20 January 2011

Snow in the air....


‎- လေထုထဲမှာ နှင်းတွေ တဖွဲဖွဲ ကျနေတာက တေးသွားလေးတစ်ချို့ ယိမ်းနွဲ့နေသလို...။

- လေထုထဲမှာ နှင်းတွေ တဖွဲဖွဲကျနေတာဟာ ကောင်းကင်ကြီးက ကျွန်တော်တို့ရဲ့ အချိန်တွေကို မောင်းနှင်သွားသလို..။

- လေထုထဲမှာ နှင်းတွေ တဖွဲဖွဲ ကျနေတာဟာ အေးခဲနေတဲ့ တိမ်ထုကြီးဆီ...ကမဟုတ်ပဲ အချိန်ရာသီ ဖြတ်သန်းနေကြောင်း ပြောနေသလို...။

- လေထုထဲမှာ နှင်းတွေ တဖွဲဖွဲ ကျနေတာဟာ ဇန်န၀ါရီ နေ၀န်းအောက်မှာ မျှောလွင့်နေတာမဟုတ်ပဲ ထူးခြားအံ့ဖွယ် ဖြစ်ရပ်တစ်ခုလိုလို...။

- လေထုထဲမှာ နှင်းတွေ တဖြည်းဖြည်း လွင့်ပါးတော့မယ်..။
ဒါပေမယ့် နောင်တစ်နှစ် ထပ်ရောက်လာဦးမယ်လေ..။

- ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှင်းတွေကို နှုတ်ဆက်ရတော့မယ်......။

Special Remembrance to one of my nyimalay HEINLAY @ MEF

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းတွေကို နှုတ်ဆက်ရမှာ နှမြောနေတယ်လားဟင်..
ဟုတ်တယ် တို့လည်း နှင်းတွေကိုသိပ်ချစ်တာ..
ဒီမှာတော့ မနက်ခင်းတိုင်း နှင်းမှုန်မွှားလေးတွေကျတာ ချစ်ဖို့ကောင်းတယ် အေးလိုက်တာလည်းအရမ်းဘဲ..
ဒါပေမဲ့ ဒီရာသီကိုကြိုက်တယ်.. ဘယ်ရာသီနဲ့မှ မတူအောင်ကို ကြိုက်တာ
နှင်းတွေသွားရင် ပူပြင်းတဲ့နွေရောက်လာတော့မယ်..
သူ့ကိုတော့ မုန်းတယ်..
နှင်းလိုအေးချမ်းပါစေ မိုးအိမ်..

zue said...

ကိုယ်တို့ နှင်းတွေကို အကြိမ်ကြိမ်အခါခါ နှုတ်ဆက်ပြီးပြီနော်..
အချိန်တွေက တိုက်စားတာ မြန်လိုက်တာ...
အချိန်တွေနဲ့ အတူ... ပျော်ရွှင်ပါစေ..