမျိုးမှာဆိုရင် အမိုးများကို နေရောင်ပိုရအောင် ဘေးပတ်လည်ကိုလည်း အခန်းအပွင့် ထားနိုင်ပါတယ်..။ နေသွားရာလမ်းကြောင်းနဲ့ နေ၀င်နေထွက်ကိုတော့ အထူးဂရုစိုက်ပေးရမှာပါ…။



မိုးများတဲ့ဒေသများမှာတော့ အမိုးအကာ လုံခြုံတဲ့ပုံစံမျိုး ထားပေးရမှာပါ..။

ကျွန်တော့် အမြင်ကတော့ Patio များဟာ ပင်မ အိမ်မကြီးကနေ နွေးထွေးစွာနဲ့ သီးခြားခွဲထွက်ထားတဲ့ Living Area လို့ ဆိုချင်ပါတယ်…။ ဒါ့အပြင် အဆောက်အဦးရဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး ရိုးရှင်စွာနဲ့ ကြံ့ခိုင်သော အရိုးထည် frame များဖြင့် အရိုင်းဆန်ဆန် ဆွဲဆောင်တဲ့အရာတစ်ခုလို့ မြင်မိပါတယ်…။

-x-x-x-x-x-x-x-x-x-x-x-x-x-x-x-

DECK




Deck ဆိုတဲ့ ကပြင် ကလည်း Patio တို့ Gazebo တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်…။ အိမ်မကြီးကနေ flat surface တစ်ခုကို level တူသော်လည်းကောင်း၊ အနည်းငယ်နိမ့် level ချပြီးသော်လည်းကောင်း ဧရိယာ ဆန့်ထုတ်ထားတာပါ….။


ဒီ Deck လေးကတော့ Public ဖြစ်တဲ့နေရာမျိုးတွေ နောက် ဆိုင်တွေမှာ တွေ့ရတတ်ပါတယ်…။ ဒီလို Deck မျိုးဆိုရင်တော့ လက်ရန်းအကာလေးက မဖြစ်မနေ လိုအပ်နေမှာပါ….။ Deck လေးတွေဟာ အများအားဖြင့်တော့ အမိုးအကာမပါတတ်ကြပါဖူး…။ ဒါပေမယ့် ကိုယ့်အိမ်လေးတွေမှာဆိုရင်လည်း အခြေအနေအရ အမိုးအကာ အနည်းငယ် ထားရှိတာမျိုးလည်း ရှိတတ်ပါတယ်….။

-ဂျွန်မိုးအိမ်-

-x-x-x-x-x-x-x-x-x-x-x-x-x-x-x-

Ref & Photo:
ဗိသုကာမြင်ကွင်း (ပါစီမျိုးမြင့်) နှင့် wikipedia

No comments: