04 November 2010

ခေတ်သစ် ကျောက်တုံးများ




"ခေတ်သစ် ကျောက်တုံးများ"

လှမ်းတာလား
စမ်းတာလား...။

လှမ်းသလိုလို
အစမ်း ပိုပို...။

ကျော်ချက် ခွချက်
အော်ချက် ဟချက်။

အရွှေ့တစ်ခုမှာ
ပျောက်ဆုံးသွားတဲ့
စိတ္တဇနာမ်တစ်ချို့ထဲ
ချစ်ခြင်းတရားတစ်ချို့ ပါသွားတယ်...။

အိမ်ကလေးကတော့
အဝေးမှာ
တဖြည်းဖြည်းကျန်...။

(စကားချပ် - ၁။ ။
ထွေထွေထူးထူး မဟုတ်ပါဖူး...။ ဒီလိုပဲ အချိန်တွေကို သုံးသပ်ကြည့်မိတယ်...။
ဘ၀မှာ ဖြတ်သန်းရတဲ့ stepping stone တွေ သိပ်များကြတယ် မဟုတ်လား..။
ဦးနှောက် အရင်းအနှီး၊ ငွေအရင်းအနှီး၊ စိတ်ဓါတ် အရင်းအနှီးတွေ...။
နောက်ဆုံးတော့.. အရာရာဟာ မှေးမှိန်ကျန်ခဲ့ရမှာပါပဲ...။
ဒါပေမယ့် ဖြတ်သန်းကြရဦးမယ်လေ... )

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုံထဲက ကျောက်တုံးက ချစ်စရာတောင် ကောင်းသေးတော့တယ်
ချစ်ခြင်းတရားအချို့ပါသွားတဲ့ စိတ္တဇနာမ်အတွက် စိတ်မကောင်းဖြစ်မိတယ်..
တစ်ခါတစ်လေကျတော့ ကိုယ်လိုချင်တာနောက်ကိုလိုက်ရင်း ကိုယ်တန်ဖိုးထားရတဲ့ အရာတွေကို ဆုံးရှုံးလိုက်ရတယ်..
ပြန်ရတာနဲ့ ပေးလိုက်ရတာ တန်ရဲ့လားလို့ ပြန်စဉ်းစားမိတော့ အရာရာလွန်ခဲ့ပြီ.


မချော

ဂျွန်မိုးအိမ် said...

ဟုတ်တယ်နော်...။
တစ်ခါတစ်လေကျတော့ ကိုယ်လိုချင်တာနောက်ကိုလိုက်ရင်း ကိုယ်တန်ဖိုးထားရတဲ့ အရာတွေကို ဆုံးရှုံးလိုက်ရတယ်..။
ဦးနှောက် အရင်းအနှီး၊ ငွေအရင်းအနှီး၊ စိတ်ဓါတ် အရင်းအနှီးတွေ...အပြင်
လူ အချင်းချင်း stepping လုပ်တာတွေ..၊ တန်ဖိုးထားမိတဲ့အရာတွေကို နင်းတက်ရတာတွေ..၊ ဥပေက္ခာပြု ချန်ခဲ့ရတာတွေ..။
ကျွန်တော်တို့တွေရဲ့ ဘ၀မှာ ခေတ်သစ် ကျောက်တုံးတွေ သိပ်များလာတယ်....မဟုတ်လား...။

ချစ်ခင်စွာ
ဂျွန်မိုးအိမ်

မိုးခါး said...

သွားရင်းသွားရင်း နီးပဲလာမလား ဝေးပဲသွားမလား ... မသိသေးပါဘူးကွာာာ