14 August 2010

Irrawaddy!




Irrawaddy!

Irrawaddy!
Political football replaced to you a new name.
All of our hearts are flowing together with your eternal game.
Historical borders are still talking about the past day.

Our ANGEL,
Irrawaddy!
Artery of Burma.
History of Myanmar.
Homeland of Burma.
Benevolent River of Myanmar.
Time had already changed, and nature also.
But memory is still alive in our brain

[at this photo: The Irrawaddy seen from the banks of Bhamo, My Home Town, during low-water season. I think this photo is older than me :) photo by Barry Broman.]

(REMEMBERANCE : 14 AUGUST 2009)

4 comments:

ဂျွန်မိုးအိမ် said...

I want you to know which name you like?
Irrawaddy or Ayeyarwaddy! :P
Before we go out, her name chaged to Ayeyarwaddy.
After we come back to her, all nature changed.

Maung Maung San said...

ညမအိပ်ဘဲ ရေးထားတာကွ.. ကြိတ်ထားဟ.. :D

ဂျွန်မိုးအိမ် said...

မဟုတ်ပါဖူး...။ မိုးမလင်းခင် ရေးလိုက်တာ...။ :P

ဂျွန်မိုးအိမ် said...

I got this reply from MEF by "phyo", my teacher . so, now just recorded. :P

ဂျွန်မိုးအိမ်ရေ ...
တကယ်တော့ ဧရာဝတီဆိုတာ ပါဠိ လို အမည်ကနေ လာတာပါ အင်္ဂလိပ်လို ရေးမယ်ဆိုရင်တော့ Airavati လို့  ရေးပါတယ်...အဓိပ္ပါယ်ကတော့ Elephant river ပေါ့.......စိတ်ထဲရှိတာပြောရရင် .. မြန်မာသံနဲ့  .ဧရာဝတီလို့  အသံ မထွက်ဘဲ.. အိုင်ရာ.. အိုင်ရာ ဆိုရင် ... နားထဲမှာ တမျိုးကြီးပဲ ... ဘာကြီးမှန်းလဲ မသိဘူး... ဒါပေမယ်လို့  Airavati ကို အသံထွက်ရင်တော့ .... ဘယ်လိုဖြစ်မလဲ မှန်းကြည့်ပေါ့.. မြန်မာတွေ အသံထွက်ကို နိုင်ငံခြားသားတွေမှတ်တဲ့အခါမှာ ဧရာဝတီဆိုတာကို နားနဲ့ ကြားတာ အိုင်ရာဝတီဆိုပြီး မှတ်ခဲ့တယ်ထင်ပါတယ်... သူတို့  အမှတ်ကောင်းလို့  စိန ကို ကျိန လို့  မှတ်ပြီး ပေါက်ဖော်ကြီးတွေတောင် chi na .. နောက်တော့ ချိုင်းနား ဖြစ်သွားတယ်လို့  ဆိုတာကိုး...

ပါဠိလိုဆိုရင်တော့ စိနတိုင်း ဆိုတာ မြေစေးတိုင်းပြည်လေ...

ဒီလိုပါပဲ မြန်မာတွေရဲ့  ဧရာဝတီဆိုတာ ဧရာ= ဆင် ၊ ၀တီ = မြစ် လို့  သူ့ အဓိပ္ပါယ်နဲ့ သူ .. ဒီဧရာဝတီဆိုတဲ့ အမည်က ဘယ်ကတည်းက စတယ်ဆိုတာ မသိပေမယ့် မြန်မာစကားပုံရှိတယ်မဟုတ်လား ဆင်သွားရင် လမ်းဖြစ်တယ်ဆိုတာ..... ပြီးတော့ သတ္တ၀ါတွေအထဲမှာလည်း ဆင်ကအကြီးဆုံးလေ..တန်ဖိုးလည်း အထားကြဆုံး မြစ်တွေထဲမှာလည်း ဧရာဝတီက မြန်မာပြည်မှာ အရေးပါဆုံး ၊ အကြီးဆုံး မြစ်မဟုတ်လား
ဒါကြောင့် ဧရာဝတီဆိုတာကိုလည်း မြန်မာတွေရဲ့  အခေါ်အဝေါ်ဖြစ်မယ်လို့  ယူဆမိတယ်..

