10 June 2010

ဆိပ်ကမ်း ၂၅

ကို MMO ရဲ့ မွေးနေ့ လက်ဆောင် ကဗျာ


တစ်နှစ်တော့ ရောက်လာ...
နောက်ပြန်ကာမကြည့်ပဲ..
အူတူတူ ဒူတူတူနဲ့...
တစ်နှစ်တော့ ကုန်ပြန်ပေါ့ဟာ...
စုန်ကန်ကာ ရှေ့ပြေး...

ရှေ့ရေးတော့ မတွေးသာ...
ငေးကာသာ ကျေကွဲ...
စီအက်ကဘော်ဒါတွေ အဖော် ရှာပေးဖို့ ကြံဆဲ...
မဟန်ပဲနှင့် အကြံလွဲနေတာ...
အဖြေရှာ သေချာတွေးရင်ဖြင့်...
လေဒီဂျွန် အသဝေါ ကင်းပီထင့်...
ဟုတ်လိမ့်နိုး ထင်ရှာ...
အသွင်မှာ ကျားဟန်သာလေး...

အကြွားမသန်တဲ့ မဒီဂျွန်
တစ်နှစ်ကျော် ခေတ်အခေါ်
တစ်သက်ကြီးပီးပေါ့...
ထန်းလက်ပုတီး ကိုင်ကာ
မြိုင်ဂေဟာ ဂေါ်ယာ ယွင်းဖို့ရာ...
အခွင့်က မသာ....

ဟုတ်သေးဘူးဗျာ... မတော်ပါ...
ဒီတစ်ဝါကျွတ်ရင်ပ...
အပီသာ အစွံထုတ်ဖို့ အရေး...
ရွာစားရေ...
မွေးနေ့မှာ အဖြေရှာ
မြန်မကြာ ဖွေရှာဖို့ စခန်းကိုဖြင့်
တေးဖွင့်လို့ မန်း...။ ။

ဥုံ.

MMO

ကို pargyi ရဲ့ မွေးနေ့ လက်ဆောင် ကဗျာ


" ..မိုင်တိုင် ၂၄ ..မှ .၂၅ ဆိပ်ကမ်း ဆီသို့"
အိမ်မက်တွေနဲ့ အနာဂတ်
မာယာ မဖက်စေဖို့
ထာဝရ လမ်းတစ်လျှောက်
ပန်းတွေချည်း ကောက်စေ ..ကွယ်..၊
ရာသီတွေ အခါခါ လည်ပေမယ့်
ဇာတိသွေး မနဲတာ ပုံထင်
ရုံတင်ဖို့ မလိုတာ အသိ
အားရှိသမျှ ဝေမျှခဲ့တဲ့ မိုး
အနားမရှိတဲ့ ဘ၀တစ်ချို့
ပျိုး လက်တွေ တိုး....၊
စိုးမိတဲ့ စိတ်တွေပျောက်စေ
အရှေ့ နေ၀င်တောင် မပူပါနဲ့
ရှေ့ကိုသာ တည့်တည့်ရှု
အနာဂတ်ရဲ့  ဆိပ်ကမ်း
အိမ်မက်က လက်တစ်ကမ်းပါ နော်..၊
မိုင်တိုင် နှစ်ခုအကြား
တစ်နှစ်ရယ် ညီတူခြားပေမယ့်
ထူးခြားတဲ့ ဆိပ်ကမ်း ၂၅ ...
မိုင်တိုင် ၂၄ နဲ့ အတော်ခြားတာ..မို့..
ရွှင်ပြတဲ့ နှလုံးသားနဲ့
အပြုံး ထာဝရမြဲစေသား ကွယ် ။

[ဝေသစ်]

ကို မှတ် ရဲ့ လက်ဆောင် ကဗျာ

၂၅ ဂျွန်မိုးအိမ် ၂၅

၂၅
ဘဝကို သုံးချိုးတစ်ချိုး
ဖြတ်ချိုးလိုက်တဲ့
ပိုကာဝိုင်းလို
ဂျိုကာမပါပဲ
ဒေါင်းဖဲစမ်းတဲ့
၁၀ ဂျွန်မိုးအိမ် ၂၀၁၀

၂၅
ပုဒ်မ ချရနိုးနိုး
ပုဒ်ထီး ချရနိုးနိုး
ကိုယ့်ပါဒနဲ့ကိုယ်
ဝိဘက် သမ္ဗန္ဓဆက်တဲ့
ဝါကျတစ်ဝက်လို
၁၀ ဂျွန်မိုးအိမ် ၂၀၁၀

၂၅
ရင်ဘတ်တစ်ခြမ်း
ဦးနှောက်တစ်ခြမ်း
ကိုယ့်သက်တမ်းနဲ့ကိုယ်
ဘဝကိုအလျှားလိုက်ဖြတ်
ဖားတစ်ဝက်
ငါးတစ်ဝက်
၁၀ ဂျွန်မိုးအိမ် ၂၀၁၀

၂၅
ကလေး ဂျွန်မိုးအိမ် လူကြီး
အပျို ဂျွန်မိုးအိမ် အိမ်ထောင်ရှင်
ပုဒ်ထီး ဂျွန်မိုးအိမ် ပုဒ်မ
ရင်ဘက် ဂျွန်မိုးအိမ် ဦးနှောက်
၁၀ ဂျွန်မိုးအိမ် ၂၀၁၀
၂၅

မင်္ဂလာ ရွှေရတုမွေးနေ့ပါဗျာ

[ကိုမှတ် ]


[စကားချပ်။ …။

မိုင်တိုင် ၂၄ အလွန် မိုင်တိုင် ၂၅ ကို စာလုံးပေါင်းမှားကြည့်တာပါ….။ ဒီမိုင်တိုင်မှတ်မှုဟာ ဘ၀မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ကိုယ်ရည် ဖြတ်သန်းမိတဲ့နေ့လည်း ဖြစ်မှာပါ…။ မိသားစုရဲ့ အဝေးမှာ မိုင်တိုင် ၂ ခုပဲ စိုက်ခဲ့ဖူးတယ်…။ ဒါပေမယ့် ကိုယ့်နဲ့ သွေးသားတစ်ခုထဲ စီးဆင်းနေသလိုဖြစ်တဲ့ ဘကြီးနဲ့ ကြီးတော်ရဲ့ အိမ်မှာဆိုတော့ အိမ်နဲ့ နီးခြင်းဝေးခြင်းက သိပ်မထူးခြားလှပါဖူး…။ အခုတော့ ထူးထူးခြားခြားပါပဲ….။ ဒီတော့လည်း ကိုယ်ဖန်တီးထားတဲ့ ကိုယ့်အိမ်လေးမှာပဲ လာပြီး မိုင်တိုင်မှတ်ဖြစ်ပါတယ်…။ :D ပထမတော့ မိုင်တိုင်မှတ်မှုနဲ့အတူ တစ်ခုခု စီစဉ်ပါသေးတယ်... ဒါပေမယ့် ပျင်းနေတာက များလို့ ဘာမှ မပြီးတာနဲ့ စိတ်ထဲထွက်တာပဲ ချရေးတော့ အထက်ပါအတိုင်း ဖြစ်သွားတယ် :P:P... နောက်နေ့ မပျင်းတဲ့အခါ.. ပေးထားတဲ့ မွေးနေ့လက်ဆောင်တွေကို တင်ပါ့မယ်.. ။ comment က မွေးနေ့လက်ဆောင်ကတော့ ဒီနေ့မှ ရတာပါ...။ ကျန်တစ်ခုကတော့ တော်တော် တင်ရမယ့် ကိန်းပဲ :D :D။ အဲ့... ဆိပ်ကမ်း ၂၅ အတွက် ပုံလေးကတော့ Mr. Zaw က ပေးပါတယ်...။ မွေးနေ့လက်ဆောင်အဖြစ်ပေါ့ :P
ကျွန်တော်ကတော့ ကျွန်တော့် အတွေးလေးတွေကို ဆိပ်ကမ်း ၂၅ မှာ လိုက်ပြီး အဖြေရှာကြည့်မိရုံပါ...။]

ဆိပ်ကမ်း ၂၅

ည!
မတူညီတော့တဲ့
အလွမ်းပြန့်ကျဲည။
လ ရှိ မရှိလည်း မသိ
ကြယ် ရှိ မရှိလည်း ငါ မသိ
ညဟာ ညအဖြစ်တော့ အစစ်အမှန်
အတွေးကသာ အစစ်အမှန်မှန်း
ငါ ကိုယ်တိုင် မသေချာတာပါ...။

ည!
ဝန်းကျင်ဟာ လင်းလင်းကျင်းကျင်းနဲ့
အရိပ်တွေလည်း မစောင်းလည်း
ပတ်ဝန်းကျင်က အရောင်တွေပြောင်းခဲ့သလို
ခင်းကျင်းလိုက်တဲ့ အိပ်မက်တစ်ချို့
အလိုက်အထိုက် နေရာတွေပြောင်းတယ်။

ည!
မိုင်တိုင် ၂၄ ညတွေမှာ
စိတ်ကူးခြင်း
တမ်းတခြင်း
မျှော်တွေးခြင်း
ရေးဖွဲ့သီကုံးခြင်း
ဆန္ဒဘောင်အတွင်း ကိုယ့်အမြီးကိုစွပ်
လမ်းလျှောက်တတ်စ ကြွက်တစ်ကောင်လို
ဘ၀ကို ငွေ့ရည်ဖွဲ့တယ်....။

ည!
ဆိပ်ကမ်း ၂၄.၅ ညတွေမှာ
စီးမျှောနေတဲ့ လှေလည်း
တောရောက် တောင်ရောက်
ဖြတ်သန်းနေတဲ့ ခရီးလည်း
တောမှောက် တောင်မှောက်
ပြန်သွားလို့မရတဲ့ ဆိပ်ကမ်းအစဆီက
ထပ်တူမကျနိုင်တဲ့ ဆန္ဒတစ်ချို့ရယ်
ဖြုတ်သိမ်းလိုက်ရတဲ့ အိပ်မက်တွေရယ်
မေ့ထားခဲ့တယ်...။

ည!
မိုင်တိုင် ၂၅ ညတွေမှာ
ဘ၀ဟာ နေ့မှာဆို
ယန္တရားဆန်ဆန်ဇာတ်ကွက်တစ်ချို့ ဖန်တီးပြီး
ညရောက်တဲ့အခါ
စိတ်ကူးတစ်ချို့နဲ့အတူ လေထုထဲကနေ ထိုးထွက်တယ်။

ဒီည!
မိုးကြိုတေး တစ်ပုဒ်ကိုဆိုချင်တဲ့
ဖားတစ်ကောင်လိုပဲ
ကိုယ် ဖြတ်သန်းမယ့်
မိုင်တိုင်တစ်ခုကို လှမ်းကြည့်မိတယ်
ဘာမှတော့ မမြင်မိဖူး
ဆုပ်ကိုင်ထားတဲ့ အိပ်မက်ကတော့
ဆိပ်ကမ်းတစ်ခုဆီ စီးမျှောဆဲပဲ......။

ဂျွန်မိုးအိမ်

15 comments:

ဂျွန်မိုးအိမ် said...

အမှတ်တရ အဖြစ်ပေါ့...
ကိုဖိုးမောင် (HAPPY CLOUD) က Creative Space မှာ တင်ထားပေးတဲ့မွေးနေ့ဆုတောင်းလေးပါ...။ အဟီး... ပြည့်ချင်တဲ့ဆုတောင်းတွေ ပြည့်ချင်တဲ့အချိန်မှာ ပြည့်ပါစေ အစ်ကိုရေ.. :P:P

တစ်နှစ်တော့ ရောက်လာ...
နောက်ပြန်ကာမကြည့်ပဲ..
အူတူတူ ဒူတူတူနဲ့...
တစ်နှစ်တော့ ကုန်ပြန်ပေါ့ဟာ...
စုန်ကန်ကာ ရှေ့ပြေး...

ရှေ့ရေးတော့ မတွေးသာ...
ငေးကာသာ ကျေကွဲ...
စီအက်ကဘော်ဒါတွေ အဖော် ရှာပေးဖို့ ကြံဆဲ...
မဟန်ပဲနှင့် အကြံလွဲနေတာ...
အဖြေရှာ သေချာတွေးရင်ဖြင့်...
လေဒီဂျွန် အသဝေါ ကင်းပီထင့်...
ဟုတ်လိမ့်နိုး ထင်ရှာ...
အသွင်မှာ ကျားဟန်သာလေး...

အကြွားမသန်တဲ့ မဒီဂျွန်
တစ်နှစ်ကျော် ခေတ်အခေါ်
တစ်သက်ကြီးပီးပေါ့...
ထန်းလက်ပုတီး ကိုင်ကာ
မြိုင်ဂေဟာ ဂေါ်ယာ ယွင်းဖို့ရာ...
အခွင့်က မသာ....

ဟုတ်သေးဘူးဗျာ... မတော်ပါ...
ဒီတစ်ဝါကျွတ်ရင်ပ...
အပီသာ အစွံထုတ်ဖို့ အရေး...
ရွာစားရေ...
မွေးနေ့မှာ အဖြေရှာ
မြန်မကြာ ဖွေရှာဖို့ စခန်းကိုဖြင့်
တေးဖွင့်လို့ မန်း...။ ။

ဥုံ.

MMO

( ညီမလေး ဂျွန်မိုးအိမ်ရေ.... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ.... ခင်လို့စတာ စိတ်မဆိုးရဘူးနော်...)

ဂျွန်မိုးအိမ် said...

MEF မှာ ကို pargyi မွေးနေ့လက်ဆောင်ပေးခဲ့တာလေးက အမှတ်တရပါ...။
တိုက်ဆိုင်လိုက်တာများနော်...။ ကျွန်တော်ရေးတာက ဆိပ်ကမ်း ၂၅...။ ဒီ ကဗျာမှာက ၂၅ ဆိပ်ကမ်း...။ နောက် ၁၅ မိနစ်က နောက်ကျသွားတာ မဟုတ်ဖူးအစ်ကိုရေ.. တစ်ရက်မက စောသွားတာ... :P :P ဘာပဲဖြစ်ဖြစ်... မမျှော်လင့်တဲ့ မွေးနေ့လက်ဆောင်တွေအတွက် ပျော်ပါတယ် :D :D

" ..မိုင်တိုင် ၂၄ ..မှ .၂၅ ဆိပ်ကမ်း ဆီသို့"
အိမ်မက်တွေနဲ့ အနာဂတ်
မာယာ မဖက်စေဖို့
ထာဝရ လမ်းတစ်လျှောက်
ပန်းတွေချည်း ကောက်စေ ..ကွယ်..၊
ရာသီတွေ အခါခါ လည်ပေမယ့်
ဇာတိသွေး မနဲတာ ပုံထင်
ရုံတင်ဖို့ မလိုတာ အသိ
အားရှိသမျှ ဝေမျှခဲ့တဲ့ မိုး
အနားမရှိတဲ့ ဘ၀တစ်ချို့
ပျိုး လက်တွေ တိုး....၊
စိုးမိတဲ့ စိတ်တွေပျောက်စေ
အရှေ့ နေ၀င်တောင် မပူပါနဲ့
ရှေ့ကိုသာ တည့်တည့်ရှု
အနာဂတ်ရဲ့  ဆိပ်ကမ်း
အိမ်မက်က လက်တစ်ကမ်းပါ နော်..၊
မိုင်တိုင် နှစ်ခုအကြား
တစ်နှစ်ရယ် ညီတူခြားပေမယ့်
ထူးခြားတဲ့ ဆိပ်ကမ်း ၂၅ ...
မိုင်တိုင် ၂၄ နဲ့ အတော်ခြားတာ..မို့..
ရွှင်ပြတဲ့ နှလုံးသားနဲ့
အပြုံး ထာဝရမြဲစေသား ကွယ် ။
ဝေသစ်
ညီမလေး ဂျွန်မိုးအိမ်ရဲ့  မိုင်တိုင် ၂၅ နှစ်မြောက် အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်လေးပါ။ ဒီကဗျာလေးကို ရေးရင်းနဲ့ ၁၅ မိနစ် စွန်းသွားတာလဲ ခွင့်လွှတ်ပါ.. :D :D

MTZO said...

ညီမလေး ဂျွန်မိုးအိမ်......
မွေးနေ့မှာ ပျော်ရွှင်ပါစေ..... :)

ဂျွန်မိုးအိမ် said...

မြန်လိုက်တဲ့ comment ခိခိ
...
MTZO ရဲ့ မွေးနေ့လက်ဆောင်ကြီးက ကြီးလွန်းလို့ နောက်မှ တင်မယ်နော်...။ :D

သူရဲကောင်းကြယ် said...

ဗန်းမော်မှာ ကျောင်းစတက်ကတည်းက စာချင်းဆက်သွယ်ပြီး ခင်မင် ခဲ့ဖူးတယ်။ နောက်တော့ အတွေးအခေါ်အပြည့်နဲ့ စကားလုံးဆန်းဆန်းလေးတွေ သုံးတတ်တဲ့ သူမရဲ့ ကဗျာတွေကို ဖတ်ခွင့်ရတယ်..........
နောက်တော့ ဘယ်ပျောက်သွားမှန်း မသိဘူး...
.....................................................................
နောက်တော့ အွန်လိုင်းမှာ အမှတ်မထင် ပြန်တွေ့ဆုံခွင့်ရတယ်။
သူ့ရဲ့ အိမ်မက် ဆိပ်ကမ်းကို အသစ်တင်တိုင်း ရောက်ဖြစ်တယ်။
မေဂျာတူ မောင်နှမတွေမို့ အတွေးတွေ တူနေတတ်တယ်။
.................
ခု သူ့မွေးနေ့မှာ သူလို ကိုယ်လိုပဲ အွန်လိုင်းကနေ Happy Birthday to you. လို့ ဆုတောင်းပေးလိုက်ပါတယ်။

မိုင် ၅၀၀၀ ကျော်လောက်သာ မဝေးရင် သူ့မွေးနေ့ပွဲကျင်းပမဲ့ နေရာလေးကို ရောက်အောင် သွားလိုက်ချင်မိပါရဲ့။

herostar
Germany
http://www.herostaraungaung.co.cc/

ဂျွန်မိုးအိမ် said...

ဟုတ်တယ် အစ်ကိုရေ...။
ရေစက်ပဲနော်...။
အဆက်အသွယ် မရတာကနေ ပြန် ဆုံခဲ့ဖို့က....။
လာနိုင်ရင်တော့ အကောင်းဆုံးပေါ့...။

လုံးဝကို အဆက်အသွယ်ပြတ်သွားတာနေတောင် ပြန်ဆုံသေးတယ်...။
အခွင့်သင့်ရင် တစ်နေ့ ဆုံဦးမယ် ထင်ပါတယ်..။
ဟုတ်တယ်ဟုတ်....

