22 August 2010

Residence in Tsuruhara

တကယ်က အိမ်လေးတွေကို မြင်တဲ့အခါ သူတို့ရဲ့ structure ဖွဲ့စည်းပုံနဲ့ သူတို့ရဲ့ design theme လေးတွေကို လှမ်းကြည့်ချင်မိတာပါ….။ အထူးသဖြင့် အိမ်ကလေးတွေကနေ ပြောနေတဲ့ သူတို့ရဲ့ ဖန်တီးရှင်တို့ရဲ့ ရင်တွင်းစကားတွေနဲ့ အိမ်ကလေးတွေကို ဖန်တီးတဲ့သူတွေကနေ ပြောနေတဲ့ အိမ်ကလေးတွေရဲ့အကြောင်းကို ကူးယူခံစားခွင့်များ ရရှိဖို့ မျှော်လင့်မိပါရဲ့….။



ရိုးရှင်းသော ဂျပန်မိသားစုတစ်စု၏ အိမ်လေးကို လှမ်းကြည့်ရအောင်နော်။


ဒီ အိမ်လေးရဲ့ Plan ကို ကြည့်လိုက်ရင် အိမ်လေးရဲ့ ဗဟိုမှာ မိသားစု ဆုံစည်းတဲ့ Living Room လေးကို မြင်ရမှာပါ။

ရှေ့ Yard လေးကနေ ဧည့်ခန်းလေးသို့အ၀င် level အနိမ့်အမြင့် ကစားထားတဲ့ဟန်၊


ကြမ်းခင်း, နံရံ, မျက်နှာကျက်သို့၏ texture အလိုက်သင့် အပြောင်းအလဲ၊



အလင်းအ၀င်အထွက် အယူအဆနှင့် ရိုးရှင်းသော အိမ်လေးတစ်လုံးဟာ အဘိုးအဘွားတွေရှိတဲ့ မိသားစုလေးတွေ အတွက်ပဲဖြစ်ဖြစ်၊ အေးဆေးငြိမ်သက်မှုကို ခုံမင်တဲ့ မိသားစုလေးတွေ အတွက်ပဲဖြစ်ဖြစ် နှစ်သက်စရာပါ။

ခေတ်ပေါ် အသုံးအဆောင်လေးတွေကို မမြင်ရ၊ ပကာသနမပါ ရိုးရိုးရှင်းရှင်းလေး ဖန်တီးထားမှုဟာ ကျွန်တော်တို့ကို လောဘ၊ ဒေါသ၊ မောဟ တို့ရဲ့ ဝေးရာတစ်နေရာကို ခေါ်ဆောင်သွားသလိုပါပဲ...။ အရှင်းဆုံးသော ပုံစံတစ်ချို့ဟာ ဘယ်ခါမှ ရိုးမသွားဖူးဆိုတာကိုလည်း နားလည်မိစေရဲ့....။


ခြံဝန်းကျဉ်းကျဉ်းလေးဆိုပေမယ့် သပ်ရပ်မှုနဲ့ တည်ငြိမ်နေတဲ့ အိမ်ကလေးဟာ ဆွဲဆောင်မှုရှိနေတာကိုတော့ လက်ခံကြမှာပါ။ ကြမ်းခင်း ဧရိယာ 61.13m² ရှိတဲ့ ဒီ အိမ်ကလေးကိုတော့ Architects ဖြစ်တဲ့ Matsunami Mitsutomo က ဖန်တီးထားပြီး Tsuruhara Izumisano-Shi, Osaka, Japan မှာ ရှိပါတယ်..။ ဒီ အိမ်လေးကို ကြည့်မယ်ဆိုရင် ရိုးရှင်းတဲ့ ဖွဲ့စည်းပုံနဲ့ လေးနက်တဲ့ အယူအဆလေးတွေကို မြင်ရမှာပါ...။

စကားချပ်...။ ။ မတင်ဖြစ်ပဲ ထား ထားတာ တော်တော်ကြာပြီဖြစ်တဲ့ စာပါ..။ ဒီ လ ပိုင်းတော့ အသစ်အသစ်တွေ မရောက်လာနိုင်လို့ အလည်လာသူတွေ မပျင်းအောင်လို့ အဟောင်းတွေ လိုက်ရှာလိုက်ပါတယ် :D...။ အဲ့ဒါနဲ့ ဒီ အိမ်လေးအကြောင်း သွားတွေ့တော့တာပါပဲ....။

2 comments:

နိုးအိမ်ရှင် said...

ရောက်ပါတယ်.. ဂျပန်ပုံစံ အိမ်ကလေး အကြောင်းကို သဘောကျစွာ ဖတ်သွားပါတယ်.... တိုက်တိုက်ဆိုင်ဆိုင် ကျွှန်တော့်ဆီမှာလဲ Architecture in Japan ebook လေး တင်ထားပေးပါတယ်...

khin oo may said...

အိမ်ကလေးလှတယ်။