တစ်ပုဒ် ၂၀
ငါးပုဒ် ၁၀၀
အပုဒ် ၄၀ဆို စာမေးပွဲအောင်တယ်။
အပုဒ် ၂၀၀
“သင့်အား ဤ ဘွဲ့ဂုဏ်ထူးအား ထိုက်တန်စွာ ချီးမြင့်လိုက်သည်”
ခေါ်သံတွေ အော်သံတွေ
ဂုဏ်ယူဝမ်းမြောက်စွာ။
ပြည့်စုံသွားပြီလား
ပြည့်စုံသွားပြီလား
ပြည့်စုံသွားပြီလား။
မဟုတ်ပါဖူး
ပြည့်စုံခြင်းဆိုတာကို မသိခဲ့တာပါ
သြော်… ဆောရီး
သိခွင့်မရခဲ့တာ ဖြစ်မယ်။
စာရွက်ပေါ်မှာ ဘ၀ကို ရေးခြစ်ထားတယ်။
စာရွက်ပေါ်မှာ ဘ၀ကို ရေးခြစ်မှားတယ်
စာရွက်ပေါ်မှာ ဘ၀ကို ရေးခြစ်သွားတယ်။
တံခါးပိတ်ထားတဲ့ အသိတရားများနဲ့
ဆင်ခြင်ဥာဏ်မရှိတဲ့ နှလုံးသား
ရေပေါ်ဆီ ရေပေါ်စား။။
လမ်းကြောင်းပေးတာ မသေချာခဲ့လို့လား။
သေချာတာကတော့
ကျွန်တော် ရှုံးနိမ့်ခဲ့ပါတယ်
တစ်ဘ၀လုံးမှာ။
-ဂျွန်မိုးအိမ်-

စကားချပ်။ ။
အမြဲတမ်း လေ့ကျင့်ယူတဲ့ အလေ့အကျင့်တွေထဲမှာ မည်သည့်အခြေအနေမှာပဲဖြစ်ဖြစ် မိမိကိုယ်ကို ကျေနပ်နေစေဖို့ပါ။ တကယ်ကိုလည်း ကိုယ် မွေးဖွားခဲ့တဲ့ ပတ်ဝန်းကျင်၊ ရှင်သန်ခဲ့ရတဲ့ အသိုင်းအ၀ိုင်း၊ ပိုင်ဆိုင်ခဲ့ရတဲ့ ဘ၀အစိတ်အပိုင်းတွေအတွက် မိဘ နဲ့ မောင်နှမ ၊ ဆွေမျိုးတွေကို အမြဲ ကျေးဇူးတင်ပါတယ်။ သို့ပေမယ့် တစ်ခါတစ်ရံတော့လည်း -
လူငယ်ပီပီ အလွဲသုံးစားလုပ်ခဲ့မိတဲ့ အချိ န် အနည်းငယ်အတွက်...
အလဟသ ဖြစ်စေခဲ့ဖူးတဲ့ နုပျိုတဲ့၊ လတ်ဆတ်တဲ့၊ သစ်လွင်တဲ့၊ သန့်ရှင်းတဲ့ နှလုံးသားရဲ့ အချိန်တစ်ချို့အတွက်...
ဖြုန်းတီးပြီးဖြစ်တဲ့ စုပ်ယူနိုင်စွမ်း မှတ်သားနိုင်စွမ်း အကောင်းဆုံးဖြစ်နေတဲ့ ဦးနှောက်ရဲ့ အချိန်တစ်ချို့အတွက် ...
ပြန်တွေးမိရင် နာနာကျင်ကျင်ပါ...။ အနည်းငယ်သာ ဖြုန်းတီးခဲ့တယ်လို့ ဖြေသိမ့်နိုင်ပေမယ့် အချိန်ဆိုတာ နှမျှောစရာလေ...။ နောင်တစ်ချိန်တစ်ခါမှာ အချိန်လေးအနည်းငယ်အတွက် ညီမလေးကို ကိုယ့်လို နောင်တ မဟုတ်တဲ့ နာကျင်မှုတွေ မရစေဖို့ပဲ ဆုတောင်းမိပါရဲ့....။
You may like:
My Little February

1 comments:
အချိန်တွေကို ဖြုန်းခဲ့တယ်ဆိုတာ ငယ်တုန်းတော့ နားမလည်ခဲ့ဘူး
အသက်ကလေး ရလာတော့မှာ ကောင်းကောင်းနားလည်လာတော့တာဘဲ
ဒီအချိန်မှာ နောက်ကျနေပြီ
ပြင်မရတော့ဘူး
Post a Comment