CAD user တွေအတွက် အထူးပြဌာန်းထားတဲ့ CP 83 ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ drafting ကို အသုံးပြုတဲ့သူတွေအားလုံးအတွက် uniform ၀တ်စုံ တစ်ခု ပေးလိုက်တာပါပဲ…။ Different User အားလုံးအတွက် Standardisation ဖြစ်ရမယ်၊ Automation ဖြစ်ရမယ် ဆိုပြီးပေါ့…။ ဒီလိုဆိုတော့လည်း သူ့ format ကို သိသွားရင် ဘယ်နေရာရောက်ရောက် ဘယ် drawing ဖြစ်ဖြစ် အလွယ်တကူ ဖတ်နိုင် အသုံးပြုနိုင်ပြီး စနစ်တကျ ဖြစ်သွားတာပေါ့လေ…။ ၄င်းအပြင် drawing တစ်ခုကို different user တွေက အသုံးပြုတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးအကြား ဆက်စပ် နားလည်မှုနဲ့ လည်း အဆင်ပြေစေသလို information တွေ ဖလှယ်တဲ့အခါမှာလည်း လွယ်ကူစေပါတယ်…။
CP 83 မှာ အဓိကအားဖြင့်
PART1: LAYERS
PART2: SYMBOLS
PART3: FILE NAMES
PART4: DRAFTING CONVENTIONS
PART5 COLOUR & LINETYPE ဆိုပြီး အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်…။
CP ရဲ့ uniform ကို ၀တ်ဆင်တဲ့အခါမှာ အထူး ဂရုပြုရမှာကတော့ drawing တစ်ခုလုံးကို visibility အမြင်အရ၊ view အရ စနစ်တကျ ခွဲခြားလိုက်နိုင်တဲ့ Layer (Level) တွေပါပဲ…။ layer naming system အကြောင်း လေ့လာထားရင်တော့ ဘယ် လိုင်းတွေက ဘယ် element ကို ကိုယ်စားပြုတယ် ဆိုတာကို အလွယ်တကူ ဆုံးဖြတ်နိုင်မှာပါ…။
Table 1 မှာ ကြည့်လိုက်ရင် Layer တစ်ခုကို ဘယ်လို နာမည်ပေးထားသလဲဆိုတာ နားလည်လွယ်ပါတယ်…။ ပထမဦးဆုံး ကိုယ့်ရဲ့ field ပေါ့…။ ကိုယ်စားပြုမယ့် originator ဟာ Archi field အတွက်လား၊ Civil field အတွက်လား၊ I.D (interior design) field အတွက်လား..။ ဘာညာသရာကပေါ့…။ သူ့အတွက် စကားလုံးအသုံးပြုရမယ့် limit ကတော့ ၂ လုံး ထဲ ဖြစ်ပါတယ်…။ ဒီ originator တွေ သတ်မှတ်ပုံကိုတော့ Table 2 မှာ ကြည့်နိုင်ပါတယ်…..။
layer တွေကို name သတ်မှတ်တဲ့အခါမှာတော့ တစ်ခုနဲ့တစ်ခု အကူးမှာ “_” ဆိုတဲ့ Underscore ကို အသုံးပြုလေ့ ရှိပါတယ်…။ Originator ပြီးရင်တော့ ဒုတိယအနေနဲ့ Element တွေကို သတ်မှတ်ပါတယ်…။ ဥပမာ Column, Wall, Staircase စတဲ့ member တွေပေါ့..။ ကိုယ် ဆွဲလိုက်တဲ့ မျဉ်းလေးတစ်ကြောင်းဟာ ဘာကို ရည်ညွှန်းသလဲဆိုတာ ချက်ချင်း သိရှိသွားစေနိုင်ပါတယ်…။ Table 3 မှာ ကြည့်နိုင်ပါတယ်…။
ဒုတိယ အနေနဲ့ Drawing တစ်ခုအတွင်းမှာ ရှိနေတတ်တဲ့ Symbols တွေရဲ့ အကြောင်းကို သိထားဖို့ ကြိုးစားမိပါတယ်…။ Symbols လေးတွေ (ဥပမာ- Block အဖြစ် / Group အဖြစ်) အသုံးပြုရတဲ့ အဓိက အကြောင်းရင်းကတော့ File Size ကို ပေါ့ပါးစေတယ်..။ တစ်နေရာမှ တစ်နေရာ အကူးမှာ လွယ်ကူမြန်ဆန်စေတယ်…။ စနစ်ကျတယ်ပေါ့..။ ဒါကတော့ symbols လေးတွေ တစ်ခုချင်းစီရဲ့ အဓိပ္ပါယ်ကို နားလည်ဖို့ ကြိုးစားရမှာပေါ့…။
2D symbols တွေကို အဓိကအားဖြင့်-
1. Architectural Symbols
- Doors
- Windows
- Site and external works
- Plumbing and sanitray fixtures
- Culinary and cleaning equipment
- Landscape and tree planting ဟူ၍လည်းကောင်း
2. Civil and Structural Engineering Symbols
3. Mechanical & Electrical Engineering Symbols
- Air conditioning
- Electrical
- Fire Protection
- Plumbing and sanitary
- Gas ဟူ၍လည်းကောင်း ခွဲခြားထားပါတယ်။ CP83: Part 2 မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။
တတိယတစ်ခု ဖြစ်တဲ့ File Naming System ကတော့ Layer Naming System နဲ့ တူပါတယ်…။ ဥပမာ…
PROJECT ID_AUTHOR_TYPE-OF-WORK_VIEW PLANE_ZONE_VERSION ဆိုပြီး underscore လေးတွေ ခံပြီး နာမည်ပေးရတတ်ပါတယ်…။ နောက်ဆုံးမှာတော့ User-derfined ကို ထည့်ပေးရပါတယ်….။ Format A,B,C အလိုက်တော့ Character အရေအတွက် ကန့်သတ်ချက်တွေ ရှိပါတယ်…။ Project တစ်ခုနဲ့ သက်ဆိုင်တဲ့ ကဏ္ဍ အလိုက် အစီအစဉ်တကျ နာမည်ပေးခြင်းပါပဲ…။
အခြား အရေးကြီးတဲ့အချက်တစ်ချက်ကတော့ Building Industry ကြီးတစ်ခုအတွင်း ဖွဲ့စည်းထားတဲ့ parties တွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ drawing convert လုပ်တဲ့အခါမှာ အဆင်ပြေဖို့ လိုပါတယ်။ Archi, C&S, M&E အစရှိတဲ့ မတူညီတဲ့ အပိုင်းတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့အတွက် common understanding လိုအပ်ပါတယ်။
ဒီအတွက် Drafting Convention မှာ
- Hatch patterns of Material representation
- Drawing sheet sizes
- Title block, Plot Scale and Plot style
- Line type representation နဲ့
- Abbreviations တွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ CP 83: Part 4 မှာ အသေးစိတ် သိနိုင်ပါတယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ ရေးဆွဲထားတဲ့ drawing လက်တွေ့ ထွက်ပေါ်လာတဲ့အခါ စနစ်ကျဖို့လည်း လိုပါတယ်..။ ကိုယ် ဆွဲသားတာ ဘယ်လောက်ပဲ ကောင်းကောင်း…၊ ထွက်လာတဲ့အခါ အချိုးမကျရင်တော့ သိပ်အဆင်မပြေလှဖူးပေါ့…။ Title block လေးတွေရဲ့ အချိုးအဆကိုလည်း Figure 1 မှာ လေ့လာနိုင်ပါတယ်…။
ဆက်စပ်လျက် ကိုယ် ထုတ်လိုက်မယ့် Plot Scale လေးတွေကိုလည်း ပြင်ဆင်ရပါတယ်…။ အခြေအနေ Condition အမျိုးမျိုးအလိုက် မည်သည့်အခြေအနေမှာ မည်သည့် Plot Scale ဆိုသည်ဖြင့် ကွဲပြားခြားနားတဲ့ Plot Scale လေးတွေကို အသုံးပြုရလေ့ ရှိပါတယ်…။ အောက်က Table လေးမှာ လေ့လာနိုင်ပါတယ်…။
နောက်ဆုံး ဂရုပြုရတာကတော့ Layer Color များနဲ့ Linetype, Line weight များပါပဲ….။ အမြင်အားဖြင့် လွယ်ကူစွာ ခွဲခြားဖို့ လိုအပ်သလို Color Dependent ဖြစ်အောင် အသုံးပြုဖို့လည်း လိုအပ်ပါတယ်…။
CAD အတွင်းမှာ အရောင်အမျိုးမျိုးကို အသုံးပြုရတဲ့ အကြောင်းရင်းကတော့ Visual Checking လိုအပ်ချက်အတွက် အဓိက ရည်ရွယ်ပါတယ်။ on-screen မှာ graphical colours တွေ ကြည့်လိုက်ရုံမျှနှင့် လျှင်မြန်စွာ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ပိုင်းခြားဆုံးဖြတ်နိုင်စေရန် ဖြစ်ပါတယ်။ Code တွေမှာတော့ အရောင် အရေအတွက် နည်းနိုင်သမျှ နည်းနည်းနဲ့ ရှင်းရှင်းလင်းလင်း နားလည်အောင် အသုံးပြုနိုင်ဖို့ ရေးဆွဲထားပါတယ်။
