စကားချပ် - ၁
မနှစ်တုန်းက ရေးထားခဲ့တာပါ...။ ရေးပြီးတော့ မတင်ဖြစ်ခဲ့ဖူး...။ ဒီတလော ပြောစကား သိပ်နားမထောင်ချင်တဲ့ ညီမလေးအကြောင်း ခဏခဏ တွေးမိမှပဲ ဒီကဗျာလေးကို သတိရဖြစ်တယ်..။ တစ်ခါတစ်ခါ မသက်ဆိုင်တဲ့ မာနတွေ သိပ်ကြီးတဲ့ ညီမလေး...၊ ကျွန်တော့်ထက် အရာရာ ပိုတော်ချင်တဲ့ ညီမလေး၊ ...... အစ်မ နှစ်ယောက်ဆိုတာ သူ ပိုင်တဲ့ သက်ရှိပစ္စည်းလို့ပဲ မြင်တတ်တဲ့ ညီမလေးကို သတိရမိတုန်းကပေါ့...။
စကားချပ် - ၂
ဇွန်လ တစ်လလုံး ယောင်ချာချာနဲ့ အလုပ်များလိုက်တာ...။ စမ်းသပ်ကွင်းတစ်ချို့ကို သွားဖို့ ရွေးချယ်မိလိုက်တော့ နောက်လကစပြီးတော့ လုပ်စရာတွေ ပိုများ၊ လေ့လာစရာတွေ ပိုများလာမယ်ထင်တယ်...။ ဒီလိုနဲ့ပဲ နှစ်တစ်ခုရဲ့ အလယ်အပိုင်းအခြားကို ရောက်ရှိခဲ့ပြန်တယ်တဲ့လား.....။
စကားချပ် - ၃
ပြန်တွေးကြည့်မိတော့မှ လုပ်ငန်းခွင်က ပြတင်းတံခါးများကိုလည်း စိတ်ဝင်တစား လိုက်ကြည့်ချင်ပါသေးတယ်...။ ဒီတလောတော့ ဖြစ်နိုင်မယ် မထင်ပါ....။ တစ်ချိန်တစ်ခါတော့... ဖြစ်လာမည်လား....။

4 comments:
အလင်းသစ် ဖတ်ရှုအားပေးခဲ့ပါတယ်ဗျာ။။။
ပြတင်းတံခါးတွေဖွင့်ဖွင့်ကြည့်မိတာကြာတော့လည်း
အနာဂတ်တွေ အသက်မဲ့သွားသလိုဖြစ်ဖြစ်မိသွားတယ်...
ဘာလို့ဆို နောင်တ ဆိုတဲ့ လိုက်ကာလေးတွေချချပြီး ရပ်တည်မိနေလို့ (ကျွန်တော့်ကို ကျွန်တော်ပြောတာပါ)
ဘာပဲပြောပြော ညီမလေးအတွက် စကားလက်ဆောင်ကဗျာလေး က အတော်တာသွားမယ်ထင်ပါတယ်ဗျာ....
သန့်စင်နဲ့ လေပြည်ညင်းလေးတွေ မိုးအိမ်ရဲ့ ညီမလေးဆီ အရောက် တိုးဝင်နိုင်ပါစေ....
လှလိုက်တာ...
ကဗျာစာသားတွေကော..
ပြူတင်းပေါက်လေးနဲ့လည်း ပနံရတယ်..
Post a Comment