15 December 2010

ကျားကွက် ကစားသူများ




"ကျားကွက် ကစားသူများ"

အဖြူ နဲ့ အမည်း
နှစ်ကွက်ထဲပဲ။

တစ်ကွက်ချင်း ခပ်မြန်မြန် ခပ်သွက်သွက်ခုန်
တစ်ကွက်ကျော် step by step ခုန်
အတိုးအနှုတ်တော့ သေချာဖို့ လိုတယ်။

သူများအိမ်ကို ၀င်ဖို့
ကိုယ့်အိမ်ကနေတော့
စနစ်တကျ ထွက်ရမယ်။

ထွက်ပြီးရင်တော့
ဘယ်ခါမှ
နောက်ပြန် လှည့်မကြည်နဲ့ပေါ့။

သူ့မာယာ ကိုယ်လည်းသိ
ကိုယ့်မာယာ သူလည်းသိတဲ့
ကျားပွဲတွေ
ရင်ခုန်ဖို့တော့ ကောင်းဆဲပဲ။

ဂျွန်မိုးအိမ်
၁၅ ဒီဇင်ဘာ ၂၀၁၀

8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

စစ်တုရင်ကို မဆော့တတ်ပေမဲ့ ကျားတော့ ကစားတတ်တယ်
ဦးနှောက်သုံးပြီး ကစားရတာ၊ မျက်စိလျင်ရတာမို့ သဘောကျတယ်..
ဒါပေမဲ့ မာယာမများတတ်လို့လား မသိ
အမြဲတမ်းရှုံးတယ်.. ဟိဟိ
ညံ့တာကို ၀န်မခံဘူး..း)
မာယာများသူ ၊ ကွက်ကျော်မြင်သူ အနိုင်နဲ့ စားစတမ်းလေနော်..

ဂျွန်မိုးအိမ် said...

ဟုတ်တယ်နော်...။
တစ်နေရာကနေ တစ်နေရာကို သွားနေရတဲ့ ဘ၀ခရီးမှာ ဘယ်အိမ်ကိုသွားမယ်ဆိုတာ အရေးကြီးသလို ဘယ်လိုသွားမယ်ဆိုတာလဲ အရေးကြီးတယ်လေ..။ အထူးသဖြင့် ကျွန်တော်တို့ အိပ်မက်တွေ အကောင်အထည်ဖော်မယ့် လုပ်ငန်းခွင်တွေကို ရွေးချယ်ရင်ပေါ့...။

ရွှန်းမီ said...

အဖြူအမည်းကွက်နဲ့ အကောင်လေးတွေကို သရုပ်ဖော်ထားပုံလေး ကြိုက်တယ်.. ပုံရော ကဗျာရော အတွေးကောင်းလေးတွေပေးတယ်..

Cheers, sis!
Merry Christmas & Happy New Year!

ဂျွန်မိုးအိမ် said...

Thanks :)

Bebedores do Gondufo said...

Very good.

မိုးခါး said...

ထွက်ပြီးရင်တော့
ဘယ်ခါမှ
နောက်ပြန် လှည့်မကြည်နဲ့ပေါ့။

ကြိုက်တယ် .. ကဗျာကိုရော နောက်ပြန်မကြည့်တတ်တဲ့ သဘောကိုရော ..း)

အဖြူရောင်နတ်သမီး said...

ကျားကစားရာမှာ အကွက်မှားရင် အစားခံရမယ်....တဲ့
အမကတော့ သူငယ်ချင်းတွေနဲ့ ကျားကစားတိုင်း နိုင်ရင် ငြိမ်နေတယ်..
ရှုံးရင် ပွဲဖျက်ပြီး လစ်ပြေးတော့တာပဲ..
အစားခံရမှာဆိုးလို့..
:P

ဂျွန်မိုးအိမ် said...

:OMG အစားခံရဲဝူးပေါ့..။ ဒါဆို... :P
ဒါဆို ဇယ်တောက်ရင်ရော သူများ ဇယ်ကို အင် ကြဖူးလားမသိ။
ကျား ကစားတာတော့ မသိဖူး.။ ဇယ် တောက်ရင်တော့ ကျွန်တော် အပျင်းဆုံး အလုပ်က သူများ ဇယ်ကို အင် ထားရတာပဲ။ အရှုံးသာ ခံလိုက်တော့မယ်။ အင် ချင်ဝူး။ ဒီတော့ အတူ ကစားတဲ့သူတွေက ဆဲကြရော :D/ ကျားကစားရင်တော့ ကိုယ်ကလည်း ကျွေး သူများဟာလည်း စားရဲတယ်။ ခုတော့လည်း ကစားနည်း အစုံနဲ့ ဝေးကွာတာ သိပ်ကြာပေါ့..။ :P