13 May 2010

MEF ရင်ခွင်နန်းမှ ကြိုဆိုလျက်ပါ


MEF ရင်ခွင်နန်းမှ ကြိုဆိုလျက်ပါ

MEF
နှစ်,နှစ်သားအရွယ်
နုနုနယ်နယ် ဆိုပေမယ့်
အတွေးငယ်ငယ်က ရင့်ကျက်တည်ကြည်တယ်…။

MEF
ခရီးတိုတိုမှာ
အိပ်မက်တွေ မချိုသေးပေမယ့်
ဖြူစင်တဲ့ ရည်ရွယ်ချက်တွေက
သူ့လမ်းမှာ ဂုဏ်ဝင့်လို့ ဂုဏ်တင့်တယ်…။

MEF
သူ့နှလုံးအိမ်မှာ ခိုနား
မောင်နှမတိုင်းက
ရေ,မြေ ခြားကြပေမယ့်
မြန်မာဆိုတဲ့ သွေးအောက်မှာ
စိတ်ရင်းတွေ တူကြတယ်
အားသစ်တွေ ထူကြတယ်
ရိုင်းပင်းကာ ကူကြတယ်…။

MEF
“မြန်မာအင်ဂျင်နီယာဖိုရမ် သင့်ဖိုရမ်” တဲ့
မြန်မာ့ ပညာရေးမှာ
အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဖို့ရာ
သူ့သွေးသား မောင်နှမတွေရဲ့
တစ်ဦးချင်းအားကိုလည်း လေးစားတယ်
စုစည်းအားကိုလည်း အားထားတယ်…။

နည်းပညာပင်လယ်မှာ
ရင်ဖွင့်ခါ ပျံသန်းရင်း
MEF ရင်ခွင်နန်းမှာ
ပညာရှင်များလည်း တစ်ထောက်နားဆွေးနွေးလှည့်
ပညာသင်များလည်း တစ်ထောက်နားဆွေးနွေးလှည့်
အားလုံးသော ရောင်းရင်းဆွေ
MEF ရဲ့ ချစ်စရာ့ဓလေ့မှာ
ပညာကိုသာ လက်ဆင့်ကမ်းဖို့မဟုတ်
အတွေးအခေါ်တွေလည်း ဖလှယ်နိုင်တယ်
အမြင်တွေ ကွဲပြားလည်း
မှန်ကန်တဲ့ အမြင့်တစ်နေရာကို ဦးတည်တယ်…။

လာပါ
လှမ်းပါ
ခိုဝင်လှည့်ပါ
MEF ရင်ခွင်နန်းမှာ
စိတ်ကူးဥာဏ်ကွန့်မြူး ချစ်စရာ့ ကဗျာတွေရှိတယ်
နိုင်ငံတကာဗဟုသုတ သုတအဖြာဖြာရှိတယ်
ဖြူစင်တဲ့စိတ်ရင်းနဲ့ ဖြန့်ဝေတဲ့သုတပညာတွေရှိတယ်…။

ဒြပ်မဲ့လေထု ခရီးလမ်း
ချစ်စရာ့တစ်နေရာ
MEF ရင်ခွင်နန်းက
အားလုံးကို ကြိုဆိုဖို့ စောင့်နေတယ်…။

MEF ၂ နှစ်ပြည့် နှစ်ပတ်လည် အမှတ်တရ စာစောင် မှာ ပါတဲ့ ကျွန်တော့်ကဗျာလေးပါ....။
အဲ့ဒီ ကဗျာလေးကို ရေးတုန်းက တစ်ပါတ်လောက်တောင် ကြာသွားတယ်....။ တကယ်က ဘာကိုမှ မရေးတော့ဖူးလို့ စဉ်းစားထားတဲ့ အချိန်ပါ....။ ဂျာနယ်လေးအတွက် ရေးဖို့ စိတ်ကူးရှိပေမယ့် တော်တော်ကြီးကို ဆိုးဆိုးရွားရွား နေမကောင်းဖြစ်ပြီး အိမ်ကို ပြန်သွားတော့ လူက အရာအားလုံးကနေ ပြေးထွက်ချင်ပြီး စိတ်ဓါတ်တွေလည်း တော်တော်ကျနေတဲ့အချိန်ပေါ့....။ ကြီးကြီးနဲ့ ဘဘကြီးကလည်း စိုးရိမ်တကြီးနဲ့ မျက်စေ့ ဒေါက်ထောက်ကြည့်နေသလို မေမေကလည်း ထက်ချပ်မကွာ လိုက်ပြီး စောင့်ရှောက်ပေးလိုက်တာကို ခံယူပြီး တစ်ပါတ်လောက်မှ လူက နည်းနည်းထူထူထောင်ထောင်ဖြစ်လာတော့တယ်....။ ထူထောင်တယ်ဆိုတာ.. "ငါမသေတော့ဖူး" ဆိုတဲ့ အသိနဲ့ နည်းနည်းတက်ကြွလာတာကို ပြောတာပါ.. :( စိတ်ကတော့ အောက်ဆုံးထက် နည်းနည်းဝေးနေတဲ့နေရာထိ ပြုတ်ကျချင်ချင် ဖြစ်နေတုန်းပါပဲ...။ ဘယ်လိုမှလဲ ဆွဲထူလို့ မရပါဖူး....။ ဖုန်းဆက်မေးတဲ့ ငယ်သူငယ်ချင်းတွေကိုလည်း reply လုံးဝမပြန်ချင်ဖူး၊ ဘယ်သူနဲ့မှလည်း ထူးထူးထွေထွေ စကားမပြောချင်ဖူး... ပြောဖို့ ခွန်အားလည်း မရှိပါဖူး....။ ဒါပေမယ့် အချိန် မရတဲ့ကြားထဲကနေ တကူးတက လာအားပေးတဲ့ ကို pargyi, မိုးပြေးလေး နဲ့ နေညို တို့ရဲ့ စကားလေးတွေနဲ့.. စိတ်ကတော့ တဖြည်းဖြည်း နည်းနည်း ပေါ့ပါးနေပါတယ်...။ ဒီလိုပဲ ကိုယ့်ကို စိတ်ပူနေမယ့် သူငယ်ချင်းတွေ၊ အထူးသဖြင့် နယ်က ပြောမနာ၊ ဆိုမနာ သူငယ်ချင်းတွေနဲ့ ကိုMTZO, ကိုMMO, မKPZ…တို့လို အစ်ကို၊ အစ်မတွေ အများကြီး ရှိနေတယ်ဆိုတာကို သိလိုက်ရတော့ (ဘာပဲဖြစ်ဖြစ်) ကျေနပ်သလို ကြည်နူးပါတယ်...။ လူက နည်းနည်းစိတ်လက်ပေါ့ပါးလာတော့ ဒီကဗျာလေးကို ရေးဖြစ်လိုက်တယ်....။ ကိုယ်ကသာ ကဗျာလေးကို ကြိုဆိုလျက်ပါ လို့ ဆိုလိုက်တာပါ...။ MEF ဆိုတာ ကျွန်တော့်အတွက်တော့ အမြဲ ကြိုဆိုနေတဲ့ အိမ်တစ်လုံးပေါ့....။ ခုလို ကဗျာလေး ပါလာတော့လည်း အမှတ်တရ ကိုယ့်အိမ်လေးမှာ သိမ်းထားဖြစ်တာပေါ့....။ အားလုံးသော မောင်နှမတွေကိုလည်း ကြိုဆိုပါတယ်နော် :D


စကားချပ်။ ...။
နောက်နေ့တော့ ကဗျာတစ်ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ် ထပ်တင်ပါ့မယ်... ခုတော့ မအားသေးဖူး.... :( ကဗျာလေးနဲ့ စကားချပ်လေး တွဲတင်ချင်လို့လေ....
(အရှုပ်တွေ တစ်ပတ်လုံး လိုက်လုပ်နေတော့ အလုပ်တွေက ပုံနေတယ် :s)

No comments: