24 April 2010

ning ဆိုတာ ဘ၀တစ်ခုအတွက် အမှတ်တရ တစ်ခု

ဒီကနေ့ အိမ်လေးတစ်လုံး ပျောက်ကွယ်သွားခဲ့ပါပြီ....

အဲ့ဒီ အိမ်လေးဟာ ကျွန်တော့်ရဲ့ ပထမဦးဆုံးသော ဒြပ်မဲ့ခြေလှမ်းပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ အိမ်လေး ဆိုရင်လည်း မမှားပါဖူး….။ အဲ့ဒီ အိမ်လေးကနေ ထွက်ခွာခဲ့ပြီး ဒီ အိပ်မက်ဆိပ်ကမ်းဆိုတဲ့ ဆိပ်ကမ်းလေးတစ်ခုကို တည်ဆောက်ဖြစ်ခဲ့ပေမယ့် အဲ့ဒီအိမ်လေးကို ကျွန်တော် မဖျက်သိမ်းခဲ့ပါဖူး…။ ဒါဟာ ကျွန်တော့်အတွက် အမှတ်တရတစ်ခု၊ ကျွန်တော့်အတွက် မှတ်တိုင်တစ်ခုလေ….။ ဒါပေမယ့် ning တွေကို free မပေးတော့တဲ့အခါ…. ကျွန်တော် စဉ်းစားနေမိတယ်…။ ကျွန်တော့်အိမ်လေး ဒီလိုပဲ ပျက်သွားရမှာလား…။ free ရတဲ့ host တစ်ခုအတွက် ဘာမှ တောင်းဆိုခွင့် မရှိပေမယ့် ကျွန်တော့်ရဲ့ မပြည့်စုံတဲ့ စိတ်ခံစားမှုနဲ့ ကျွန်တော့်ရဲ့ အတ္တက ကိုယ့်အိမ်လေးကို ကိုယ်တိုင်းပဲ စနစ်တကျ ဖြုတ်သိမ်းလိုက်ချင်လို့ပါ….။ နောက်ဆုံးတော့ ကျွန်တော့်မှာ ကျွန်တော် ရေးသားခဲ့ဖူးတဲ့ စာလေး တစ်ချို့ရယ်… နောက်ဆုံး လာလည်ကြတဲ့ ရောင်းရင်းတွေဆီ ပို့လိုက်တဲ့ ဒီ message နှစ်ခုရယ်ပဲ ကျန်ခဲ့ပါတော့တယ်…

-x-x-x-x-x-x-x-x-x-x-

အမှတ်တရ -၁

အသင်းဝင် မောင်နှမများအားလုံးသို့......။

ကျွန်တော် ဒီ အိမ်လေးကို အသစ် အသစ် post တွေ ထပ်မလုပ်ဖြစ်တော့ပါဖူး.... blogspot က နေ အိမ်လေး အသစ်တစ်ခု တည်ဆောက်ပြီး blogspot ကိုပဲ နောက်ပိုင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်....blogspot တစ်ချို့နေရာတွေကနေ ဝင်ကြည့်လို့မလွယ်ပေမယ့် လက်ရှိ ကျွန်တော့်အတွက်တော့ ပိုမို အဆင်ပြေတဲ့အတွက် အိမ်လေး ပြောင်းလိုက်တာဖြစ်ပါတယ်....။ ကျွန်တော့်အိမ်လေးကို လာရောက်လည်ပတ်ကြတဲ့ ရောင်းရင်းတို့ကို http://johnmoeeain.blogspot.com ကနေ ခင်မင်လေးစားစွာနဲ့ဖိတ်ခေါ်ပါရစေ.... နောင် အဆင်ပြေရင်တော့ ကျွန်တော့်ရဲ့ အိပ်မက်ဆိပ်ကမ်းလို့ အမည်ပေးထားတဲ့ ဘလော့လေးကို နေရာတိုင်းကနေ ဝင်ရောက်လည်ပတ်နိုင်စေဖို့ ကျွန်တော် ကြိုးစားပါ့မယ်...ခု ning လေးက free မပေးတော့တာက တစ်ကြောင်း၊ နောက် ကျွန်တော်ကိုယ်တိုင်ကလည်း အသုံးမပြုပဲ.. အိမ်လေးတစ်လုံး ဒီအတိုင်း ဟောင်းနွမ်းနေတာမျိုး မဖြစ်စေချင်တာက တစ်ကြောင်း၊ အိမ်ရှင်ကိုယ်တိုင်က ဂရုမစိုက်တာမျိုး မဖြစ်စေချင်တာရယ်ကြောင့် ဒီ ning လေးကို ဝမ်းနည်းစွာ ဖျက်သိမ်းလိုက်ပါတယ်....။အားလုံးကို အိပ်မက်ဆိပ်ကမ်း ကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်....

ခင်မင်လေးစားလျက်

ဂျွန်မိုးအိမ်

-x-x-x-x-x-x-x-x-x-x-

အမှတ်တရ -၂

အိပ်မက်တစ်ခု မွေးဖွားခြင်း

ဟိုး...အဝေးမှာ အာရုံဦး ဆိပ်ကမ်း....

တစ်နေကုန်ရင် တစ်မိုးသစ်ဥိးမယ်.......

ဆိပ်ကမ်းတစ်ခုဆီကို လှမ်းရင်း....

နှလုံးသားထဲက ကြယ်ပွင့်များ....

ထာဝရ လင်းဖြာနိုင်ပါစေသား.....။

ဂျွန်မိုးအိမ် ရဲ့ အိပ်မက်ဆိပ်ကမ်းဆိုတာ...

" By sharing the knowledge of others, we improve it.
By sharing the joy of others, we increase it.
By sharing the woe of others, we diminish it."



လို့ အမြဲ တွေးတောနေတတ်တဲ့ သူ တစ်ဦး... နောင်တစ်ချိန် ဆိုက်ကပ်ဖို့ ကြိုးစားနေတဲ့ နေရာလေးပါ...။

အဲ့ဒီ နေရာလေးမှာ.... ထာဝရ ကျောင်းသားအဖြစ်... လောကကြိးကနေ သင်ယူသွားချင်ပါတယ်...

ဘယ်အချိန်.. လောကကြီးကနေ ဘွဲ့ရမှာလဲ....မသိပေမယ့်....

ကြီးမြင့်တယ်ဆိုတဲ့ ဘွဲ့ ဒီဂရီတွေထက်. မှန်ကန်စွာ သိမြင်သွားဖို့.. ကြိုးစားနေပါတယ်...။

မျှော်လင့်ချက်ကိုယ်စီနဲ့ ယုံကြည်ရာ ပန်းတိုင်ကိုယ်ဆီကို လျှောက်လှမ်းဖို့

ဒီနေရာလေးကနေ အိပ်မက်တွေကို မွေးဖွားလိုက်ပါတယ်... ။

ဖြတ်သန်းခဲ့တဲ့ မှတ်တိုင်တွေအတွက် အမှတ်တရတွေ အနေနဲ့ ချန်ထားခဲ့တာပါ။

ဒီ နေရာလေးမှာ အားလုံးအတွက် တန်ဖိုးမရှိရင်တောင် တန်ဖိုးတော့ မမဲ့စေလိုတာ ရင်ထဲက သစ္စာပါ။

ဒီနေရာလေးကနေ ရောင်းရင်းတို့အတွက် အတွေး တစ်နေရာမှာ တစ်စုံတစ်ရာ ကျန်ရစ်ခဲ့စေရင်ဖြင့်

ဒီ အိမ် ဖန်ဆင်းရကျိုးနပ်ပါပြီ။


johnmoeeain

-x-x-x-x-x-x-x-x-x-x-

ဘာပဲဖြစ်ဖြစ် ဘဝတစ်ခုအတွက် အမှတ်တရ တစ်ခု ပေါ့….။

ဒီ post လေးနှစ်ခု ပို့ပြီးတဲ့နောက်... အိမ်လေးတစ်လုံးဟာ လွင့်ပါးပျောက်ကွယ်လို့.....။

host တစ်ခုကနေ ဖျက်သိမ်းတာကိုမစောင့်ပဲ ကိုယ့်ဟာကို ဖျက်လိုက်တာ ကျွန်တော့်ရဲ့ မပြည့်ဝတဲ့ အတ္တဆိုရင်လည်း ကျွန်တော် ဒီ အတ္တကို လက်ခံလိုက်ပါရဲ့နော်...။

ဘဝမှာ ဒီလိုပဲ တစ်ချို့အရာတွေက စနစ်တကျ ဖန်တီးပြီး

တစ်ချို့အရာတွေကို စနစ်တကျ ဖျက်သိမ်းလိုက်ရတတ်တယ်ဆိုတာ ကျွန်တော် အသိတရားတစ်ခု ရရှိခဲ့ပါရဲ့….။

No comments: