03 May 2010

ဒီနေရာကို လာခဲ့

တကယ်က ဒီ ကဗျာကို MEF ရဲ့ နှစ် , နှစ်ပြည့်တဲ့ မေ ၁ ရက်နေ့မှာ တင်မလို့ပါ...။
မအားလပ်တဲ့ အကြောင်းကြောင်းကြောင့် ဒီကနေ့မှပဲ တင်ဖြစ်သွားပါတယ်...။
လွန်ခဲ့တဲ့ တစ်နှစ် ဒီအချိန်တုန်းက MEF နဲ့ ဒီနှစ် MEF နဲ့က တော်တော် ကွာခြားသွားပါပီ...။
ဒါပေမယ့် ကျွန်တော့်နှလုံးသားထဲက ခံစားမှုတွေကတော့ ဒီကဗျာလေးအတိုင်း သစ်လွင်နေဆဲပါပဲ....။
ဘာပဲဖြစ်ဖြစ် အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်... :)
ကဲ ဒီနေရာကို လာခဲ့ ပေါ့.....


ဒီနေရာကို လာခဲ့


ဒီနေရာကိုလာခဲ့

ခရီးတစ်ထောက်နား

လည်ပတ်စရာ ကဏ္ဍစုံတယ်။

ဒီနေရာကိုလာခဲ့

ရှေ့ခရီးဆက်ဖို့

နှင်းအပ်မယ့် ခွန်အားတွေရှိတယ်။


ဒီနေရာကိုလာခဲ့

ဘ၀ရထားကို မောင်းနှင်ဖို့

လောင်စာတွေ မျှဝေထားတယ်။


ဒီနေရာကိုလာခဲ့

လောကရဲ့ ကောင်းကင်ပြင်ဆီကို

ယုံကြည်ချက်နဲ့ ပျံသန်းနေတဲ့သူတွေရှိတယ်။


ဒီနေရာကိုလာခဲ့

နှလုံးသားနဲ့ စိုက်ပျိုးထားတဲ့ပန်းတွေရဲ့

အဖြူရောင်စစ်တဲ့ ခံစားမှုကို ရမယ်။


ဒီနေရာကိုလာခဲ့

မျှော်လင့်ချက်တွေ အခက်အလက် ဝေဖြာဖို့

Link တွေ အလွယ်တကူ ရှာနိုင်တယ်။


ဒီနေရာကိုလာခဲ့

မစိုက်ပျိုးရသေးတဲ့ နှင်းဆီခင်းတွေဆီ

ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတဲ့ သူတွေ ရှိတယ်။


ဒီနေရာကိုလာခဲ့

ငါးမျှားဖို့ မသင်ပေးနိုင်ပေမယ့်

ငါးမျှားဖော် သူငယ်ချင်းတွေ ရှိတယ်။


ဒီနေရာကိုလာခဲ့

အရာရာကို ရိုင်းပင်းဖို့

စိုင်းပြင်းထားတဲ့ သူတွေရှိတယ်။


ဒီနေရာကိုလာခဲ့

မသိ မမြင် မခင်ကြပေမယ့်

တစ်ဦးပေါ် တစ်ဦး တန်ဖိုးထားမှု မျှတတယ်။


ဒီနေရာကိုလာခဲ့

ဒေသစံတော်ချိန်တွေ ဘယ်လိုကွဲကွဲ

၂၄ နာရီ ၀န်ဆောင်မှုတွေ တပြေးညီတယ်။


ဒီနေရာကိုလာခဲ့

အသွေးအသား ကာလာ မခွဲခြားထားဖူး

အနိမ့်အမြင့် ပညာ စည်းတား မထားဖူး

ကိုယ်စီ အိပ်မက်ကို ရွက်ကြိုးတပ်

Global မြစ်ထဲ အတူတူ မျှောလွင့်ဖို့

စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့

သူငယ်ချင်းတွေ ရှိတယ်။

No comments: