29 July 2010

အတွေးအပိုင်းအစများ - ၂

“ဘ၀မှာ”
ဘ၀မှာ
ဒီ စကားလုံးတွေကိုပဲ အဖန်ဖန် သုံးနှုန်းရင်း
တစ်ချို့နေရာတွေမှာ အကြိမ်ကြိမ် ကျရှုံး
တစ်ချို့နေရာတွေမှာ ….
ဘ၀ဟာ တစ်ချက်တစ်ချက် ၀င်္ကပါ…
...ဘ၀ဟာ တစ်ချက်တစ်ချက် နေချင်စရာ….။


“ကမ္ဘာကြီး ဘယ်မှာလဲ….”

ကမ္ဘာကြီး ဘယ်မှာလဲ….
ကမ္ဘာကြီးပေါ် ခြေချထားရင်း
လှမ်းမေးလိုက်ပါရစေ….။
ကမ္ဘာကြီး ဘယ်မှာလဲ….
ကျွန်တော်နဲ့ သက်ဆိုင်မယ့်
ကမ္ဘာကြီး ဘယ်မှာလဲ…
ကမ္ဘာကြီး ဘယ်မှာလဲလို့…။
မရယ်ကြပါနဲ့လား…
ငှက်ကလေးတစ်ကောင်ရဲ့
တေးသီသံကြားစေချင်တယ်..
ကမ္ဘာကြီး ဘယ်မှာလဲလို့…။


“မုသားမမြည်သော မုသားများ”

အမေ့ကို သားသမီးကလိမ်တယ်...
သားသမီးကို အမေကလိမ်တယ်....
စကားလုံးတွေ နှုတ်ဖျားက စီးဆင်းတိုင်း
သိသိရက်နဲ့ နှလုံးသားက ငိုကြတယ်...။


(စကားချပ်....။ အောင်ချိမ့်ရဲ့ ပုံပြောသူလေးကို နားထောင်ပြီးတော့ ကမ္ဘာကြီးကို လိုက်ရှာမိတာပါ)

ဆက်စပ်လျက်
အတွေးအပိုင်းအစများ

1 comment:

ဂျွန်မိုးအိမ် said...

http://www.poemscorner.com/post-type/myanmar-poems/4563

just only recorded :D His comment is longer than my thinking but i value it ! :P

ကမ္ဘာကြီး ဘယ်မှာလဲ…တဲ့..
အရမ်းကို ခမ်းနားကြီးကျယ်တဲ့မေးခွန်းတစ်ခုပဲဗျာ…
ဟုတ်တယ်..
ကျနော်ကြားဖူးတယ်..
မေးခွန်းများများမေး…
သိပ္ပံပညာဆိုတာ မေးခွန်းက စတင်ခဲ့တာ…
သူများတွေက လေယာဉ်ပျံ ဒုံးပျံတွေ လုပ်နေခဲ့တာ သိပ်ကြာမြင်နေတာ..
ဗမာပြည်က ကက်ဆက်..ကင်မရာ …ဘောလ်ပင်တောင် မထုတ်နိုင်သေးတာ….
ထားပါ…
မေးခွန်းတွေကို မေးပါ..
လူတိုင်းကို မေးခွန်းတွေ မေးပါ…
မင်းဘယ်မှာလဲ..
ငါဘယ်မှာလဲ…
ပိုက်ဆံဘယ်မှာလဲ..
ပညာဘယ်မှာလဲ…
ဟိုနေ့က ကြည့်တဲ့ ဂျိန်းစ်ဘွန်းကားထဲမှာတော့ ထိုင်းနိုင်ငံသူတွေကိုတွေ့ တယ်…
ဘန်ကောက်မှာ ရိုက်တာဆိုတော့လေ….။
ဒါနဲ့မေးမိတဲ့မေးခွန်းက
ဒီကောင် ဂျိန်းစ်ဘွန်းဆိုတဲ့သူက..
ဘာလို့ ရန်ကုန်မှာ လာပီး ဇာတ်ကားမရိုက်တာလဲ…
ရန်ကုန်သူ ရန်ကုန်သားတွေကို ဂျိန်းစ်ဘွန်းဇာတ်ကားထဲမှာ မြင်တွေ့ ချင်တယ်..။
သူများတွေက အခမဲ့ဆေးပေးခန်း…ဘာညာ….။
လောလောဆယ်..ငါ ဖျားနေတယ်…..
ငါတို့ အခမဲ့ဆေးပေးခန်းက..ဘယ်မှာလဲ…
ဟုတ်တယ်…
မေးခွန်းတွေမေးပါ…
ကမ္ဘာကြီးရယ်..မင်းဘယ်မှာလဲဟင်….
ငါကကော ဘယ်မှာလဲ..မင်းကကော ဘယ်မှာလဲ…
ငါဆိုတာ မရှိရင် ကမ္ဘာကြီးလဲ မရှိတော့ဘူးတဲ့…။
မေးခွန်းကို ချစ်ပါလေ…။

by FOX