မွေးနေ့ဆုတောင်းအတွက်ကတော့ ကျေးဇူးနော် :)

Nyi Nyi Aung said...

၂၅ ဂျွန်မိုးအိမ် ၂၅

၂၅
ဘဝကို သုံးချိုးတစ်ချိုး
ဖြတ်ချိုးလိုက်တဲ့
ပိုကာဝိုင်းလို
ဂျိုကာမပါပဲ
ဒေါင်းဖဲစမ်းတဲ့
၁၀ ဂျွန်မိုးအိမ် ၂၀၁၀

၂၅
ပုဒ်မ ချရနိုးနိုး
ပုဒ်ထီး ချရနိုးနိုး
ကိုယ့်ပါဒနဲ့ကိုယ်
ဝိဘက် သမ္ဗန္ဓဆက်တဲ့
ဝါကျတစ်ဝက်လို
၁၀ ဂျွန်မိုးအိမ် ၂၀၁၀

၂၅
ရင်ဘတ်တစ်ခြမ်း
ဦးနှောက်တစ်ခြမ်း
ကိုယ့်သက်တမ်းနဲ့ကိုယ်
ဘဝကိုအလျှားလိုက်ဖြတ်
ဖားတစ်ဝက်
ငါးတစ်ဝက်
၁၀ ဂျွန်မိုးအိမ် ၂၀၁၀

၂၅
ကလေး ဂျွန်မိုးအိမ် လူကြီး
အပျို ဂျွန်မိုးအိမ် အိမ်ထောင်ရှင်
ပုဒ်ထီး ဂျွန်မိုးအိမ် ပုဒ်မ
ရင်ဘက် ဂျွန်မိုးအိမ် ဦးနှောက်
၁၀ ဂျွန်မိုးအိမ် ၂၀၁၀
၂၅

မင်္ဂလာ ရွှေရတုမွေးနေ့ပါဗျာ

ကိုမှတ်

ဂျွန်မိုးအိမ် said...

:) ကဗျာလေးက အရမ်းကောင်းတာပဲ အစ်ကိုရေ...။
ဖဲချပ်တွေမှာ ပြောတဲ့ တစ် ကိုး ကင်းနဲ့ဆို ကျွန်တော့်မွေးနေ့က J Q K က J နေရာ ဖြစ်မယ်း)... 11 June ဖြစ်နေလို့ အစ်ကိုရ...။
ခုတော့ အမှတ်ရစရာ ဖြစ်သွားပြီ..
2010 June 11 => World Cup Open :P

၂၅
ရင်ဘတ်တစ်ခြမ်း
ဦးနှောက်တစ်ခြမ်း
ကိုယ့်သက်တမ်းနဲ့ကိုယ်
ဘဝကိုအလျှားလိုက်ဖြတ်
ဖားတစ်ဝက်
ငါးတစ်ဝက်
၁၁ ဂျွန်မိုးအိမ် ၂၀၁၀ ကိုတော့ အနှစ်သက်ဆုံးပဲ....။
10Q

ဂျွန်မိုးအိမ် said...

ဒါကတော့ မောင်ေ၀၀ါးရဲ့ အမှတ်တရပေါ့...။
စကားမစပ်.. ဒီ စကားလုံးတွေနဲ့ စကားပြန်ပြောမိသွားတယ်....။
ကျွန်တော် စကားလုံးတွေကို စီစဉ်ပြီး စတင် ဆော့ကစားဖူးတာ 1998 လောက်က ဖြစ်မယ်...။ အဲ့ဒီတုန်းက ကျွန်တော့်စကားလုံး arrangement ကို ဖတ်ရှုပေးတဲ့သူက အားလုံးပေါင်းမှ တစ်ယောက်ပဲရှိတာ....။ ခုတော့ တစ်ယောက်မှ မရှိတော့ဖူး...။ အကြောင်းရင်းက မရေးဖြစ်လို့ :P :P
အဲ့.. နောက်တစ်ခုက ကျွန်တော့်ဇာတိက မြစ်ဆုံမှာ မဟုတ်ဖူးေ၀၀ါးရဲ့..။
---------

အိမ်မက်ဆိပ်ကမ်းပိုင်ရှင်သို့
မိုးတွေနဲ့အတူမွေးဖွားလာပြီး မိုးတွေနဲ့အတူကြီးပျင်းလာခဲ့သလို
အမည်မှာလည်းမိုးတွေပါလာခဲ့တယ်
မကြာခဏ စကားမပီတဲ့အိမ်မက်သေးသေးလေးတွေကို မွေးဖွားတတ်သလို
designer တစ်ဦးနှင့်သူဧ။် drawing များကို ကကြိုးကကွက်များစွာနှင့်အသက်ဝင်အောင် အသက်သွင်းပေးခဲ့ပြန်တယ်
ဝေးလှံလှတဲ့မြန်မာပြည်ရဲ့ အသက်သွေးကြောကြီးဖြစ်တဲ့ မြစ်ဆုံဒေသမှာမွေးဖွားခဲ့သူတစ်ဦးရဲ့
လယ်တောမှအပြန်ခရီးမှာ သံဝေဂတရားများစွာဖြင့် အိပ်တန်းပြန်လာခဲ့ရတယ်
ပိုင်ရှင်မဲ့အိမ်မက်ဆိပ်ကမ်းကိုဖြင့် ပိုင်ရှင်အမြန်တွေ့ပါစေလို့ဆုတောင်းရင်း
ဖိုရမ်မောင်နှမတွေကိုယ်စား မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်

zawye said...

သူမမဟုတ်တဲ့ သူမရဲ့ ၂၅

အဲးဒီတုန်းက ဘုတောတောနဲ့ ဘောက်ဆတ်ဆတ်ကောင်မလေးရယ်လို့ 96 ပေါ့
မှတ်မှတ်ရရ...စာအုပ်တွေကလွဲလို့ ဘာမှမသိတဲ့စတိုင်လ်လေး..

97 ဇွန်ကတော့ ဘောက်ဆတ်ဆတ်နဲ့ ကျွန်တော့်ကိုမှရွေးစတတ်လို့ ကောင်လေး ၁ယောက် ကပဲပြောင်းပြန်မျက်ရည်ကျခဲ့သေး.တယ်...ဆရာမဒေါ်ထွေးထွေးရဲ့ ဆဒ္ဒန်ဆင်မင်းသင်ခန်းစာမှာပေါ့ဗျာ... သူမက မတ်တပ်ရပ်လို့ ..ဟီး ...ရယ်စရာတော့ကောင်းသား...အဲဒီကတည်းက သူမရဲ့မှတ်တိုင်၁၂က မသိမသာ ကောင်လေးရင်ထဲစိုက်နေပါပြီ...
စာကလဲတော်လွန်းပြီး ရုပ်တည်နဲ့ နေနေလွန်းလို့ မာနရှင်
မင်းသမီးလေးလို့ ကျွန်တော်တို့ကြားရေပန်းစားခဲ့တာ ကို ခုမှပြောဖြစ်တော့တယ်....
ခုတော့ မကြောက်တော့ပါ..ဝေးနေတာကို..

မှတ်မိပါရဲ့ 1999 ရဲ့ မြကန်သာကဗျာနဲ့ ပီမိုးနင်း သင်ခန်းစာ ကို
သင်မှသူမပြုံးတာ ကိုစတွေ့ခဲ့မိတယ်... ဒီကလေးမပြုံးတော့ပြုံးတတ်သားရယ်လို့ပေါ့ဗျာ...
အလိုမကျတဲ့သူမပုံစံကတစ်မျိုး ဆိုပေမဲ့ ပတ်ဝန်းကျင်ကိုတော့အေးချမ်းစေတဲ့အသွင်ပါ ....
2000 ရဲ့နှစ်ဦးကစလို့ ဗန်းမော်ကမ်းနားလမ်းနဲ့
သိမ်တော်ကြီးရှေ့က ကျွန်တော်တို့အတွက် မမေ့နိုင်တဲ့နေရာလေးတွေအဖြစ် မှတ်မှတ်ရရပါပဲ...
ဝက်သားတုတ်ထိုး နဲ့မုန့်လင်မယား ကလဲ သူ့ရဲ့ စေတနာဗျူဟာထင်ပါရဲ့ ......တော်တော်လေးခင်မိသွားခဲ့တာ ခုချိန်ထိပါပဲ ......ကျောင်းလစ်ပြီးမသီတာမှာ ငှက်ပျောပေါင်းနဲ့မိတ်ဆက်ခဲ့တဲ့ သူမနဲ့ ကျွန်တော်တို့ ဆက်ဆံရေးတွေကြား က မော်နီတာ ဆိုတဲ့ခေါင်းစဉ်အောက်မှာလည်းပိုပြီးရှင်သန်စေခဲ့တယ်ထင်ပါ့...
ကလေးတစ်ယောက် လိုပွင့်လင်းပြီးရိုးသားတဲ့သူ့စိတ်ကြောင့် တခါတလေသူမကျွန်တော့်ကိုမကြည်ဘူးဆိုတာတော့ဝန်ခံပါရဲ့..
သူမမကြိုက်တာခဏခဏလုပ်ရင်းက ခုတော့ အေးဆေးနေတတ်နေပါပြီ....

ဒါကိုလဲသူမ သိတန်ကောင်းပါရဲ့ (ဟဲဟဲ)
ခုအခြေအနေထိ ကိုတွန်းပို့တတ်ခဲ့တာ သူမရဲ့ တိုက်တွန်းမှုတွေ ပါခဲ့လို့ဆိုတာငြင်းမရနိုင်ပါ.... စာမေးပွဲတွင်း စပေါ့ တွေ အတိုအစတွေကစလို့ လသာ စာစစ်ရုံးထိပြေးပေးခဲ့လို့ ဘတ်ဂျက်တော်တော်ခိုက်ခဲ့မယ်ဆိုတာ ကိုယ်ချင်း စာပေးတတ်ပါပြီ.......
စာရေးသူဖြစ်ချင်တဲ့သူမရဲ့ ၀ါသနာလေးတွေ၇ှင်သန်ထမြောက်နေတာ တွေ့တော့
ပီတိလဲဖြစ်ပါရဲ့
တဇွတ်ထိုးနဲ့ ကွန်ပျူတာရှေ့ကမထမှာကိုတော့စိုးရိမ်မိပါတယ်

ပြုံးနေတဲ့သူမအပြုံးတွေခုတလော တွေ့နေရတော့ အော် 96 ကသူမနဲ့ 25 ကိုစိုက်တဲ့ သူမ တစ်ယောက်တည်းပါလားလို့တွေးမိလာပါတယ်..
သုန်မှုန်နေတဲ့သူမမဟုတ်တော့ဘဲ ရယ်မောနေပြီး ဘ၀ ကိုလက်ခံတတ်လာလို့ထင်ပါရဲ့ ကျွန်တော်ပင် သူမဆီက အားတွေယူယူလာတတ်ပါပြီ....
ကံကြမ္မာရဲ့စပ်ဆော့မှုတွေက သူမနဲ့ကျွန်တော့်ကြား ၅နှစ်ဆိုတာကို ခြားပေးပြီး 2009 ရဲ့ ဇူလိုင် ကျွန်တော့် မိုင်တိုင်၂၄ မှာ ထူးခြားတဲ့ မထင်မှတ်တဲ့ ဆုံစည်းမှုတစ်ခုဖန်တီးပေးခဲ့ပါရဲ့ဗျာ..
ဒီလိုနဲ့ ဆန်းကျယ်တဲ့ လေလှိုင်းတွေကတဆင့် သူမရဲ့ရင့်ကျက်မှု တည်ငြိမ်မှု အောင်မြင်မှုများကို တရှိုက်မက်မက် အားပေးရင်းကျွန်တော်ကိုယ်တိုင်တော့သူမကြောင့် စာတွေလုပ်နေရပါပြီ ....စာကျက်ပျင်းတဲ့ ကျွန်တော်က စာတွေလုပ်နေရပြီး ... စာကိုချစ်တဲ့သူမက တော့ မိုင်တိုင်ကောင်းလေးတွေစိုက်ထူရင်း လောကကြီးကို အလှဆင်နေဦးမယ်ထင်ပါရဲ့....
( ပျော်စေပျက်စေအတိတ်ကိုလွမ်းလို့ ကြည်နူးနိုင်ပါစေ...အားလုံးအတွက် အားလုံးရဲ့မေဇွန်ဖြစ်နိုင်ပါစေ)
ထာဝရ
K.Z.Y

မိုးခါး said...

ဆိပ်ကမ်း ၂၅ ကို ဆိုက်ကပ်သွားပြီလား
တရက်နောက်ကျပြီးမှ ရောက်တယ်
း))
ပျော်ရွှင်ဖွယ် နောက်ထပ် ဆိပ်ကမ်းပေါင်းများစွာမှာ ပျော်ရွှင်မှုတွေ စောင့်ကြိုနေပါစေ စစ်ရေ ..း))

ဂျွန်မိုးအိမ် said...

အမလေး.. စာရေးဆရာ... KZY...
နင်က သေချာကို မှတ်သားထားတာကိုး ..။
ငယ်ငယ်တုန်းကနဲ့တော့ မတူတော့ဖူးလေဟာ.. :D
ငယ်ငယ်ကတည်းက နင်က ငါ့ထက် အများကြီး ရင့်ကျက်ပါတယ်...။
ရင့်ကျက်လွန်းလို့ အမြင်တောင် ကတ်ယူရတယ် မဟုတ်ဖူးလား..။
(ဟီဟိ.. အဲ့ဒီအထဲ ငါက ပါတစ်လှည့် မပါတစ်လှည့်နော်)
နံနက်စောစော ဖုန်းဆက်တဲ့အတွက် ကျေးဇူး!

The Queen said...

နောက်ထပ် မိုင်တိုင်များစွာကိုလည်းအောင်မြင်မှုတွေနဲ့ အုတ်မြစ်ချပြီး စိုက်ထူနိုင်ပါစေ။

ရွှန်းမီ said...

Happy Birthday, dear sis!

ဂျွန်မိုးအိမ် said...

The Queen, မိုးခါးနဲ့ ရွှန်းမီတို့ကို ကျေးဇူးအထူးပါ....။း)

နောက်.....
ကျွန်တော့် ဆရာတစ်ဦးရဲ့ မွေးနေ့ဆုလေးကိုတော့ MEF...ကနေတဆင့်. တလေးတစားနဲ့ကို သိမ်းထားဖြစ်ပါတယ်...း)...။

----------
မိုင်တိုင် ၂၅ ဆိုတာ လူအတော်တော်များများအတွက်
အောင်မြင်မှု ၊ ရင့်ကျက်မှု ၊ တည်ငြိမ်မှု ၊ ငြိမ်းချမ်းမှု အားလုံးကို မျှမျှတတ နဲ့ ဘ၀အတွက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ချိန် ၊ တစ်နည်းအားဖြင့်
ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းစစ်နိုင်တဲ့ ဒုတိယဘ၀ လို့ တောင် ဆိုလို့ ရနိုင်ပါတယ်...
အိပ်မက်ဆိပ်ကမ်းဆိုမှတော့ ပင်လယ်ကြီးကို ကျော်ဖြတ်ရမယ့် ထင်ပါရဲ့ ... လှိုင်းတွေ ၊ လေတွေ ၊ အန္တရာယ်တွေ ၊ စိတ်လှုပ်ရှားစရာတွေ ၊ တည်ငြိမ်နေတယ်ထင်ပြီးမှ ဖောက်ပြန်လာတဲ့ လှိုင်းလေတွေ ၊ အန္တရာယ်ကြီးတဲ့ မုန်တိုင်းကြီးလို့  ထင်ထားပေမယ့် ဘာမှထူးခြားမလာဘဲ တည်တည်ငြိမ်ငြိမ် အနှောင့်အယှက်မရှိ ကျော်ဖြတ်လာခဲ့တာတွေ ကြုံရမှာပေါ့...

ဒီနေရာမှာ လူတော်တော်များများကတော့
ကိုယ်သွားမယ့်လမ်း ကိုယ်က ကပ္ပတိန်ဆိုတော့သတိကြီးကြီးထားပြီး အကောင်းဆုံး လမ်းကြောင်းနဲ့  ညွှန်ကြားမှုတွေကိုလည်း သေချာလုပ်နိုင်ရဲ့ .. တစ်ချို့ ကြတော့လည်း လျော့ ရဲ ရဲ အချိန်တန်ရင် ရောက်မှာပဲလို့  ဆိုပြီး ကြုံသလို ခုတ်မောင်းလာခဲ့တာတွေလည်း ရှိရဲ့ ...
အခု မိုင်တိုင် ၂၅ တောင် ရောက်လာပြီ..
ကိုယ်ရည်မှန်းထားတဲ့ ဆိပ်ကမ်းကို ဟိုးအဝေးကြီးကနေ မပီမပြင်ေ၀၀ါးနေတဲ့ မှန်ပြောင်းလေးနဲ့  ကြည့်နေ စိတ်ကူးလို့ နေတဲ့ အချိန်ကနေ တဖြည်းဖြည်းနဲ့  ပီပီပြင်ပြင် မြင်လာရတော့မယ်..
မိုင်တိုင် တစ်ခု ကျော်လာတိုင်း လမ်းကြောင်းသာ မှန်မယ်ဆိုရင် ပိုပြီး ထင်ရှားလာမယ်.. ပီပြင်လာမယ် မဟုတ်လား...

ဘာပဲဖြစ်ဖြစ်
စိတ်ကူးနဲ့  အမျှော်လင့်ကြီး မျှော်လင့်လာပြီး ရောက်လာတဲ့အချိန်ကျရင် ကိုယ့်ရဲ့  ဆိပ်ကမ်းလေးဟာ ကိုယ်မျှော်လင့်ထားတာထက်ပိုပြီး ကြီးကျယ် ခမ်းနားနိုင်တာလည်း ရှိမယ်.. ဒါမှမဟုတ် ကိုယ်မျှော်လင့်ထားသလောက် မဟုတ်တာမျိုးတွေလည်း ဖြစ်ချင်ဖြစ်လာနိုင်မယ်..

ဘာပဲဖြစ်ဖြစ်ပါ...
ကိုယ့်ဆိပ်ကမ်း ကိုယ်ကပ်နိုင်အောင် အရောက်လာနိုင်ခဲ့တာကပဲ အောင်မြင်မှုပါ အဲဒီအချိန်ကျတော့ အနားယူရင် ၊ ပြုပြင်ထိန်းသိမ်းရင်း ၊ ပိုပြီးကြီးကျယ်ခမ်းနားလာအောင် တည်ဆောက်ရင် မျှော်မှန်းထားတဲ့ အိပ်မက်ဆိပ်ကမ်းမှာ အပီအပြင် ဆိုက်ကပ် နားခိုနိုင်ပါစေ..