ရှေးခေတ်က မြန်မာတွေအတွက် ဆင်ဆိုတာ တန်ဖိုးအထားဆုံး ၊ စစ်ရေးအရဆိုရင်လည်း ဆင်တပ်ဆိုတာ အင်အားအကောင်းဆုံး အဆင့်မြင့်တဲ့ အရေးပါတဲ့ တပ်ဖွဲ့ ကြီးပါ...
ခြေလျင်တပ်သားလေး တစ်ယောက်အဖို့  ဆင်တပ်မှာ အမှုထမ်းခွင့်ရဖို့  ခြေလျင် ၊ မြင်း ၊ ဆင် ဆိုပြီး တော်တော်ကြိုးစားရတယ်လို့ လည်း ဖတ်ခဲ့ဖူးတယ်..
နောက်ပြီး အရှေ့ တောင်အာရှမှ ဆင်တပ်ဆိုတာ မြန်မာတွေက စတယ်လို့  သမိုင်းမှာ ဖတ်ခဲ့ဖူးတယ်..
တရုတ်တွေ မြန်မာပြည်ကို လာတိုက်တော့ ကောင်းတုံဘက်မှာ မြန်မာတွေရဲ့  ဆင်တပ်ကြီးမြင်ပြီး ဖရိုဖရဲ ဖြစ်ခဲ့ရတယ်လို့  ဒေါက်တာထက်အောင်တို့  အဖေ ( ဗန်းမော်ညိုနွဲ့ ) ပြောပြခဲ့တာ နားထောင်ခဲ့ဖူးတယ်..
ဆိုလိုရင်းကတော့ ဧရာဝတီဟာ (အရှေ့ တောင်အာရှနဲ့ ) မြန်မာပြည်မှာ အရှည်ဆုံး နဲ့  အကြီးဆုံးမြစ်ကြီးဖြစ်လို့ လည်း ဧရာဝတီ ( Elephant River ) လို့  ခေါ်ဝေါ်ခဲ့ကြတာလို့  မှတ်ယူလိုက်တယ်..

ဘယ်တုန်းက တိုင်းခဲ့တဲ့ အတိုင်းအတာလည်းတော့ မသိတော့ဘူး drainage area 158700 square miles နဲ့  အရှည်အားဖြင့် 1350 miles တဲ့..
ဘာပဲဖြစ်ဖြစ် Irrawaddy ဆိုတာကိုကမ္ဘာက လွယ်လွယ်ကူကူ သိပြီးတော့ ayeyarwaddy ဆိုတာကတော့ တချို့ ပဲ သိတာလေ...

ကမ္ဘာ့နဲ့ ယှဉ်ပြီး ခေတ်အမြင်နဲ့  ကြည့်ရင် Irrawaddy ကို ပိုသဘောကျပြီး အမျိုးသားရေး ဘာရေးညာရေးတွေအတွက်ကတော့ Ayeyarwaddy ကို သဘာကျတယ်.. ဘယ်ဟာ မှန်မမှန်ဆိုတာ မပြောချင်တော့ဘူး.. ဘယ်ဟာကို ကြိုက်မကြိုက်ဘဲ . ပြောတာက ပိုကောင်းမယ်ထင်တယ်..

ဧရာဝတီအကြောင်းနဲ့  ပတ်သက်လို့  ရှေးဟောင်း မှတ်တမ်းစာအုပ်တွေ ပြန်ရှာရင်တော့ ရှိကောင်းပါရဲ့  ....ခေတ်အမြင်နဲ့  ရေးထားတာလေး ဖတ်ချင်ရင်တော့ စာရေးဆရာ မောင်ဝဏ္ဏ ရဲ့  မြစ်ကြီး ဧရာဝတီဆိုတဲ့ စာအုပ်တစ်အုပ်တော့ ရှိတယ်..

မေခမြစ် ( ဂျိန်းဖော- ရ၀မ် ဘာသာစကားနဲ့ ဆိုရင် ကြမ်းတမ်းခက်ထန်တဲ့မြစ်ပေါ့ ) နဲ့  မလိခ ( နုညံ့သိမ်မွေ့ တဲ့မြစ် ) မြစ် နှစ်ခု ပေါင်းဆုံရာကနေ စတင်မွေးဖွားလိုက်တဲ့  ဧရာဝတီမြစ်ကျောတစ်လျှောက် မြစ်ကို အမှီပြု ကူးသန်းရောင်းဝယ်ရေး ဆောင်ရွက်ကြပုံတွေ ရွှေကျင်ကြ ၊ ကျွန်းမျောကြပုံတွေ အစရှိတဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံပ်ဆောင်ကြပုံတွေ ၊ မြစ်ခွဲ မြစ်လက်တက်တွေမှာ ရေကာတာတွေဆောက် ရေအားလျှပ်စစ်ထုတ်ယူကြပုံ ၊ ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ ရွှေဘိုအပါအ၀င် မြစ်ကမ်းနားရှိ မြို့ကြီးများအကြောင်း၊ ရွှေလီမြစ်၊ ချင်းတွင်းမြစ် အပါအ၀င် ဧရာဝတီမြစ်ထဲ ပေါင်းဆုံစီးဆင်းကြပုံတွေကို ပထ၀ီဆိုင်ရာ အချက်အလက်များနှင့်တကွ အသေးစိတ် ရေးထားပြီးတော့ ရှုခင်းဓါတ်ပုံတွေလည်းပါတယ်..