11 June 2011

Display 26


3 miles away from home, now the time of "Display 26".


မိုင်တိုင် ၂၄

ဘယ်ကစပြီး ဘယ်ကို သွားမှာလဲ
မိုင်တိုင်ပေါင်းများစွာ… တစ်ခုပြီး တစ်ခု ဖြတ်သန်းရင်း
ဘယ်အရာကိုမှ တစ်မျှော်တစ်ခေါ် မလွမ်းချင်ပေမယ့်
ကျက်စားရာ စားကျက်တစ်နေရာနဲ့
စိုက်ပျိုးရာ ပန်းတစ်ခင်းအပေါ်မှာ
စာလုံးပေါင်းတွေ အကြိမ်ကြိမ် မှားနေခဲ့မိတာပါ….
ကျဲလိုက်တဲ့ ကြယ်အစင်းပေါင်းများစွာရယ်
ရိတ်သိမ်းရဦးမယ့် ကြယ်အစင်းပေါင်းများစွာရယ်
ဘယ်အချိန် စကားလုံးတွေ သွေးတိတ်နိုင်မှာလဲ
ခံတပ်တစ်ခုလို တည်ဆောက်မိတဲ့ စကားလုံးများ
ဝေးလွင့်တိမ်စိုင်တွေကို ရွာသွန်းစေတဲ့ စကားလုံးများ
ခါးသက်သက် နားလည်မှုတစ်ချို့ကို ဆေးကြောရင်း
စကားလုံးပေါင်းများစွာနဲ့
ဘ၀ကို ခဏခဏ ရေသောက်ဆင်းခဲ့မိတာပါ..
ခုတော့.. တဖြည်းဖြည်း…..
မကြေငြာဘဲ တိုက်ရတဲ့ စစ်ပွဲတွေ
ဘ၀မှာ များ, များလာခဲ့……..
ဆက်သွယ်မှု ဧရိယာပြင်ပမှာ
နေသား ကျ, ကျလာခဲ့………
အိပ်တန်းပြန် အိပ်မက်သက်သက်များ
ရင်ထဲမှာသာ ၀,၀ လာခဲ့ရတာ…
မိုင်တိုင် ၂၄ မှာ……….။


ဆိပ်ကမ်း ၂၅

ည!
မတူညီတော့တဲ့
အလွမ်းပြန့်ကျဲည။
လ ရှိ မရှိလည်း မသိ
ကြယ် ရှိ မရှိလည်း ငါ မသိ
ညဟာ ညအဖြစ်တော့ အစစ်အမှန်
အတွေးကသာ အစစ်အမှန်မှန်း
ငါ ကိုယ်တိုင် မသေချာတာပါ...။
ည!
ဝန်းကျင်ဟာ လင်းလင်းကျင်းကျင်းနဲ့
အရိပ်တွေလည်း မစောင်းလည်း
ပတ်ဝန်းကျင်က အရောင်တွေပြောင်းခဲ့သလို
ခင်းကျင်းလိုက်တဲ့ အိပ်မက်တစ်ချို့
အလိုက်အထိုက် နေရာတွေပြောင်းတယ်။
ည!
မိုင်တိုင် ၂၄ ညတွေမှာ
စိတ်ကူးခြင်း
တမ်းတခြင်း
မျှော်တွေးခြင်း
ရေးဖွဲ့သီကုံးခြင်း
ဆန္ဒဘောင်အတွင်း ကိုယ့်အမြီးကိုစွပ်
လမ်းလျှောက်တတ်စ ကြွက်တစ်ကောင်လို
ဘ၀ကို ငွေ့ရည်ဖွဲ့တယ်....။
ည!
ဆိပ်ကမ်း ၂၄.၅ ညတွေမှာ
စီးမျှောနေတဲ့ လှေလည်း
တောရောက် တောင်ရောက်
ဖြတ်သန်းနေတဲ့ ခရီးလည်း
တောမှောက် တောင်မှောက်
ပြန်သွားလို့မရတဲ့ ဆိပ်ကမ်းအစဆီက
ထပ်တူမကျနိုင်တဲ့ ဆန္ဒတစ်ချို့ရယ်
ဖြုတ်သိမ်းလိုက်ရတဲ့ အိပ်မက်တွေရယ်
မေ့ထားခဲ့တယ်...။
ည!
မိုင်တိုင် ၂၅ ညတွေမှာ
ဘ၀ဟာ နေ့မှာဆို
ယန္တရားဆန်ဆန်ဇာတ်ကွက်တစ်ချို့ ဖန်တီးပြီး
ညရောက်တဲ့အခါ
စိတ်ကူးတစ်ချို့နဲ့အတူ လေထုထဲကနေ ထိုးထွက်တယ်။
ဒီည!
မိုးကြိုတေး တစ်ပုဒ်ကိုဆိုချင်တဲ့
ဖားတစ်ကောင်လိုပဲ
ကိုယ် ဖြတ်သန်းမယ့်
မိုင်တိုင်တစ်ခုကို လှမ်းကြည့်မိတယ်
ဘာမှတော့ မမြင်မိဖူး
ဆုပ်ကိုင်ထားတဲ့ အိပ်မက်ကတော့
ဆိပ်ကမ်းတစ်ခုဆီ စီးမျှောဆဲပဲ......။


"Display 26"

WAY
way for where
WHERE
where is there
THERE
there can know
KNOW
know to love
LOVE
love for life
LIFE
life of way
WAY
is a moment
called
a DISPLAY 26
with
missing mind & me.

လမ်းလေးတစ်ခု
ဘယ်မှာလဲ
ဘယ်သူသိမှာလဲ
နှစ်လိုစွာ
နေထိုင်တဲ့ဘဝ
တစ်ခဏ
ပြပွဲ ၂၆
လွမ်းတဲ့စိတ်နဲ့
ငါ..။

ဂျွန်မိုးအိမ်

ဆက်စပ်လျက်...။

ဆိပ်ကမ်း ၂၅

မိုင်တိုင် ၂၄

No comments: