24 April 2010

ပင်လယ်သေ ထဲက လှေ


ပင်လယ်သေ ထဲက လှေ

- စိတ်အစာကို သိပေမယ့်
ဝမ်းစာကို ကြည့်နေရတယ်။
- ကျော တစ်ထောက်စာ နေရာနဲ့
မီးတောက်နေတဲ့ ၀မ်းတစ်ထွာရယ်
“နောက်” ရောက်မှာကို ကြောက်တဲ့စိတ်နဲ့
ဘ၀ တစ်လျှောက်လုံး
စိတ်ထွက်ပေါက်ကို ပျောက်စေခဲ့တာပါ။
- မိုးခါးရေ
(တစ်ချို့ တစ်ချို့ ကိုပဲ....)
တရှိုက်မက်မက် သောက်ရင်း
ဆန္ဒအားလုံး
စနစ်တကျ ခေါက်သိမ်း
ဒါ..........
ဘ၀ တဲ့လား။
- ခေါက်ရိုးကျိုး အတွေးထဲမှာ
ဝမ်းစာကို ကြည့်နေရပေမယ့်
စိတ်အစာက
ရင်မှာ အမြဲ ရှိနေတယ်...........။ ။


စကားချပ်....။...။
ဒီကဗျာလေး ရေးခဲ့တာ တော်တော် ကြာပါပြီ....။
ဟိုး.. ကဗျာတွေ စပြီး ရေးတတ် ခံစားတတ်တဲ့အချိန် ငယ်ငယ်တုန်းက ရေးဖြစ်ခဲ့တဲ့ ကဗျာလေးလို့လည်း ဆိုနိုင်ပါတယ်...။
အချိန်တွေကတော့ ကြာခဲ့ပြီပေါ့...။
ဒါပေမယ့်.... ကျွန်တော့်အတွက်က အဲ့ဒီတုန်းကအတိုင်း
ခံစားချက်တွေက နွေးထွေးနေခဲ့ဆဲ....။
တစ်ချို့သော မျှော်လင့်ချက်တွေ ဆာလောင်မှုတွေက ပင်လယ်ထဲ မိုးတွေရွာဆဲ.....။

အို.. ကွယ်....။
မိုးတွေကလည်း ရွာလွန်းတယ်.....။

ဆေးစက်တွေကလည်း ကာလာစုံလွန်းတယ်...။

သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးရေစက်တွေထဲ

ဘယ် အရောင်တွေက လွင့်ပါးသွားပြီး ဘယ်အရောင်တွေ ကျန်ခဲ့မှာလဲ......။

ကျွန်တော်ကတော့ ဆက်လက် ရွက်လွင့်ရဦးမှာပဲ.....။

အတွေးလေးနဲ့ ဒီကဗျာလေးအတွက် ပုံလေးတစ်ပုံကို photoshop နဲ့ မတောက်တခေါက် ရေးခြစ်မိပါတယ်....။

No comments: