13 April 2011

နှစ်ကူး အတွေး



Happy Myanmar New Year to u all! :)




ဘာရယ် မဟုတ်ဖူး..။
၂၀၁၁ သင်္ကြန်ဆိုတာကို နည်းနည်း အမှတ်ရချင်လို့။
မတူညီသော သင်္ကြန်တွေမှာ တူညီတဲ့အကြောင်းအရာတွေက
ပိတောက်ရယ် ၊ ငု ပန်း ရယ်၊ ဥသြရယ် ၊ နွေဦးရယ် ၊ အတာရယ် ၊ ...
အများကြီး ရှိမယ်ထင်တယ်..။
ဒီလောက်ပဲ တွေးလိုက်ပါတယ်...။

နွေ ပိတောက်
တစ္ဆေ ခြောက်သလို
တစ်ခေါက် အရောက်

နွေ အတွေး
တွေဝေ ဆွေးသလို
လေ ထဲ ပျောက်..။

တဒင်္ဂလေးပါပဲ
ပိတောက် တစ္ဆေခြောက်....

ဂျွန်မိုးအိမ်


ဘယ်သူရေးခဲ့မှန်း မမှတ်မိတော့ဖူး...။ နှစ်ကူးဆိုတာ စိတ်ကူးတွေကို ပိုပြီးသေချာအောင် ဆုတောင်းရတယ်ဆိုရင် ဒီဆုတောင်းလေး ပြည့်စေချင်တယ်...။

"ကျွန်တော်တို့ရဲ့ ကမ္ဘာ"

ကြီးမြတ်တဲ့ ရူးသွပ်မှုနဲ့
မျှော်လင့်စိတ်ကူးများတောက်ပ
ငါ့ဝိညာဉ်ရဲ့ မိုးကုတ်စက်ဝိုင်းတလျှောက်။



ဆက်စပ်လျက်
- ပိတောက်ဆုတောင်း
- ပိတောက်ရယ် မင်း ရက်စက်လှချည့်

4 comments:

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး ခံစားရင်း ရေလောင်းသွားတယ် အကိုရေ..
ဗွမ်းးးး:):)
မင်္ဂလာရှိသောနှစ်သစ်လေး ဖြစ်ပါစေအကို။

ညီသူအိမ် said...

ရေလောင်းသွားပါ၏
ညင်ညင်သာသာပါပဲ
ဗုန်း ဒိုင်း ဗွမ်း ဗွမ်းဗွမ်း :DDDD

မိုးခါး said...

စိတ်ကူးနဲ့ ရေလောင်းရတဲ့နှစ်တွေ ဘယ်နှစ်နှစ်ရှိနေပြီလဲတောင် မသိတော့ဘူး ..း)

အဖြူရောင်နတ်သမီး said...

နောင်နှစ်ကျရင် စိတ်ကူးနဲ့မလောင်းနဲ့တော့...
လက်တွေ့လောင်းနိုင်ဖို့ အကောင်အထည်ဖော်နိုင်ပါစေ...လို့ ဆုတောင်းပေးရင်း...နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...။