16 July 2010

အတွေးအပိုင်းအစများ - ၁

“မျှော်လင့်ချက်…မှာထားသော မျှော်လင့်ချက်”

စောင့်နေတယ်….။

လမ်းလွဲတစ်ချို့နဲ့

လမ်းကွဲတစ်ချို့အတွက်

အချိန်နဲ့ မျှော်လင့်ချက်တစ်ချို့

အလိုက်ပေးရင်းစောင့်နေခဲ့ပါတယ်….။

“မြစ်”

တစ်စင်းထဲ...ပါပဲ...။

အချိန် ကာလအလိုက်

စီးဆင်းတဲ့ ရေတွေသာ မတူတယ်...

မြစ်ကတော့ တစ်စင်းထဲ..... မဟုတ်လား...။

“ဘူတာ”

နရီမှန်မှန် ခရီးသွား….။

လမ်းသလားတဲ့အလုပ် မလုပ်သလို

ဆန်းပြားတဲ့လမ်းလည်း မသွားဖူး

ဒီ ခရီး ဒီ တစ်လမ်းမှန်းသိပေမယ့်

သူကတော့ ဆိုက်ကပ်ထွက်ခွာဆဲ…..။

(စကားချပ်....။ စိတ်ရော လူပါ မအားတာ ကြာပါပြီ....။ ဒီနေ့တော့ စိတ်ရောလူပါ ဖြစ်ချင်ရာဖြစ် ခဏအနားယူရင်း အတွေးတစ်ချို့ စာစီဖြစ်ပါတယ်... ပုံမှန်လေးတောင် အလွဲလွဲ အချော်ချော်ဆိုတော့… တစ်ချို့အချိန်တွေမှာက ဘာမှ မလုပ်ပဲ နေတာ အမှားကင်းမလားဆိုပြီး နေမိတော့ … ဒီ လို ရေးဖြစ်သွားတယ်… လူကတော့ နားတယ်ပေါ့… စိတ်ကတော့ … အနားမရသလိုပါပဲ…. သောကြာည ရယ်….)

(စကားချပ် - ၂..။ အချိန် ရ တဲ့အခါ ရေးဖူးခဲ့တဲ့ စာတိုပေစတစ်ချို့ လိုက်ရှာကြည့်ဖို့ စိတ်ကူးပါတယ်...။ အချိန် ရ ရင် လို့ ပြောပါတယ်..)

1 comment:

မိုးခါး said...

ဘူတာအကြောင်းရေးတာအကြိုက်ဆုံးပဲ ..း)