11 June 2011

26 လက်ဆောင် -3

ပြတင်းပေါက် တစ်ချပ်ကနေ
လှမ်းကြည့်မိတဲ့ ကျွန်တော်……
သူ့အတွေးအခေါ်တွေကို
လေးထောင့်ဘောင်ထဲ ခတ်မိတဲ့အခါ….
ကိုယ့်ကိုယ်ကို ခပ်ဆဆသာ
ညံ့ဖျင်းမိကြောင်း ၀န်ခံဖို့ဝန်မလေးခဲ့ဘူး။

ဆုံးရှုံးမှု့ထောင့် တစ်နေရာကနေ
ငေးကြည့်မိတဲ့ ကျွန်တော်….
သူ့ အောင်မြင်မှု့တွေအတွက်
ကံတရားကြောင့်လို့ အမှတ်မှားမိတဲ့အခါ
ကိုယ့်ကိုယ်ကို စိတ်ပျက်စွာ
နုံအ မိကြောင်း ၀န်ခံဖို့ ၀န်မလေးခဲ့ဘူး။

စိတ်ဓါတ်ကျတာ ရှိမယ်လို့
ကျွန်တော် မယုံရဲခဲ့ဘူး…
ဝမ်းနည်းတတ်လိမ့်မယ်လို့လည်း
ကျွန်တော် မထင်တတ်ခဲ့ဘူး…
ချစ်ခြင်းတွေကော ခိုအောင်းနေမယ်လို့
ကျွန်တော် မမျှော်လင့်ခဲ့ဘူး…
ဒါပေမဲ့ ကျွန်တော်အတွေးတွေက
ရာခိုင်နှုန်းတော်တော်များများလွဲခဲ့တယ်။

ကျွန်တော်တို့မမြင်နိုင်တဲ့အနာဂတ်အတွက်
သူ့မှာပြင်ဆင်ပြီးသားအနာဂတ်တစ်ခုရှိလိမ့်မယ်
ကောင်းမွန်သော မြင့်မြတ်သော ဖြူစင်သော
ခရီးတစ်ခုအဖြစ်ဖန်တီးဖို့
သူ့မှာခွန်အားတွေ အမြဲစီးဆင်းပါစေ။
ပိုင်ဆိုင်ချင်သော အနာဂတ်အတွက်
ကြိုတင်ပြင်ဆင်ထားသလို
ဖန်တီးမှုန်းချယ်နိုင်ပါစေ။


Happy Birthay ပါ ညီမလေး ရေ။ ဒီတစ်နှစ်တော့ ကဗျာ တစ်ပုဒ် လက်ဆောင်ပေးနိုင်ပါတယ်။လွဲနေကျအတိုင်း ရေးထားတာတွေ လွဲနေဦးမယ်ထင်တယ်။...း) ပျော်ရွင်ပါစေ ညီမလေးရေ။

-နေညို (MEF) -

စကားချပ်။ ။
အတိုင်းအတာတစ်ခုအထိ နားလည်ပေးတဲ့ မနေညိုကို ကျေးဇူးး)

No comments: