31 December 2010

Happy New Year 2011

Happy New Year

နှုတ်ဆက်လိုက်ကြပါစို့
Bye Bye 2010 ရေ ...

ပြန်မဆုံဆည်းခြင်းမျိုး နဲ့
ထားရစ်ခဲ့ကြမယ် ..

ဝမ်းနည်းပျော်ရွှင်မှု
လွမ်းဆွတ် တမ်းတမှု
ကြမ်းတမ်း ချောမွေ့မှု
ဖြတ်သန်းခဲ့သမျှ
ဘ၀ရဲ့ လှည့်ကွက်များစွာ
ကျောခိုင်းချန်ထားခဲ့ကြမယ် ..

နှစ်သစ်ကို လှမ်းမဲ့ခြေလှမ်းသစ်တွေ
လန်းဆန်းမှုတွေ ဖြစ်ပါစေ
စိတ်သစ် လူသစ် နဲ့ အဟောင်းတွေ
လွှတ်ပစ်ခဲ့ကြမယ် ..

စက္ကန့်တံလေးတွေ နဲ့ လိုက်ပြေးနေတဲ့
ရင်ခုန်သံတွေ နဲ့ ပျော်ရွှင်စွာ
ကြိုဆိုလိုက်ကြပါစို့ ...

Welcome 2011 ရေ
ပျော်ရွှ့င်အေးချမ်းမှု များစွာသာ ယူဆောင်လာပါစေ ...

Saung Yine

ကြိုဆိုပါတယ် နှစ်သစ်

ပြေးနေတဲ့ နာရီ သံတွေ နောက်
လိုက်လျှောက်နေကြတဲ့ ဘ၀ တွေ
ထွေပြားတာတွေလည်း ရှိတယ်
ပျော်ပါးတာတွေ လည်းရှိတယ်

ဒီဇင်ဘာ ရဲ့ နှင်းပွင့်လေး တွေ နဲ့ အတူ
ပျော်ရွှင်မှုတွေ ကျဆင်းလာပါစေ
အေးချမ်းမှုတွေ ကျဆင်းလာပါစေ

ဒီဇင်ဘာရဲ့ လေညှင်းတွေ နဲ့ အတူ
ဝမ်းနည်းမှုတွေ သယ်ဆောင်သွားပါစေ
စိတ်သုဉ်းမှု တွေ သယ်ဆောင်သွားပါစေ

တကယ့်ပျော်ရွှင်စွာ ကောင်းတဲ့
နှစ်သစ် ဖြစ်ပါစေ ..

ဆောင်းရိုင်း

[စကားချပ်။ ။ နှစ်သစ်အမှီ လက်ဆောင်ရတဲ့ ကဗျာ... ။ တကယ်ကို ၀မ်းနည်းပျော်ရွှင်မှု၊ လွမ်းဆွတ် တမ်းတမှု၊ ကြမ်းတမ်း ချောမွေ့မှု ၊ ဖြတ်သန်းခဲ့သမျှ ဘ၀ရဲ့ လှည့်ကွက်များစွာကို ကျောခိုင်းချန်ထားခဲ့ဖို့ မျှော်လင့်ပါတယ်။ မကြာခင် စတင်တော့မယ့် ခြေလှမ်းများစွာအတွက် 2011 ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ နောင် တစ်နှစ်မှာ ပြန်သုံးသပ်နိုင်အောင် ကြိုးစားရပါဦးမယ်..။ ကြယ်တွေကြွေ တိမ်တွေလွင့် ၊ နာရီများစွာ ရာသီများစွာ ဖြတ်သန်း၊ ဘ၀ရဲ့ ဓါတ်ခွဲခန်းအဖြေတွေလဲ ပြောင်းလဲလာခဲ့မှာ သေချာတယ်…………။

ဂျွန်မိုးအိမ်]

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy New Year !
နှစ်သစ်ကိုကြိုဆိုကြိစို့....း)
ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေ...
နေ့ရက်တိုင်း ကြည်လင် ရွှင်လန်းပါစေ..
ဆန္ဒအားလုံး ပြည့်ဝပါစေနော်..

စကားမစပ်..
ဘလော့က နေရာပြောင်းလိုက်တဲ့ အတွက် လင့်က ပိုစ့်တွေ Update မတက်တော့ဘူး ဖြစ်နေလို့ ဖြုတ်ချပြီး ပြန်ချိတ်ပေးပါနော်..
လိပ်စာတော့ အရင်အတိုင်းပါဘဲ.. မပြောင်းဘူး အသစ်တစ်ခါ ပြန်ချိတ်မှ ပိုစ့်တွေက update တက်လာမှာမို့လေ... ကျေးဇူးနော်


ချော(အစိမ်းရောင်လွင်ပြင်)