25 January 2011

အစိမ်းရောင် နေ့စွဲတစ်ချို့

အစိမ်းရောင် နေ့စွဲတစ်ချို့

အရောင်တွေ ...။

များလွန်းပါရဲ့
ရေမြေတွေ ခြားခဲ့လို့လား
မြင်မြင်သမျှ အစိမ်းနဲ့ ယှက်တယ်။

လမ်းတွေက အစိမ်းသက်သက်
အိပ်မက်တွေကလည်း မနိုးတစ်ဝက်
ရှေ့ကိုပဲ ဆက်ရမလား
နောက်မှာပဲ ထွက်ခဲ့ရမလား
တစ်ချိန်က တွေးခဲ့ဖူးတယ်။

ငွေ အစိမ်း
အမွေ အစိမ်း
ရင်ခွင် အစိမ်း
အမြင် အစိမ်း
အတွေးတွေတောင် စိမ်းတယ်။

အသစ်အဆန်းမို့ စိမ်းတာလား
နှစ်တမ်း မကြာသေးလို့ စိမ်းတာလားကွယ်
မြင်မြင်သမျှ အစိမ်းနဲ့ ယှက်တယ်။

အစိမ်းသက်သက် လမ်းများမှာလျှောက်
အိပ်မက်ထဲမှာ ပန်းတစ်ချို့ကောက်ရင်း
မနားတမ်းတော့ ရှေ့ဆက်နေမိဦးမယ်။

ဂျွန်မိုးအိမ်
25 January 2011

[ စကားချပ်။....။
ဖြတ်သန်းခဲ့ဖူးတဲ့ ရက်စွဲတစ်ချို့ကို လှမ်းကြည့်မိတယ်။
ဝေေ၀၀ါးဝါး စိမ်းစိမ်းကားကား ထင်ထင်ရှားရှား ပေါ့ပေါ့ပါးပါး လေးလေးပင်ပင် ထဲထဲဝင်ဝင်..။
အချိန်တစ်ချို့ကို ရဲ့ ခံစားမှု အဖုံဖုံ ရသ အစုံစုံကို ဆိပ်ကမ်းတစ်ထောက်မှာ မှတ်တမ်းထားခဲ့ရုံ ...
နောက် စမ်းသပ်ကွင်းတစ်ချို့အကြောင်း မှတ်မှတ်ရရပေါ့..]

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလောက်စိမ်းနေတာ ကိုယ့်ဘလော့ အစိမ်းရောင်လွင်ပြင်မှတ်တယ်..း)
ကိုယ်က အစိမ်းကို အသေကြိုက်။ အစိမ်းရောင်က ဘ၀ရဲ့ အမှတ်တရပေါ့လေ။

ဂျွန်မိုးအိမ် said...

ဟီး.. အဲ့လိုလည်း မဟုတ်ပါဖူး..
ဒီတလော ခံစားရတာတစ်ချို့ ပုံတူ ကူးလိုက်တာ.. ဒီအတိုင်း ထွက်လာလို့..။ အမြဲ လည်လည်လာလို့ ကျေးဇူးတင်ပါတယ် စစ်း)

မိုးခါး said...

အစိမ်းရောင်ကို စိမ်းလန်းခြင်းလို့ အဓိပ္ပါယ်ကောက်လိုက် စစ် ... ငြိမ်းချမ်းသွားအောင် ..

အစပိုင်း စိမ်းပေမယ့် နောက်တော့ ရင်းနှီးလာလိမ့်မပေါ့ ..း)