ယခင်က CP code submission တင်တဲ့အခါမှာ အခြေခံ အရောင်ဖြစ်တဲ့ RYB အပေါ်မူတည်ပြီး red, yellow, blue color တွေကိုပဲ အဓိက အသုံးပြုခဲ့ပါတယ်...။ နောက်ပိုင်းမှာတော့ visual checking မှာ ပိုပြီးလွယ်ကူလာစေဖို့ red color နေရာမှာ Magenta color (ပန်းခရမ်းရောင်) နဲ့ blue color နေရာမှာ cyan color ကို အစားထိုးခဲ့ပါတယ်။
အောက်ကပုံမှာဆိုရင် အခြေခံအရောင် (၈) ရောင်နဲ့ အခြား alternate color (၆) ရောင်ကို မြင်နိုင်ပါတယ်..။ Color No.7 ဖြစ်တဲ့ white color နဲ့ Color No.8 ဖြစ်တဲ့ grey color တို့ ဟာ ကြားအရောင် "neutral color" တွေဖြစ်တဲ့အတွက် သူတို့ရဲ့ neutral quality ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အောက်က Table မှာဆိုရင် Architectural နဲ့ C&S field မှာ အဓိက သုံးစွဲရတဲ့ color chat နဲ့ M&E field မှာ အဓိက သုံးစွဲလေ့ရှိတဲ့ color chat ကို မြင်နိုင်ပါတယ်။
CP 83: Part 5 ရဲ့ Annex A မှာ သွားဖတ်ရင်တော့ "List of layers, colours and linetype" တွေအကြောင့် အသေးစိတ် သိနိုင်ပါတယ်။
REF:
1) Singapore Standard CP 83 by SPRING SINGAPORE
2) CAD STANDARD by TSANG PUI SUM & BEN THUM
10 comments:
Hello Brother,
Great Post ပဲဗျာ။ အရမ်းကောင်းပါတယ်။
ကျေးဇူးပြုပြီး CP83 Part 1-5 ကို Share လုပ်ပေးလို့ ရနိုင်မလားခင်ဗျာ။
ဖြစ်နိုင်ရင် ayekyawmm@gmail.com ကို ပို့ပေးပါဗျာ။
ကျေးဇူးတင်ပါတယ်
အေးကျော်
၈၄၆၈၄၈၄၄
CP 83 ရဲ့ အနည်းငယ်သော အခြေခံအချက်လေးတွေကို မှတ်သားမိရုံပါ...။ လက်တွေ့လုပ်ငန်းခွင်မှာတော့ တိကျတဲ့ စံနှုန်းတွေနဲ့ အခြား စည်းမျဉ်းတွေ အများကြီး ဖြစ်နေမှာပါ...။ နောက် မေလ်းထဲကို CP စာအုပ် ပို့ပေးလိုက်ပါတယ်...။ ကျွန်တော့် ဘလော့မှာ တတ်နိုင်သမျှ ကော်ပီရိုက်နဲ့ ဆက်နွယ်လာမယ့် အကြောင်းအရာများ မတင်လိုတဲ့အတွက် လင့်ကိုတော့ ဒီမှာ မတင်ပေးတော့ပါဖူး...။ BTW, cbox မှာ (မ)ဂျွန်မိုးအိမ် နဲ့ စကားစမြည်လို့ ရေးထားပါတယ်...။ not brother :)
ကျေးဇူးပြုပြီး ကျွန်တော့်ဆီကို CP 83 စားအုပ်ပို့ပေးနိုင်မလားဗျာ..
ရှာတော့လည်း နောက်က $ Sign တွေနဲ့မှို့ပါ..
zaw.eom@gmail.com ကိုပို့ပေးစေချင်ပါတယ်..
ကျွန်တော် မေလ်းနဲ့ လင့် ပို့ပေးထားပါတယ်...။
nay lin soe
please , can u sent CP 83 Part 1-5 books to me by gmail attachment.
my gmail is naylinsoe87@gmail.com
i am waiting for books.
thanks a lot.
Hello Brother,
Please, Can u send CP83 Part 1-5 to me by gmail attachment?
my gmail is naylinsoe87@gmail.com
thank a lot
nay lin soe
Thanks for your Post. Pls send the CP book by mail. my email address is hhmoethu@gmail.com.
I had already share to you all. sorry for late reply.
:)
Thanks you for the post Miss.It is really helpful.
Could you send this to my mail?
poseidon.mh@gmail.com
Looking forward from you.
pdf ပို့ပေးထားပါတယ်နော်..။
rgd,
jme.
Post a Comment